ရန်ကုန်မြို့လယ်ရှိ ယခင်မီးရထားရုံးချုပ် အဆောက်အအုံ အပါအဝင် မီးရထားပိုင်မြေ ၁၀ ဧကတွင် တည်ဆောက်မည့် Yoma Central နှင့် The Peninsula Yangon စီမံကိန်းတို့ကို နိုင်ငံတကာဆောက်လုပ်ရေးကုမ္ပဏီ နှစ်ခုက တည်ဆောက်ရန် သဘောတူစာချုပ်ကို နိုဝင်ဘာ ၂၈ ရက်တွင် ရေးထိုးသည်။
Yoma Central စီမံကိန်း Dragages Singapore Pte Ltd နှင့် ဂျပန်နိုင်ငံမှ Taisei Corpo-ration တို့ အကျိုးတူပူးပေါင်း ဆောင်ရွက်မည်ဖြစ်သည်။ The Peninsula Yangon စီမံကိန်းကို Dragages Singapore Pte Ltd နှင့် Yoma Strategic ၏ ဆက်စပ်ကုမ္ပဏီဖြစ်သော BYMA Pte Ltd တို့က တည်ဆောက်မည်ဖြစ် သည်။ စီမံကိန်းနှစ်ခု၏ပေါင်းစပ် တန်ဖိုးသည် ကန်ဒေါ်လာသန်း ၄၀၀ ကျော်ရှိသည်။
ဗိုလ်ချုပ်အောင်ဆန်းလမ်း နှင့် ဆူးလေဘုရားလမ်းထောင့်ရှိ မြန်မာ့မီးရထားရုံးချုပ်ဟောင်း ကို ဟိုတယ်အဖြစ် ပြုပြင်တည် ဆောက်ပြီး ကျန်သည့်မြေနေရာ တွင် လူနေအိမ်ရာများ၊ အဆင့်မြင့် တိုက်ခန်းများ ထပ်မံတည်ဆောက်မည်ဟု ရိုးမမဟာဗျူဟာ ကုမ္ပဏီလီမိတက်က သတင်းထုတ်ပြန်သည်။ မီးရထားရုံးကြီးကို ဟိုတယ် အဖြစ် တည်ဆောက်ပြုပြင်မှုကို The Peninsula Yangon က ဦးဆောင်အကောင်အထည်ဖော် မည်ဖြစ်ပြီး Yoma Central က အဆင့်မြင့် လူနေအိမ်ရာများ၊ အဆင့်မြင့်တိုက်ခန်းများ အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
Yoma Central သည် မြန် မာနိုင်ငံ၏အိမ်ရာဖော်ထုတ်တည် ဆောက်ရေးကဏ္ဍတွင် ကန်ဒေါ် လာသန်း ၇၀၀ ကျော်ဖြင့် အများ ဆုံးရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း ရိုးမမဟာဗျူဟာ ဦးပိုင်လီမိတက် အမှုဆောင်ဒါရိုက်တာ Mr. Cyrus Pun က ပြောသည်။ ရန်ကုန်မြို့လယ်တွင် တည်ဆောက်မည့် Yo-ma Central စီမံကိန်းကို လေးနှစ်ကျော်အချိန်ယူ တည်ဆောက်မည်ဟု ဇူလိုင်လလယ်တွင် ၎င်းက ပြောကြားထားသည်။
Credit: 7Daydaily