မြန်မာ့စတော့ ရှယ်ယာဈေးကွက်အတွင်း နိုင်ငံခြားသား များ ပါဝင်ရင်းနှီးမြှုပ်နှံခွင့်ပြုနိုင်ရန် စီစဉ် နေပြီဖြစ်ကြောင်းသိရသည်။ စတော့ရှယ်ယာဈေးကွက်အတွင်း နိုင်ငံခြားသား ပါဝင်နိုင်ရေးအတွက် ရန်ကုန်စတော့အိတ်ချိန်း၊ မြန်မာနိုင်ငံငွေ ကြေးသက်သေခံလက်မှတ်ကြီးကြပ်ရေး ကော်မရှင် ၊ ငွေကြေးသက်သေခံလက်မှတ် ကုမ္ပဏီများနှင့် စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီတို့ပူးပေါင်း၍ လုပ်ထုံးလုပ် နည်းများ ရေးဆွဲဖော်ဆောင်ရန် ညှိနှိုင်းဆွေးနွေးနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ငွေကြေးသက်သေခံလက်မှတ်ကြီးကြပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးဌေးချွန်ကပြောသည်။
ယင်းအပြင် နိုင်ငံခြားသားများ ဝင်ရောက်ရင်းနှီးမြှုပ်နှံခွင့်ပြုပါကနိုင်ငံခြား ငွေအဝင်အထွက်ရှိလာမည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ညှိနှိုင်းမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။ ဦးဌေးချွန်က"စတော့ရှယ်ယာမှာ နိုင်ငံခြားသားပါဝင်မှုကို ခွင့်ပြုမယ်။ အဲဒီလို ခွင့်ပြုမှလည်း Active ဖြစ်လာမယ်။ တစ်သက်လုံး မြန်မာနိုင်ငံသားရှယ်ယာ တွေနဲ့တင် မဖြစ်သေးဘူး။ အားလုံး နိုင်ငံခြားတိုင်းပြည်တွေရဲ့စတော့ဈေးကွက် တွေကိုကြည့်တဲ့အခါမှာ နိုင်ငံခြားသား ပါဝင်လာတဲ့နောက်ပိုင်းမှာ ဈေးကွက် Active ဖြစ်လာတာကိုတွေ့ရတယ်"ဟု ၄င်းက ပြောသည်။
နိုင်ငံခြားသားများ ရှယ်ယာဈေး ကွက်အတွင်း ဝင်ရောက်ရင်းနှီးမြှပ်နှံရန် အတွက်လိုအပ်သည့် နိုင်ငံခြားသားထိန်းချုပ်ရေးစနစ်တစ်ခုကို ရေးဆွဲဖော်ဆောင် နေပြီဖြစ်ကြောင်းရန်ကုန်စတော့အိတ်ချိန်း၊ Administration Deperment မှExecutive Senior Manager ဦးသက်ထွန်း ဦးက နိုဝင်ဘာ ၃၀ ရက်က ပြောသည်။
"စတော့ဈေးကွက်မှာ နိုင်ငံခြားသား တွေ ပါဝင်ရင်းနှီးမြှုပ်နှံခွင့်ပြုတဲ့အခါမှာ နိုင်ငံခြားသားတွေကို ထိန်းချုပ်တဲ့စနစ်ကို ဖော်ဆောင်ဖို့ ညှိနှိုင်းဆွေးနွေးနေပြီ။ မြန်မာနိုင်ငံနဲ့ကိုက်ညီမယ့်စနစ်ကို ရွေးချယ် ကျင့်သုံးသွားမယ်"ဟု ၄င်းက ပြောသည်။ စတော့ဈေးကွက်တွင် နိုင်ငံခြားသား ထိန်းချုပ်မှုမှာ ကမ္ဘာ့စတော့အိတ်ချိန်းများတွင်လည်း ယခင်ကတည်းကပင်ရှိခဲ့ပြီး နိုင်ငံခြားသားထိန်းချုပ်မှုရှိပြီး ရာနှုန်းပြည့် ခွင့်ပြုမှုများရှိသကဲ့သို့ ရာခိုင်နှုန်းတစ်ခုအထိ ထိန်းချုပ်ထားသည့် စတော့အိတ် ချိန်းများလည်းရှိကြောင်းသိရသည်။
ထို့ပြင် မြန်မာအများပိုင်ကုမ္ပဏီ ၃၀ဝ ကျော်ရှိသည့်အနက် အလားအလာကောင်းမွန်သည့် ကုမ္ပဏီများ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများအဖြစ် ပါဝင်လာနိုင်ရန် စီစဉ်ဆောင်ရွက်နေပြီဖြစ် ကြောင်း သိရသည်။
Credit: Democracytoday