ယခုဘဏ္ဍာနှစ် ရှစ်လအ တွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန် ဒေါ်လာ ၄ ဒသမ ၇ ဘီလီယံ ကျော် ခွင့်ပြုပေးထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော် မရှင် အတွင်းရေးမှူး ဦးအောင် နိုင်ဦးက ပြောသည်။
မြန်မာနိုင်ငံသား ရင်းမြှုပ်နှံ မှုသည် ကျပ်ဘီလီယံ ၂,၈၀၀ ကျော်ရှိပြီး နိုဝင်ဘာအတွင်း ခွင့်ပြု ခဲ့သည့် လုပ်ငန်းများသည် စိုက်ပျိုးရေးကဏ္ဍ၊ အိမ်ရာအဆောက်အ အုံကဏ္ဍ၊ စက်မှုကဏ္ဍ၊ လျှပ်စစ် ကဏ္ဍ၊ ဟိုတယ်ခရီးသွားကဏ္ဍ နှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့ ပါဝင်ကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။
နိုဝင်ဘာအတွင်း ခွင့်ပြုခဲ့ သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တွင် စက်မှုကဏ္ဍ၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးကဏ္ဍ၊ လယ် ယာကဏ္ဍ၊ မွေးမြူရေးနှင့် ရေ လုပ်ငန်းကဏ္ဍတို့ ပါဝင်ကြောင်း ၎င်းက ပြောသည်။ အလုပ်အကိုင် အခွင့်အလမ်း ၇,၀၀၀ ကျော်ဖန် တီးပေးနိုင်မည်ဟု ၎င်းက ဆို သည်။
ပြည်ထောင်စုအစိုးရက တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုး ရများ အစီအစဉ်ဖြင့် ကန်ဒေါ်လာ ငါးသန်း (ကျပ်သန်း ၆,၀၀၀) အထိ ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြု ပေးနိုင်ရန် စီစဉ်ခဲ့သည်။
ထိုအစီအစဉ် စတင်ချိန် ဩဂုတ်မှ ဒီဇင်ဘာ ၄ ရက်အထိ ရန်ကုန်တိုင်းအစိုးရက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၂၂ သန်းကျော် ခွင့်ပြုခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
စင်ကာပူ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကိုရီးယားသမ္မတ နိုင်ငံ၊ တိုင်ပေ၊ ဟောင်ကောင်၊ ဂျပန်နှင့် မလေးရှားတို့မှ ရင်းနှီး မြှုပ်နှံမှုများဖြစ်ကြောင်း ရန်ကုန် တိုင်းအစိုးရ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Credit: 7Daydaily