ဟံသာဝတီလေဆိပ်စီမံ ကိန်းစတင်နိုင်ရန် ကျူးကျော်နေ ထိုင်သူများကို ဖယ်ရှားရန်နှင့် တင်ဒါအောင်မြင်ထားသည့်ကုမ္ပဏီနှင့် လုပ်ငန်းဆက်လုပ်၊ မလုပ် အမြန်ဆုံးညှိနှိုင်းဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီး ယူက ဒီဇင်ဘာ ၁ ရက်တွင် ညွှန် ကြားခဲ့ကြောင်း ပဲခူးတိုင်းဝန်ကြီး ချုပ် ဦးဝင်းသိန်းက ပြောသည်။
ပဲခူးတိုင်းအစိုးရအနေဖြင့် စီမံကိန်းအတွင်းရှိ ကျူးကျော်များ ကို မကြာမီ ဖယ်ရှားတော့မည်ဖြစ် ပြီး လျော်ကြေးပေးသင့်သည်များ လည်းပေးမည်ဟု ပဲခူးတိုင်းဝန် ကြီးချုပ် ဦးဝင်းသိန်းက 7Day Daily သတင်းစာအား ပြောသည်။
‘‘တချို့တွေက စာရင်းအတိ အကျမရှိတော့ လျော်ကြေးပေးပြီး လား၊ မပေးရသေးဘူးလားမသိရ ဘူး။ ဘုန်းကြီးကျောင်းတွေ၊ အခိုင်အမာရှိတဲ့ တဲတွေကို လျော် ကြေးပေးမယ်။ ဒါတောင် လမ်းဖောက်မယ့် နေရာအတွက်ပဲ လုပ်နိုင်ဦးမယ်’’ဟု ပဲခူးတိုင်းဝန်ကြီး ချုပ်က ပြောသည်။
ဟံသာဝတီ လေဆိပ်စီမံ ကိန်းအတွင်း ကျူးကျော်အိမ်ခြေ ၁,၀၀၀ ကျော်ရှိပြီး ကျူးကျော်များ ပြန်လည်နေရာချထားရန် စီမံကိန်းအနီး မြေ ၂၈ ဧကရှိကြောင်း ပဲခူးမြို့နယ် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးညွန့်ရွှေ က ပြောသည်။
ဟံသာဝတီလေဆိပ်စီမံကိန်းတည်ဆောက်ရန် တင်ဒါအောင်မြင်ထားသည့် JGC -Yongnam Changi Airport International Consortium ကုမ္ပဏီနှင့် အစိုးရကြားလုပ်ငန်း သဘောတူညီမှုစာချွန်လွှာ ရေးထိုးထားသည်မှာ ၂၀၁၈ ဇန်နဝါရီတွင် ၂ နှစ်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည်။
ထို့ကြောင့် ကုမ္ပဏီကို ဆက်သွယ်ဆောင်ရွက်ပြီး လုပ်ငန်းမလုပ်လိုပါက အခြားကုမ္ပဏီတစ်ခု ထပ်မံခေါ်ယူရန်လည်း ဒုတိယသမ္မတက ပြောကြားခဲ့ကြောင်း ပဲခူးတိုင်း ဝန်ကြီးချုပ်က ပြောသည်။
ဟံသာဝတီလေဆိပ်စီမံ ကိန်းကို ပဲခူးတိုင်း ပဲခူးမြို့နယ် ကျောက်တိုက်ကျေးရွာအနီးတွင် ဂျပန်ခေတ်က လေဆိပ်အဖြစ် အသုံးပြုခဲ့သည့် မြေဧက ၉၆၉၀ တွင် တည်ဆောက်ရန်စီစဉ်ထား ခြင်းဖြစ်သည်။
ဟံသာဝတီလေ ဆိပ်စီမံကိန်းကို ၂၀၁၂ က စတင် တင်ဒါခေါ်ယူပြီး အစိုးရ၊ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်သော စနစ် ကို အခြေခံသည့် စီမံကိန်းဖြစ် သည်။ ဟံသာဝတီလေဆိပ်စီမံ ကိန်းကို ယခင်အစိုးရလက်ထက် က တင်ဒါနှစ်ကြိမ်ခေါ်ယူပြီး JGC Yongnam ၊ ချန်ဂီ၊ ဂျပန်နှင့် စင်ကာပူ ဖက်စပ်ကွန်ဆော်တီယမ် ကုမ္ပဏီတို့က အကောင်အထည် ဖော်ရန် စီစဉ်ခဲ့ပြီး ဒီချုပ်အစိုးရ လက်ထက်တွင်လည်း ဆက်လက်ညှိနှိုင်းနေကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင် မောင်က ပြောထားသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် နှစ်စဉ် ခရီးသည်နှင့် လေယာဉ်ခရီးစဉ်များ တိုးတက်လာခြင်း၊ လေဆိပ်အားတိုးချဲ့ရန် ကန့်သတ်ချက်များရှိခြင်း၊ လက်ရှိ လေယာဉ်ပြေးလမ်းပေါ်တွင် အရေးပေါ်အခြေအနေဖြစ်ပွားပါက Operation အား ဆက်လက် ဆောင်ရွက်ရန် ဒုတိယပြေးလမ်း (Second Runway)တိုးချဲ့ရန် မြေနေရာလုံလောက်မှုမရှိခြင်း၊ Wide Body Aircraft များအကန့် အသတ်ဖြင့် ဆင်း/တက်နေရ ခြင်း၊ ၂၄ နာရီ Operation ပြုလုပ် ရာတွင် ကန့်သတ်ချက်များရှိနေ ခြင်းနှင့် ပတ်ဝန်းကျင် ဆူညံသံ များ အနှောင့်အယှက်ဖြစ်စေခြင်း တို့ကြောင့် ဟံသာဝတီအပြည် ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း အား အကောင်အထည်ဖော်ရန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန် ကြီးဌာနက ထုတ်ပြန်ထားသည်။
Credit: 7Daydaily