ယနေ့ခေတ် တိုက်ခန်းအရောင်းအဝယ်လုပ်ရာတွင်လည် အိမ်ခြံမြေအရောင်းအဝယ် လုပ်သကဲ့သို့ ဝယ်ယူသူတွင် စိတ်ညစ်စရာများနှင့် ကြုံကြရလေ့ရှိသည် ။မကြာသေးမီကာလက ဘာအံမြို့မှ မိတ်ဆွေတစ်ယောက်သည် ၊ ရန်ကုန်မြို့တွင် ကိုယ်ပိုင်အိမ်ဝယ်၍ အေးချမ်းစွာ အနားယူလိုသဖြင့် တိုက်ခန်း တစ်ခန်း ဝယ်လိုကြောင်း ကျွန်ပ် အား ရှာပေးရန် အကူအညီတောင်းပါသည်။
ဆက်သွယ်ရေးကောင်း၍ရောင်းမည့်မြေကွက်စာရင်း Viber မှပို့
ထို့ကြောင့် ရန်ကုန်မြို့၌ ကျွန်ုပ်နှင့် ရင်းနှီးကျွမ်းဝင်သော အိမ်ခြံမြေအကျိုးဆောင်များထံတွင် ဖုန်းဆက်ပြီးစုံစမ်း ရတော့သည် ။လက်ရှိအခြေအနေ၌ ရန်ကုန်မြို့ရှိတိုက်ခန်းများမှာ ဝယ်ယူသူရှားပါးလှသည်ကိုတွေ့ရသည် ။ ကျွန်ုပ်နှင့် ဆက်သွယ်လိုက်သည့် အိမ်ခြံမြေအကျိုးဆောင်များမှာ ရောင်းမည့်တိုက်ခန်း အများအပြားရှိကြောင်း တည်နေရာအနေအထားနှင့် တကွ ၊ တိုက်ခန်းအမျိုးအစား တိုက်ခန်းဓါတ်ပုံ/ကာလပေါက်ဈေး တန်ဖိုးများကို Viber မှ တစ်မျိုး ၊ ဖုန်းဖြင့်တစ်သွယ် ‘ မက်ဆေ့ ခ်ျ ’ ပို့၍တစ်ဖုံ ဈေးနှုန်းမျိုးစုံဖြင့် အသိပေးအကြောင်းကြသည် ။
မျှော်မှန်းသည်ထက် ဈေးကများ ၊ ကန်တော့ဆွမ်းပါခင်ဗျာ
ပို၍ ထူးဆန်းသည်မှာ ရောင်းမည့်တိုက်ခန်းများပြားလွန်သော်လည်း ၊ ဈေးနှုန်းများက ဝယ်သူမျှော်မှန်းသည့် ဈေးနှုန်းထက်များလွန်းနေသည်ကို တွေ့ရသည်။ သို့အတွက် ဝယ်သူက ယင်သို့ ဈေးနှုန်းကြီးမြင့်သော တိုက်ခန်းများကိုဝယ်ရန် ထုံ့နှေးသွားသည် ။ သို့အတွက် စဉ်းစားပါရစေ ဦး ‘ ဟုသာ စကား လှအောင်ပြောပြီး အိမ်ခြံမြေ အကျိုးဆောင်များကို နှစ်သိမ့်လိုက်ရသည် ။
ပွဲစားမပါ အွန်လိုင်းပေါ်မှာ တိုက်ခန်းရှာ
နည်းလမ်းသစ်ရှာသည့်အနေဖြင့် အွန်လိုင်းပေါ်တွင် တင်ထားသော မြေနှင့်တိုက်ခန်း ဈေးနှုန်းများနှင့် နေရာအနေအထားများကို Facebook မှ တစ်ဆင့်ရှာဖွေကြည့်ရာ ၊ သင်္ဃန်းကျွန်းမြို့နယ် ၊ သုဝဏ္ဏ လမ်းဆုံအနီးတွင် တိုက်ခန်းတစ်ခန်း ရောင်းရန်တင်ထားသည်ကိုတွေ့ရသည် ။ပိုင်ရှင်ကိုယ်တိုင်တင်ထားခြင်းဖြစ်၍ ပွဲးစာမပါတော့ပေ ၊ ထို့ကြောင့် ပိုင်ရှင်ဖြစ်သူက ရောင်းမည့်တိုက်ခန်းကိုခေါ်၍ပြသည်။
ခေါ်ဈေးနှင့်ရောင်းဈေး သိန်း (၁၀၀) ခွါပေး
ပထမထပ် ဖြစ်ပြီး ၊ ခုံဆင်းရောင်းချခြင်း ဖြစ်သည် ။ ပရိဘောဂပစ္စည်း အစုံ အိပ်ခန်း၊ ထမင်းစားခန်း ၊ ဧည့်ခန်း ။ ဘုရားခန်း၊ ရေးမီးအစုံ အဆင်သင့်ပြင်ဆင်ပြီး လက်တင်နေရုံ အခြေအနေမို့ ဝယ်သူစိတ်ဝင်စားသွားသည် ။ဘားအံမြို့မှ ပစ္စည်းများယူလာစရာမလိုသည့် အတွက် ဝယ်သူက ပို၍သဘောကျနေသည် ။ရောင်းဈေးမေးကြည့် On Line တွင် သိန်း ၈၀၀ ခေါ်ထားသော်လည်း သိန်း ၇၀၀ နောက်ဆုံး ဈေးလျော့ ထားပေသည်။
ဝယ်တက်သူများ ဖြစ်၍ ကြိုက်ဈေးနှင့်ရ
