MM Myanmar ကုမ္ပဏီကို စင်ကာပူSHC ကုမ္ပဏီ သို့ လွှဲပြောင်းပေး၍ စင်ကာပူ စတော့အိတ်ချိန်းတွင် စာရင်း ကုမ္ပဏီအဖြစ် ၀င်ရောက်မည်ဟု FMI ကုမ္ပဏီက ဒီဇင်ဘာ ၁ ရက် တွင် သတင်းထုတ်ပြန်သည်။
အဆိုပါလွှဲပြောင်းမည့် MM Myanmar ကုမ္ပဏီကို FMI ပိုင် ဆိုင်သည့် Yoma Strategic Holdings (YSH)နှင့် Exemplary Venture Ltd(EVL)တို့ အကျိုး တူပိုင်ဆိုင်ခြင်းဖြစ်ပြီး ပိုင်ဆိုင် သည့်ရှယ်ယာအားလုံးကို စင်ကာ ပူကုမ္ပဏီသို့ လွှဲပြောင်းကုမ္ပဏီ နာမည်ပြောင်းကာ စင်ကာပူ စတော့အိတ်ချိန်းတွင် ရှယ်ယာအ သစ်များရောင်းချမည်ဟု ဆို သည်။
စင်ကာပူစတော့အိတ်ချိန်း တွင် စာရင်းဝင်ရန်နှင့် ရှယ်ယာ ရောင်းချရန် SHC ကုမ္ပဏီနှင့် Memories Group ဟုပြောင်းလဲပြီး ဒီဇင်ဘာ ၅ ရက်၌ စင်ကာပူစတော့အိတ်ချိန်းတွင် စာရင်းဝင်ရောက်မည်ဟု FMI က ဆိုသည်။ ထိုနာမည်ပြောင်းလိုက် သည့် စင်ကာပူကုမ္ပဏီတွင် FMI ကုမ္ပဏီ ဥက္ကဋ္ဌ ဦးသိမ်းဝေက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ် ကြောင်း FMI ကဆိုသည်။
‘မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံမှုများထပ်မံ ၀င်ရောက်လာစေရန် အထောက် အကူပြုမည်ဖြစ်ကြောင်း’ဦးသိမ်းဝေက ပြောကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ FMI ကုမ္ပဏီသည် စင်ကာပူ ကုမ္ပဏီ SHC တွင်ရှယ်ယာ ၁၃ ဒသမ ၆ ရာခိုင်နှုန်းပိုင်ဆိုင်မည် ဖြစ်သည်။
Memories Group ၏ ကန ဦးလုပ်ငန်းများသည် ပုဂံရှိ Ba-lloons over Bagan နှင့်အင်းလေး ရှိ Balloons over Inle, Pun Hlaing Lodge ဟိုတယ်၊ Hpa An Lodge ဟိုတယ်၊ Asia Holiday ခရီးသွားလုပ်ငန်းနှင့်အ ခြားခရီးသွားလုပ်ငန်းအဆောက် အအုံတစ်ခုဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါ MM Myanmar ကုမ္ပဏီသည် Yoma Strategic Holdings (YSH)နှင့် EVL က ရှယ်ယာ ၆၃ ဒသမ ၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။
Credit: 7Daydaily