အိမ်ငှါးနေထိုင်သူတွေအတွက် အိမ်ငှါးရမ်းခတွေနဲ့ အိမ်ပိုင်တစ်ခုဖြစ်လာနိုင်အောင် ပြုလုပ်ပေးမယ့် အစီအစဉ်ကို ဆန်းမြတ်ထွန်းဆောက်လုပ်ရေးက စတင်အကောင်အထည်ဖော် ပြုလုပ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
အိမ်ခြံမြေအကျိုးဆောင် ကိုမျိုးမင်းက ‘ ဒီလိုလုပ်ပေးတယ်ဆိုတော့လဲ တော်တော်ကို ကောင်းတယ် ၊ အခုခတ်က အိမ်ပိုင်တစ်လုံးရဖို့ ဆိုတာက လွယ်တာမဟုတ်ဘူး ၊ အခုလို အိမ်ငှါးခပိုက်ဆံတွေကို တစ်လချင်းသွင်းလို့ ရနိုင်မယ်ဆိုရင်တော့ အဆင်ပြေနိုင်မယ် ၊ သူတို့ ဆောက်လုပ်ရေဘက်ကနေလဲ ဘယ်လိုစနစ်တွေနဲ့ ရောင်းမယ်ဆိုတာ သေချာတော့ မသိသေးဘူး ၊ ဆိုတော့ တကယ်သာ သေသေချာချာနဲ့ အိမ်ငှါးတဲ့ပိုက်ဆံနဲ့ တစ်လချင်းသွင်းပြီး ဝယ်နိုင်တယ်ဆိုရင်တော့ တော်တော်ကို အဆင်ပြေတယ် ‘ လို့ ပြောပါတယ်။
သည်လိုမျိုး အိမ်ငှါးခတွေနဲ့ အိမ်ပိုင်တစ်ခု ဖြစ်လာနိုင်ဖို့ကို ဆောက်လုပ်ရေးက ပြုလုပ်ပေးမယ်ဆိုပင်မဲ့ ဘယ်လိုစနစ်တွေနဲ့ ရောင်းချပေးမယ်ဆိုတာတော့ အတိအကျမသိသေးဘူးလို့ သိရပါတယ်။ ရန်ကုန်မြို့မှာဆိုရင် နယ်ကနေတက်ပြီး အလုပ်လာရောက်လုပ်ကိုင်သူတွေအတွက် ကတော့ အိမ်ငှါးနေထိုင်ကြတာများတာဖြစ်ပြီး သည်လိုလူတွေအတွက် အိမ်ပိုင်တစ်ခု ရနိုင်ဖို့ ခက်ခဲပါတယ် ။သည်လို ရောင်းချမယ်ဆိုရင်တော့ အကုန်လုံးအတွက် အဆင်ပြေနိုင်မယ်လို့ သိရပါတယ် ။
သင်္ဃန်းကျွန်းမှာ နေထိုင်တဲ့ ဒေါ်ခိုင်ခိုင်မော်က ‘ အဲဒီလိုလုပ်မယ်ဆိုရင်တော့ ပျော်တာပေါ့ ၊ ဒါပေမဲ့ အန်တီတို့က အခုငှါးနေတာ ၁၀၀,၀၀၀ ၊ ၁၅၀,၀၀၀ လောက်ပဲ ရှိတယ်ဆိုရင်တော့ တကယ်လို့ သူတို့ ဘက်ကနေ ရောင်းတယ်ဆိုရင်လဲ အဲဒီဈေးနဲ့ ရောင်းတယ်ဆိုရင်လဲ အဆင်မပြေနိုင်ဘူး ၊ အဲဒီတော့ သူ့ဘက်ကိုယ့်ဘက် အဆင်ပြေနိုင်တဲ့ ဈေးတစ်ခုနဲ့ ရောင်းမယ်ဆိုရင်တော့ အဆင်ပြေနိုင်မယ်ထင်တယ် ၊ အိမ်ပိုင်တစ်ခုရဖို့ဆိုရင်တော့ အကုန်လုံးအတွက်တော့ အဆင်ပြေနိုင်မယ်ထင်တယ် ‘ လို့ ပြောပါတယ်။
သည်လို ရောင်းချနေတဲ့ စနစ်တွေနဲ့ ဝယ်ယူချင်တဲ့သူတွေအနေနဲ့ သူတို့တတ်နိုင်တဲ့ ဈေးနှုန်းတစ်ခုနဲ့ ရောင်းချမယ်ဆိုရင်တော့ အဆင်ပြေနိုင်ပြီး တစ်လကို ၁၀ သိန်းကျော် လောက်သွင်းပြီး ဝယ်ယူရမယ်ဆိုရင်တော့ အဆင်မပြေနိုင်ဘူးလို့ သိရပါတယ်။ လက်ရှိအိမ်ငှါးတွေ နေထိုင်နေတဲ့ တိုက်ခန်းတွေ ။ အိမ်တွေရဲ့ ငှါးရမ်းခက ၁၀၀,၀၀၀ ကနေစပြီးရှိတာကြောင့် သည်ထက် အများကြီးမပိုတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချမယ်ဆိုရင် အဆင်ပြေနိုင်မယ်လို့ သိရပါတယ်။
ဆောက်လုပ်ရောင်းချမယ့် ဆောက်လုပ်ရေးဘက်ကတော့ ရောင်းချမယ်ဆိုတာသာ ပြောထားပြီး ဘယ်လိုသွင်းရမယ်ဆိုတာတော့ ပြောပြထားခြင်းမရှိသေးဘူးလို့ သိရပါတယ်။
Credit: The Kumudra