မြန်မာ-ကိုရီးယား နှစ်နိုင်ငံပူပေါင်းပြီး ဆောက်လုပ်မယ့် စက်မှုဇုန်စီမံကိန်းကို ၂၀၁၈ ခုနှစ်မှာ စတင်တည်ဆောက်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနက သိရပါတယ်။
အဆိုပါ စက်မှုဇုန်စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး ညောင်နှစ်ပင်မြို့နယ်ရှိ မြေဧက ၅၇၀ အကျယ်အဝန်းပေါ်မှာ တည်ဆောက်သွားမှာဖြစ်ပြီး လက်ရှိမှာ မြေပြင်ရှင်းလင်းခြင်းလုပ်ငန်းတွေ ဆောင်ရွက်နေကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောပါတယ်။
အဆိုပါ စီမံကိန်းကို ကိုရီးယားမှာ ဆောက်လုပ်အကောင်အထည်ဖော်လျက်ရှိတဲ့ အဆောက်အအုံ တွေရဲ့ နည်းပညာအတိုင်း တည်ဆောက်သွားမှာဖြစ်ပြီး မြန်မာ-ကိုရီးယား စက်မှုဇုန်စီမံကိန်းမှာ လုပ်ကိုင်မယ့် အလုပ်သမားတွေအတွက် လုပ်ငန်းဆိုင်ရာ အလုပ်သမားသင်တန်းကျောင်း ( Training Center )များ ၊ ဝန်ထမ်းတွေနေထိုင်ရန် အဆောက်အအုံများ ပါဝင်မှာ ဖြစ်ပါတယ်။ စီမံကိန်းကို ကိုရီးယားနိုင်ငံက အမေရိကန်ဒေါ်လာသန်း ၁၀၀ ကျော် ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်။
‘ ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာမယ်၊ ကိုရီးယားနိုင်ငံက ဒီမှာ စက်မှုဇုန်လာဆောက်လုပ်ပြီး ကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့အတွက် ကိုရီးယားနိုင်ငံက နည်းပညာတွေ ပြည်တွင်းမှာ ရမယ် ‘ လို့ ဦးဝင်းနိုင်က ပြောပါတယ်။
ဒီဇိုင်းဆွဲတဲ့ အပိုင်းနဲ့ ကြီးကြပ်မှုတာဝန်ကို မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူမှာဖြစ်ပြီး ကိုးရီးယားနိုင်ငံက ရင်းနှီးမြှုပ်နှံကာ အကောင်းအထည်ဖော်တည်ဆောက်မှာဖြစ်တယ် ‘ လို့ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက သိရပါတယ်။
စီမံကိန်း တည်ဆောက်မှုအတွက် ကိုရီးယားနိုင်ငံ Korea Land and Housing Corporation ကုမ္ပဏီက ၆၀ ရာခိုင်နှုန်းနဲ့ မြန်မာအစိုးရက ၄၀ ရာခိုင်နှုန်းအကျိုးတူ ပူးပေါင်းလုပ်ကိုင်မယ့် စီမံကိန်းလည်း ဖြစ်ပါတယ်။
Credit: The Modern