၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နှင့် ၂၆ ရက်နေ့များတွင် ရန်ကုန်မြို့  ၊ အလုံလမ်းမပေါ်ရှိ My Garden Restaurant ၌ Kanbae Towers နှင့် RiverFront Garden ကွန်ဒို အရောင်းပြပွဲတစ်ရပ်အား မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ အောင်မြင်စွာကျင်းပပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုအရောင်းပြပွဲအတွင်း ရန်ကင်းရှိ Kanbae Towers အခန်းများ နှင့် လှိုင်သာယာရှိ RiverFront Garden ကွန်ဒိုအခန်းများကို အထူး Discount များ ၊ အထူးငွေချေစနစ်များဖြင့် ရောင်းချခဲ့ရာ ကျပ်ငွေ (၁.၈) ဘီလီယံကျော်ဖိုး ရောင်းချပေးနိုင်ခဲ့သည်ဟု သိရသည်။
“ ဒီ ၂ ရက်အတွင်း လာဝယ်တဲ့သူတွေကို အခုလူကြိုက်များနေတဲ့ iPhone X ပါ လက်ဆောင်ထည့်ပေးထားပါတယ်။ ရန်ကင်းက Kanbae Towers ကို ၂ ဧကကျော် ကျယ်တဲ့ ဂရမ်မြေပေါ်မှာ တည်ဆောက်နေပြီး RiverFront Garden ကွန်ဒိုကတော့ စုစုပေါင်း ၃၁ ဧကကျော် ကျယ်တဲ့ နေရာမှာ အကောင်အထည် ဖော်နေတာပါ။ သူလည်းပဲ ဂရမ်မြေပဲ။ ရင်းနှီးမြှုပ်နှံချင်သူတွေအတွက် အခုဝယ်ထားရင် အရမ်းကို တန်တဲ့ စီမံကိန်းပါ” ဟု Sales Director တစ်ဦးဖြစ်သူ ဦးရာဇာဖြိုးမှ ရှင်းလင်းပြောကြားသွားခဲ့သည်။
"အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းကနေ ကျင်းပတဲ့ ယခုပွဲအတွင်းမှာ ဝယ်သူတွေ အဆင်ပြေအောင် ငွေပေးချေမှု့ အနေနဲ့ အတိုးမဲ့ ၃ နှစ်ခွဲ အရစ်ကျဖြင့် ပေးချေနိုင်တဲ့ အစီအစဉ်ဖြင့် ရောင်းချပေးခဲ့ပါတယ်။ ဒါ့အပြင် ကိုယ်တိုင်မနေဘဲ Investment အနေဖြင့် ဝယ်ယူသူများအတွက် အငှားအာမခံဖြင့် ရောင်းချပေးခဲ့ပါတယ်။ အဲဒီအတွက်ကြောင့် ရောင်းအားကောင်းခဲ့တာပါ" ဟု iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ရှင်းလင်းပြောကြားခဲ့သည်။
Kanbae Towers နှင့် RiverFront Garden ကွန်ဒိုအခန်းများကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပမည့် iMyanmarHouse.com ၏ သတ္တမအကြိမ်မြောက် မြန်မာ့အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန် အရောင်းပြပွဲကြီးတွင်လည်း Diamond Sponsor အဖြစ် ပါဝင်ပြသရောင်းချသွားရန် စီစဉ်လျှက်ရှိကြောင်း သိရှိရသည်။
"ကျွန်တော်တို့ အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းဟာ မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမယ်ဆိုတဲ့ ဦးတည်ချက်နဲ့ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်နေပါတယ်။ နောက်ထပ်လည်း ဒီလိုမျိုး အိမ်ခြံမြေ အရောင်းပြပွဲတွေ လစဉ် ကျင်းပပြီး လူတိုင်းအိမ်ပိုင်ဆိုင်စေရမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နေပါတယ်" ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)