ကမ္ဘာ့ရွှေဈေး ၁၀ ဒေါ်လာကျော် ကျဆင်းခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၃၂၀၀၀ ကျော် ရောက်ရှိ နိုဝင်ဘာ ၃၀ ရက်တွင် ကမ္ဘာ့ရွှေဈေး ၁၀ ဒေါ်လာကျော် ထိုးဆင်းခဲ့ပြီး ၁၂ ၈၂ ဒေါ် လာအထိပြန်ကျခဲ့ရာ ပြည်တွင်းဈေးကွက်အတွင်း ရွှေဈေးနှုန်း ကျပ် ၉၃၂၀၀၀ ကျော် အထိကျဆင်းခဲ့ကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်မှစတင်ကာ ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၀၀၀၀၀ အထက် ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။ ထို့နောက် စက်တင်ဘာ ၁၇ ရက်အထိ ၉၅၀၀၀၀ အထက်ရှိခဲ့ပြီး စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ၉၃၀၀၀၀ ကျော်မှ ၉၃၅၀၀၀ ကျော်ကြားဖြစ်ပေါ်ခဲ့ကာ အောက်တိုဘာ ၃ ရက်တွင် ၉၂၂၁၀၀ အထိ ကျဆင်းခဲ့သည်။
အောက်တိုဘာ ၇ ရက်တွင် ၉၃၀၀၀၀ အထက်၊ အောက်တိုဘာ ၁၄ ရက်တွင် ၉၄၀၀၀၀ အထက်သို့ပြန်ရောက်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင် ၉၃၀၆၀၀၊ အောက်တိုဘာ ၃၀ နှင့် နိုဝင်ဘာ ၁ ရက်တွင် ၉၂၉၂၀၀ အထိ ကျဆင်းခဲ့သည်။ နိုဝင်ဘာလဆန်းတွင် ကျပ် ၉၃၀၀၀၀ အောက်တွင်သာ ဆက်ရှိခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင် ၉၃၆၂၀၀ အထိရောက်ရှိခဲ့ကာ နိုဝင်ဘာ ၃၀ ရက်တွင် ကျပ် ၉၃၂၂၀၀ အထိ ကျဆင်းခဲ့သည်။
ပြီးခဲ့သည့် သုံးလက ရွှေဈေးကို ပြန်ကြည့်ပါကသြဂုတ်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၀၅၂၀၀ (သြဂုတ် ၃ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၄၅၈၀၀ (သြဂုတ်၂၉ ရက်)၊ စက်တင်ဘာလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၃၂၅၀၀ (စက်တင်ဘာ ၃၀ ရက်)၊ အမြင့်ဆုံး ဈေးနှုန်း ကျပ် ၉၅၇၃၀၀ (စက်တင်ဘာ ၁၅ ရက်)၊ အောက်တိုဘာလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၂၂၁၀၀ (အောက်တိုဘာ ၃ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၄၂၇၀၀ (အောက်တိုဘာ ၁၅ ရက်) တို့ဖြစ်သည်။ ကမ္ဘာ့ရွှေဈေးနှုန်း နိုဝင်ဘာ ၂၄ ရက်တွင် ၁၂၈၆ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင် ၁၂၉၆ ဒေါ်လာအထိ မြင့်တက်ခဲ့ကာ နိုဝင်ဘာ ၃၀ ရက်တွင် ၁၂၈၂ဒေါ်လာ အထိကျဆင်းခဲ့ခြင်း ဖြစ်သည်။
Credit: Eleven Media Group