ပြင်ဦးလွင်တွင် တန်ဖိုးမြင့်အိမ်ခြံမြေ အရောင်းအဝယ် နည်းပါး

ပြင်ဦးလွင်တွင် တန်ဖိုးမြင့်အိမ်ခြံမြေ အရောင်းအဝယ် နည်းပါး - Property News in Myanmar from iMyanmarHouse.com
1 Dec 2017 10:14 am တွင် တင်ခဲ့သည်
4494 ကြိမ် ကြည့်ရှု့ပြီး
ပြင်ဦးလွင်မြို့ရဲ့ လတ်တလော အိမ်ခြံမြေဈေးကွက်မှာ တန်ဖိုးမြင့် အိမ်ခြံမြေတွေ အရောင်းအဝယ်မဖြစ်သလောက် နည်းပါးနေပြီး ကျပ်သိန်း (၅၀၀) နဲ့ ကျပ်သိန်း (၁၀၀၀) ကြား အိမ်ခြံမြေတွေကိုသာ စိတ်ဝင်စားမှုများကြောင်း ပြင်ဦးလွင်က အိမ်ခြံမြေအကျိုးဆောင်တချို့ဆီက သိရပါတယ်။

ငါးနှစ်ကျော် အရောင်းအဝယ်ငြိမ်သက်နေတဲ့ ပြင်ဦးလွင် အိမ်ခြံမြေဈေးကွက်ဟာ မန္တလေးအိမ်ခြံမြေဈေးကွက်နဲ့လည်း ဆက်စပ်မှုရှိပါတယ်။ မန္တလေးမှာ အိမ်မြေအရာင်းအဝယ် လိုက်လာပြီဆိုရင် ပြင်ဦးလွင် ဈေးကွက်လည်း လှုပ်ခတ်လာတတ်ပါတယ်။

လတ်တလောမှာ မန္တလေးမြေဈေးကွက်ကလည်း တန်ဖိုးသင့်တဲ့ အိမ်မြေအကွက်အကွင်းတွေသာ အားထားနေရသလို ပြင်ဦးလွင်မှာလည်း အထူးသဖြင့် ကျပ်သိန်း (၅၀၀၀) အထက်ဆိုရင် သိသိသာသာ အရောင်းအဝယ်အေးနေပါတယ်။

ပြင်ဦးလွင်မြို့မှာ အိမ်ခြံမြေဈေးနှုန်းတွေအနေနဲ့ မြို့တွင်းအဓိကကျတဲ့ မန္တလေး-လားရှိုးလမ်းလို နေရာတွေ၊ ကန်တော်ကြီးတစ်ဝိုက် နေရာကောင်းတွေမှာ မြေအကျယ်အဝန်းကိုလိုက်ပြီး ဈေးနှုန်းတွေက ကျပ်သိန်း (၁၀၀၀၀)ကနေ ကျပ်သိန်း (၂၀၀၀၀)အတွင်း အမျိုးမျိုး ရှိနေပါတယ်။

မြို့တွင်းအပိုင်းကျတဲ့ လမ်းတွေမှာတော့ ကျပ်သိန်း (၁၀၀၀)နဲ့ ကျပ်သိန်း (၃၀၀၀)ကြား ဈေးခေါ်နေပြီး မြို့တွင်းနဲ့လှမ်းတဲ့ မြို့သစ်အပိုင်းတွေမှာ ကျပ်သိန်း (၅၀၀) ဝန်းကျင်ဈေးနှုန်းသာ ရှိပါတယ်။ အရောင်းအဝယ်အေးနေတာကြောင့် ကျပ်သိန်း (၁၀၀၀) ပတ်ချာလည် ဈေးနှုန်းတွေထဲမှာ အရင်လို ဈေးနှုန်းကို တင်းမခံဘဲ အလျှော့အတင်းလုပ် ရောင်းချတာတွေရှိတာမို့ ဝယ်သူတွေအတွက်တော့ အချိန်ကောင်း ဖြစ်နေပါတယ်။

ပြင်ဦးလွင်မှာ ဆောင်းအကုန် နွေအကူး ပွင့်လင်းရာသီမျိုးမှာ အရောင်းအဝယ်ပိုဖြစ်တတ်ပြီး အဝယ်လိုက်လာပြီဆိုရင်လဲ ဆက်တိုက်ဖြစ်နေတတ်တယ်လို့ ပြင်ဦးလွင်မြို့က အိမ်ခြံမြေအကျိုးဆောင် ဒေါ်ခင်စောမြင့်က ပြောပါတယ်။

ပြင်ဦးလွင် ပဒေသာမြို့သစ်လို ဧရိယာထဲမှာ ပေ ၆၀၊ ပေ ၈၀၊ ပေ ၄၀၊ ပေ ၆၀ အကျယ် မြေကွက်မျိုးတွေက ကျပ်သိန်း (၁၅၀၀) ပတ်ချာလည်ခေါ်ဈေးရှိပြီး လတ်တလောအနေအထားမှာ ငွေဖော်ချင်တဲ့ပုံစံမျိုးနဲ့ ဈေးနှုန်းညှိနှိုင်းရောင်းချတာမျိုး တွေ့ရပါတယ်။

အခွန်အနေအထားနဲ့ အိမ်ခြံမြေဈေးကွက်တွင်း ရင်းနှီးမြှုပ်နှံမှု နည်းပါးနေတဲ့ အနေအထားကြောင့် ပြင်ဦးလွင်က ကျပ်သိန်းသောင်းဂဏန်း တန်ကြေးရှိတဲ့ အိမ်ခြံမြေအရာင်းအဝယ်တွေဟာ ဆက်လက်ငြိမ်သက်နေဖို့များတဲ့အပြင် ဘယ်အချိန်မှာ အရာင်းအဝယ် ပြန်သွက်နိုင်မယ်ဆိုတာ မှန်းဆရ ခက်ခဲနေပါတယ်။သေချာတာကတော့ အရာင်းအဝယ်ပြန်သွက်လက်လာရင်လည်း ကျပ်သိန်းထောင်ဂဏန်းကြေးရှိတဲ့ အိမ်ခြံမြေတွေသာ ဈေးကွက်ကို အဓိက ဦးဆောင်သွားမယ်လို့ အကျိုးဆောင်အများစုက သုံးသပ်ကြပါတယ်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

CarsDB Showroom Opening
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service