ငမိုးရိပ်(သစ္စာလမ်း)တံတားသစ်၌ နိုဝင်ဘာ ၂၉ ရက်တွင် ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပြုမည်

ငမိုးရိပ်(သစ္စာလမ်း)တံတားသစ်၌ နိုဝင်ဘာ ၂၉ ရက်တွင် ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပြုမည် - Property News in Myanmar from iMyanmarHouse.com
29 Nov 2017 10:43 am တွင် တင်ခဲ့သည်
5462 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် သစ္စာ လမ်းနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ငါးမာန်အောင် ဘုရားလမ်းကို ဆက်သွယ်ပေးထားသော ငမိုးရိပ်ချောင်းကို ဖြတ်သန်း တည်ဆောက်ထားသည့် ငမိုးရိပ်(သစ္စာလမ်း)တံတားသစ် တည်ဆောက်ရေးစီမံကိန်းမှာ ယခုအခါ တံတားတစ်စင်းလုံး တည်ဆောက်ပြီးစီးသွားပြီဖြစ် သဖြင့် နိုဝင်ဘာ ၂၉ ရက်တွင် ယာဉ်များ
ဖြတ်သန်းသွားလာ ခွင့်ပြုတော့မည် ဖြစ်သည်။

ငွေကျပ် သန်းပေါင်း ၅၂ဝဝ အကုန်အကျခံ တည်ဆောက်ထားသည့် ငမိုးရိပ်(သစ္စာလမ်း)တံတားသစ် ကို သံကူကွန်ကရစ်၊ ဘိုးပိုင်အုတ်မြစ်ဖြင့် တည်ဆောက် ထားခြင်းဖြစ်သည်။ တံတား၏အလယ်ခန်းကိုTwin Box Girder သံပေါင်ရက်မတင်ထားပြီး ကျန်အပိုင်းများကိုR.C.C စနစ်ဖြင့် ဆောင်ရွက်ထားကြောင်း သိရသည်။ တံတားသစ်ကို ကွန်ကရစ်တိုင်ပေါင်း ၁၆ တိုင်ဖြင့် တည်ဆောက်ထားပြီး ပင်မတံတားအရှည်မှာ မီတာ၂၈ဝ (၉၁၈ ပေ)ရှိကြောင်း သိရသည်။

တောင်ဥက္ကလာပဘက် ခြမ်းရှိ ချဉ်းကပ်တံတားအရှည်မှာ ၆၅ မီတာ(၂၁၃ ပေ) ရှိပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ဘက်ခြမ်းရှိ ချဉ်းကပ် တံတား အရှည်မှာ ၆၃ မီတာ (၂ဝ၇ ပေ) ရှိကြောင်းနှင့် စုစုပေါင်း ပေအရှည် ၁၃၂၈ ပေရှိကြောင်း သိရသည်။

Design and Build နည်းစနစ်ဖြင့် တည်ဆောက် ထားသော အဆိုပါတံတားသစ်မှာ ရေပြည့်ချိန်၌ အလျားလိုက် ရေလမ်းကင်းလွတ် နယ်မြေ မီတာ ၅ဝ ရှိပြီး အထက်၊ အောက်အမြင့်မှာ ရေလမ်းကင်းလွတ် နယ်မြေ ၅ ဒသမ ၅ မီတာရှိမည် ဖြစ်သည်။ တံတားမှာ နှစ်လမ်းသွားဖြစ်ပြီး ယာဉ်သွားလမ်းအကျယ် ၂၃ ပေ ရှိကာ တံတား၏တစ်ဖက်တစ်ချက်စီ၌ လူသွားလမ်းပလက် ဖောင်းများ ၁ ဒသမ ၇၅ မီတာစီ ပါဝင်သည်။

မြို့နယ် နှစ်မြို့နယ်ရှိ ပြည်သူများ အဆင်ပြေစေရန်အတွက် တံတားအပေါ်တွင် အချင်း ၁၈ လက်မရှိသော ရေပိုက် အသစ်နှစ်လုံးကို တောင်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ကို ဆက်သွယ်ထည့်သွင်း နိုင်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။

တံတားသစ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြီးကြပ်ကာ အင်ဂျင်နီယာ ၃ဝ၊ ကျွမ်းကျင်လုပ်သား ၃ဝဝ ခန့်ဖြင့် နေ့၊ ည ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

တံတားတည်ဆောက်ရေးကို တာဝန်ယူခဲ့သူ ဦးညွန့်တင်က '' တံတားတည်ဆောက်ချိန်မှာ မိုးတွင်းကာလ ဖြစ်ခဲ့လို့ အခက်အခဲတော့ရှိခဲ့ပါတယ်၊ မြောက်ဒဂုံမြို့နယ်နဲ့ တောင်ဥက္ကလာပမြို့နယ်တွေမှာ နေကြတဲ့ ပြည်သူတွေက ဘေလီတံတားကို အသုံးပြုပြီး သွားလာနေကြရတာပါ၊ တံတားသစ်ကြီး တည်ဆောက်ပြီးစီးသွားပြီဆိုတော့ တောင် ဒဂုံမြို့နယ်နေပြည်သူတွေ၊ ပင်လုံအိမ်ရာမှာနေတဲ့ ပြည်သူ တွေကပါ ဒီတံတားကနေ လွယ်ကူစွာဖြတ်သန်းသွားလာနိုင် ကြတော့မှာပါ၊ ပြီးတော့ ဘေလီတံတားမှာလည်း ယာဉ် ကြောကျပ်တာ သက်သာသွားမှာဖြစ်ပြီး ပြည်သူတွေ အနေနဲ့လည်း လွယ်ကူစွာဖြတ်သန်းသွားလာနိုင်ကြမှာ ဖြစ်ပါတယ် ''ဟု ပြောသည်။

ယခုအခါ ငမိုးရိပ်(သစ္စာလမ်း) တံတားသစ်ပေါ်၌ ပြည်သူများဖြတ်သန်းသွားလာနေကြပြီဖြစ်ကာ အဆိုပါ တံတားသစ်ကို ဧပြီလပိုင်းက စတင်တည်ဆောက်ခဲ့ပြီး စက်တင်ဘာ ၅ ရက်တွင် အပြီးသတ်တည်ဆောက်နိုင်ခဲ့ ခြင်းဖြစ်သည်။

Credit: The Mirror

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

Royal Theikdi Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service