ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ဂျိန်းဖောင်ဒါ လော့စ်အိန်ဂျလိနေအိမ် အရောင်းအဝယ်စာချုပ်ချုပ်လိုက်ပြီ

ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ဂျိန်းဖောင်ဒါ လော့စ်အိန်ဂျလိနေအိမ် အရောင်းအဝယ်စာချုပ်ချုပ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
6 Dec 2017 11:39 am တွင် တင်ခဲ့သည်
2711 ကြိမ် ကြည့်ရှု့ပြီး
ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် မင်းသမီးကြီး ဂျိန်းဖောင်ဒါသည် တေးထုတ်လုပ်သူ၊ သူ၏ခင်ပွန်းဟောင်း ရစ်ချတ်ပယ်ရီနှင့် အတူနေထိုင်ခဲ့သည့် လော့စ်အိန်ဂျလိနေအိမ်အတွက် ယခုအခါ ဝယ်လက်တွေ့ပြီ ဖြစ်သည်။

လော့စ်အိန်ဂျလိ၏ နာမည်ကျော် ဘီဗာလီဟေးလ်အရပ်တွင် တည်ရှိပြီး အိပ်ခန်း ၃ ခန်း ပါဝင်သည့် ယင်းနေအိမ်ကို တနင်္လာနေ့က အရောင်းအဝယ်စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

အပြီးသတ် အရောင်းအဝယ်ဖြစ်သွားသော ဈေးနှုန်းကို မသိရသေးချေ။
နောက်ဆုံး ဈေးကွက်တင်ခဲ့သည်မှာမူ ကန်ဒေါ်လာ ၁၀ သန်းအောက် ဖြစ်သည်။

ဂျိန်းဖောင်ဒါသည် ယခုအခါ အသက် ၇၉ နှစ်အရွယ်ရှိပြီဖြစ်ပြီး “Grace and Frankie” အမည်ရှိ ဟာသဇာတ်လမ်းတွင် မကြာသေးမီကမှ ပါဝင်သရုပ်ဆောင်ထားခဲ့သည်။
ဂျိန်းဖောင်ဒါနှင့် ခင်ပွန်းဖြစ်သူ မစ္စတာပယ်ရီတို့ လမ်းခွဲခဲ့ကြပြီးနောက်ပိုင်း ယခုနှစ်စပိုင်း ဇန်နဝါရီလတွင် ဂျိန်းဖောင်ဒါက အဆိုပါနေအိမ်ကို ကန်ဒေါ်လာ ၁၂ ဒသမ ၉၉၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့သည်။
ရောင်းမထွက်သောကြောင့် နောက်ပိုင်းတွင် ကန်ဒေါ်လာ ၃ သန်းအထိ ဈေးလျှော့ပေးခဲ့သည်။

၎င်းတို့စုံတွဲသည် အဆိုပါနေအိမ်ကို ၂၀၁၂ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်ပြီး နေအိမ်ပေါင်း ၃၀ ကျော် ကြည့်ရှုခဲ့ကြသည့်အနက် ယခုနေအိမ်ကို ရွေးချယ်ဝယ်ယူခဲ့ကြခြင်းဖြစ်ကြောင်း မစ္စဖောင်ဒါက ပြောကြားသည်။
“ဒီအိမ်ကို တစ်ချက်ကြည့်မိတာနဲ့ ကျွန်မသိလိုက်တယ်။ ဒါဟာ ကျွန်မတို့ ပျော်ရွှင်စွာနေထိုင်နိုင်ကြမယ့် နေရာတစ်ခုဖြစ်တယ်ဆိုတာ..” ဟု ဂျိန်းဖောင်ဒါက ဆိုသည်။

ဝယ်ယူခဲ့စဉ်က ကန်ဒေါ်လာ ၇ ဒသမ ၂၉ သန်းပေးခဲ့ရကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။ဘီဗာလီဟေးလ်တွင် နာမည်ကျော်တို့ အခြေချရာ Trousdale Estates အရပ်တွင် တည်ရှိသည်။

ကြမ်းခင်းဧရိယာမှာ စတုရန်းပေ ၇၁၀၀ ကျယ်ဝန်းပြီး အိပ်ခန်း ၅ ခန်းပါဝင်ကာ ပင်လယ်ပြင်ရှုခင်းများ တမျှော်တခေါ်ကြည့်ရှုနိုင်သည့် မြင်ကွင်းကောင်းများရှိကြောင်း ဈေးကွက်တင်သည့် Coldwell Banker Global Luxury ကုမ္ပဏီမှ အကျိုးဆောင်ဖြစ်သူ ဂျိတ်ဒ်မေးလ်စ်က ပြောကြားသည်။

ပင်မနေအိမ်တွင် ဓာတ်လှေကား၊ မီဒီယာခန်းမ၊ အားကစားလေ့ကျင့်ရေးခန်းမ၊ အိမ်တွင်းရုံးခန်းတို့ရှိပြီး နေအိမ်ပြင်ပတွင် ရေကန်တစ်ခု၊ နားနေဆောင်တစ်ခုနှင့် ဥယျာဉ်တစ်ခုတို့ ပါဝင်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ဂျိန်းဖောင်ဒါ လော့စ်အိန်ဂျလိနေအိမ် အရောင်းအဝယ်စာချုပ်ချုပ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ဂျိန်းဖောင်ဒါ လော့စ်အိန်ဂျလိနေအိမ် အရောင်းအဝယ်စာချုပ်ချုပ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ဂျိန်းဖောင်ဒါ လော့စ်အိန်ဂျလိနေအိမ် အရောင်းအဝယ်စာချုပ်ချုပ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ဂျိန်းဖောင်ဒါ လော့စ်အိန်ဂျလိနေအိမ် အရောင်းအဝယ်စာချုပ်ချုပ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ဂျိန်းဖောင်ဒါ လော့စ်အိန်ဂျလိနေအိမ် အရောင်းအဝယ်စာချုပ်ချုပ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ဂျိန်းဖောင်ဒါ လော့စ်အိန်ဂျလိနေအိမ် အရောင်းအဝယ်စာချုပ်ချုပ်လိုက်ပြီ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

imyanmarmarket
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service