သို့သော်လည်း ဝယ်သူက သိန်း ၇၀၀ မတတ်နိုင်၍ သိန်း ၆၅၀ ထိလျော့ပေးရန်တောင်းဆိုကြည့်ရာ ရောင်းသူ စိတ်တိုသွားပြီး မျက်နှာပျက်သွားသည်၊ ထို့ကြောင့် တကယ်ဝယ်မယ်ဆိုရင် သိန်း ၆၈၀ နဲ့ ပေးလိုက်မယ် ထပ်မဆစ်နဲ့တော့ တပ်ဆစ်ရင် ပွဲဖျက်လိုက်မယ် ..ဟု စိတ်တိုတိုဖြင့် ပြောလိုက်ရာ နောက်ဆုံး သိန်း ‘ ၆၈၀ ’ ဖြင့် အရောင်းအဝယ်ပွဲဖြစ်သွားသည် ။ဝယ်သူဘက်မှ ကုန်သည်များဖြစ်၍ ဈေးဝယ်တတ်သည် ဟု ဆိုရပေတော့မည် ။
ထိုနောက် စရန်ငွေ သိန်းတစ်ရာပေးပြီး စာချုပ်သည်ကန့်ကွက်ရန်ရှိမရှိ သတင်းစာမှာ ကြော်ငြာသည်။ ကန့်ကွက်သူမရှိ၍ (၃)ပါတ်ပြည့်သည့်နေ့တွင် အပြီးအပိုင် စာချုပ်ပြီး ဘဏ်တွင် လိုက်၍ငွေလွဲပေလိုက်သည် ။ နောက်ယူမှဝယ်သူလက်သို့ အခန်းသော့အပ်သည် ရောင်းသူမှ မြေနှင့်လက်မှတ်ထိုးမှ ၁% ပေးသည်ကို တွေ့ရသည်။
တိုက်ခန်းနေသူများအားလုံး လစဉ် ၅၀၀၀ိ/ လာပေးဖို့မမေ့ကြနှင့်
သုဝဏ္ဏ ၊ ရန်ကုန်သစ်ရပ်ကွက်မှာ ဖြစ်၍ တိုက်ခန်းနေသူးများကို ဖြေရှင်းမှ အဝီစိ ရေပေးသည့်ကိုတွေ့ရသည် ။မြေငှါးခ ကျပ်နှစ်ထောင်နှင့်ရေတင်ပေးခ ကျပ် ၃၀၀၀ စုစုပေါင်း ငွေကျပ် ၅၀၀၀ိ/ တိတိ ကိုတိုက်ခန်းနေထိုင်သူအားလုံး လစဉ်ပေးရသည် ဟု သိရသည်။
ရောင်းခွန် ၁၀% ပေးရမည်ကိုကြောက်သူများ
ဤသို့တိုက်ခန်းရောင်းအဝယ်စာချုပ်ချုပ်ရာတွင် စာရေးသူအနေဖြင့် ဗဟုသုတ အသစ် တစ်ခုရလိုက်ပါသည် ။ထို့အကြောင်းမှာ တိုက်ခန်းအပြီးအပိုင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုရာ၌ ရောင်းသူများသည် “………အကယ်၍ အခွန်ဦးစီးဌာနတိုက်ခန်းရောင်းခွန် ၁၀% ရာခိုင်နှုန်း ကောက်ခံလာပါက တာဝန်ယူပေးဆောင်သွားရန် ရောင်းသူက သဘောတူပါသည် ’’ ….ဟူသောစာပုဒ်ကို တွေ့သည်နှင့် မျက်လုံးပြူးမျက်စံပြူး ဖြစ်သွားကာ ဒီစာပုဒ်ကို ဖျက်ပေးပါ ဟု အတင်းအကျပ်တောင်းဆိုကြသည် ကိုတွေ့ရသည်။
လက်တို့ပြီးလည်း ၁% ပေး ၊ မြေရှင်များက လက်မနှေး ။ သာဓုခေါ်ပါလေ
စာရေးသူက “ အကယ်၍…” ဟူသော စာသားပါသည့် ဟုဆိုစေကာမူ “ နောင်ခါလာ နောင်ခါဈေး ” ပဲ ။အခု ရှေ့နေကြီးက ဒီစာသာကြီးရေးထားတော့ နိမိတ်ဖတ်လိုက်သလိုဖြစ်ပြီး ၊ တကယ် ရောင်းခွန်ပေးဆောင်ရတော့ မလို ခံစားလိုက်ရတယ် ” ဟု ဆိုကြသည် ။နိုင်ငံတော် ရောင်းခွန်ကိုမပေးဆောင်ချင်ကြသော်လည်း မြေရှင်အား ရောင်းရငွေ၏ ၁% ရာခိုင်နှုန်း ကိုပေးကြရန် အတွက် မြေရှင်ကို လက်တို့ပြီး အိမ်တိုင်ရာ ရောက်အပင်ပန်းခံ၍ သွားပေးကြသည်ကိုတွေ့ရသည် ။အော် …ဒါကြောင့်လည်း တိုက်ခန်းအရောင်းအဝယ်လုပ်တိုင်း အိမ်ရှင်မျာအသင့်ဖြစ်နေကြခြင်းဖြစ်သည် ဟု တွေးမိနေပါတော့သည် ။
တိုက်ခန်းအရောင်းအဝယ်တွေများများဖြစ်ပါစေ မြေရှင်များလည်းအဆင်ပြေပါစေ
လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com