ကျပ်ငွေ (၁.၂) ဘီလီယံကျပ်ကျော် ရောင်းချနိုင်ခဲ့သော Pinlon Village Residences အထူးအရောင်းပြပွဲ

ကျပ်ငွေ (၁.၂) ဘီလီယံကျပ်ကျော် ရောင်းချနိုင်ခဲ့သော Pinlon Village Residences အထူးအရောင်းပြပွဲ - Property News in Myanmar from iMyanmarHouse.com
5 Dec 2017 10:45 am တွင် တင်ခဲ့သည်
2813 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ မြောက်ဒဂုံမြို့ နယ်ရှိ Pinlon Village Residences အထူးအိမ်ရာအရောင်းပြပွဲကို ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက် နှင့် (၃) ရက် နေ့များတွင် City Mall ဈေးဝယ်စင်တာတွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပြပွဲ ၂ ရက်အတွင်း ပထမဆုံးဝယ်ယူသူများအတွက် ကျပ်သိန်း (၁၅၀) အထိ သက်သာခွင့်နှင့် အထူး ငွေချေမှုပုံစံ (၃) မျိုးဖြင့် ရောင်းချပေးခဲ့ရာ ကျပ်ငွေ (၁.၂) ဘီလီယံကျပ်ခန့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

Pinlon Village Residences ကို Universal Construction မှ တည်ဆောက်လျှက်ရှိပြီး ၎င်းဆောက်လုပ်ရေးကုမ္ပဏီသည် ရွှေဟင်္သာကွန်ဒိုနှင့် ပင်လုံဆေးရုံတို့ကိုလည်း တည်ဆောက်ခဲ့သည်။

“Pinlon Village Residences ဟာဆိုရင် မြောက်ဒဂုံ ၊ တောင်ဒဂုံ ၊ တောင်ဥက္ကလာ ၊ သင်္ဃန်းကျွန်း နှင့် သုဝဏ္ဏ မြို့ နယ် တို့ရဲ့  လမ်းဆုံလမ်းခွမှာ တည်ရှိတာကြောင့် သွားလာရလွယ်ကူပါတယ်။ တိတ်ဆိတ်အေးချမ်းစွာနေချင်သူတွေအတွက် ဆိတ်ငြိမ်ရပ်ကွက်တွင် တည်ရှိပြီး လုံးချင်းအိမ်မှာ နေရသကဲ့သို တူညီသောခံစားမှုမျိုးရရှိမှာ ဖြစ်ပါတယ်။ အရမ်းစိမ်းစိုသာယာလှတဲ့Landscaping နဲ့  Condo Facilities လည်း အပြည့်အစုံ ထည့်သွင်းပေးထားပါတယ်။ ” ဟု Universal Construction မှ CEO ဖြစ်သူ ကိုကောင်းမြတ် မှ ပြောကြားခဲ့
သည်။

Pinlon Village Residences ကို (၅) ဧက ကျယ်သော ဂရမ်မြေပေါ်တွင် ဆောက်လုပ်ထားပြီး Phase (1) တွင် အဆောက်အဦး (၇)လုံး နှင့် Phase (2) တွင် အဆောက်အဦး (၃)လုံး ပါဝင်မှာ ဖြစ်ပါတယ်။ Phase (1) မှ အခန်းများကို ၂၀၁၈ ဇွန်လတွင် သော့အပ်မှာဖြစ်ပြီး Phase (2) မှ အခန်းများကို ၂၀၁၈ ဒီဇင်ဘာလမှာ သော့အပ်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ iMyanmarHouse.com မှ ကြီးမှူးကျင်းပတဲ့ Pinlon Village Residences အထူးအရောင်းပြပွဲမှာ ဝယ်သူတွေ အဆင်ပြေအောင် ငွေချေမှု ပုံစံ (၃) မျိုး စီစဉ်ထားပေးပါတယ်။ Company နဲ့ တိုက်ရိုက်ဝယ်ယူချင်တဲ့ သူတွေအတွက် Down payment ကို ညှိနှိုင်းပေးပြီး အတိုးမပါ ၂ နှစ်အထိ အရစ်ကျပေးချေနိုင်ပါတယ်။ KBZ Bank နဲ့  ချိတ်ဆက်ဝယ်ယူချင်သူတွေ အတွက် ၆ နှစ် အထိ အရစ်ကျ ပေးချေနိုင်မှာဖြစ်ပြီး AYA Bank နဲ့  ဝယ်ယူချင်သူတွေ အတွက်ကတော့ ၁၀ နှစ်အထိ အရစ်ကျ ပေးချေနိုင်မှာ ဖြစ်ပါတယ်" ဟု ပွဲစီစဉ်ကျင်းပသော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ မန်နေးဂျင်း ဒါရိုက်တာ ဖြစ်သူ ဦးနေမင်းသူ မှ ဖြည့်စွက်ပြောကြားခဲ့သည်။

Universal Construction သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်မှ (၁၇) ရက်နေ့အထိ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူးကျင်းပမည့် သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုံးကုန်ပစ္စည်းအရောင်းပြပွဲကြီးတွင် Gold Sponsor အဖြစ် ပါဝင်ပြသ ရောင်းချမည်ဖြစ်ကြောင်းလည်း သိရသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကျပ်ငွေ (၁.၂) ဘီလီယံကျပ်ကျော် ရောင်းချနိုင်ခဲ့သော Pinlon Village Residences အထူးအရောင်းပြပွဲ - Property News in Myanmar from iMyanmarHouse.com
ကျပ်ငွေ (၁.၂) ဘီလီယံကျပ်ကျော် ရောင်းချနိုင်ခဲ့သော Pinlon Village Residences အထူးအရောင်းပြပွဲ - Property News in Myanmar from iMyanmarHouse.com
ကျပ်ငွေ (၁.၂) ဘီလီယံကျပ်ကျော် ရောင်းချနိုင်ခဲ့သော Pinlon Village Residences အထူးအရောင်းပြပွဲ - Property News in Myanmar from iMyanmarHouse.com
ကျပ်ငွေ (၁.၂) ဘီလီယံကျပ်ကျော် ရောင်းချနိုင်ခဲ့သော Pinlon Village Residences အထူးအရောင်းပြပွဲ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

Royal Theikdi Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service