တိုက်ခန်း အငှားဈေးမကျပေမဲ့ အငှားသက်တမ်း တိုးလာ

တိုက်ခန်း အငှားဈေးမကျပေမဲ့ အငှားသက်တမ်း တိုးလာ - Property News in Myanmar from iMyanmarHouse.com
28 Nov 2017 11:30 am တွင် တင်ခဲ့သည်
5187 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ရဲ့ တိုက်ခန်းအငှားဈေးကွက်ဟာ လက်ရှိမှာ ဈေးနှုန်း ကျဆင်းမှုမရှိပေမဲ့ ငှားရမ်းသူဘက်က နှစ် ချုပ်ငှားရမ်းမှု မရှိသလောက် နည်းပါးနေပြီး စပေါ်ပျောက်လချင်းပေးနဲ့ အများဆုံး ခြောက်လချုပ်တွေသာငှားရမ်းမှုများနေ တယ်လို့ အိမ်ခြံမြေအကျိုးဆောင် တချို့ဆီက သိရပါတယ်။

“တိုက်ခန်းအငှားဈေးတွေက လုံးချင်းတွေလို နှစ်ချုပ်မရှိသလောက် နည်းတယ်၊ အခုဆိုရင် လချင်းပေးငှားတာကိုတောင် စပေါ်တင်စရာမလိုဘဲ ဒီအတိုင်း အလတ် ငှားလာကြတယ်၊ အိမ်ရှင်တွေဘက်က ဒီလိုငှားတာ အများစုက လချင်းပေးငှားရင် အိမ်ခန်းခက လချုပ်ထက်ပိုရတယ်၊ အိမ်ငှားကို မကြိုက်ရင်လဲ နောက်ထပ် လူထပ် တင်ဖို့လွယ်လို့ ဒီလို လချင်းပေးငှားလာကြတယ်”လို့ သုခစံအိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းက ပြောပါတယ်။
လချင်းပေးတိုက်ခန်းငှားရမ်းမှုအများ စုက ကျောင်းသူတွေနဲ့ နယ်က နိုင်ငံခြားသွားရောက်ဖို့လာကြတဲ့ အလုပ်သမားတွေ များပြီး အခန်းတစ်ခန်းကို လူအနည်းဆုံး လေးငါးယောက်စုငှားကြတာ များတယ်လို့ သိရပါတယ်။
လက်ရှိ အငှားဈေးကွက်အတွင်း တိုက်ခန်းတွေကို လူငယ်အများစုငှားရမ်းမှု များပြားပြီး အလုပ်သွားလာရလွယ်ကူတဲ့ နေရာတွေမှာ အငှားပိုလိုက်နေပါတယ်။ တချို့တိုက်ခန်းတွေက လမ်းမတန်းနေရာ နဲ့နီးရင် အခန်းဈေးတွေကလည်း ကျပ် ၅၀,ဝ၀ဝ လောက်ကနေ ကျပ်တစ်သိန်းလောက်အထိ ဈေးပိုယူကြတယ်လို့ သိရပါတယ်။

လက်ရှိ တိုက်ခန်းငှားရမ်းမှုအများစုမှာ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ သုဝဏ္ဏ၊ သာကေတ၊ ဒေါပုံနဲ့ မြောက်ဥက္ကလာပမြို့ နယ်က အခန်းတွေမှာ သည်လို ငှားရမ်းကြတာ ဖြစ်ပါတယ်။ မြို့တွင်းပိုင်း တိုက်ခန်းတွေကတော့ ယခင်အတိုင်း နှစ်ချုပ်နဲ့သာ လက်ခံတာများပြီး ဈေးနှုန်းမှာလည်း ကျပ် နှစ်သိန်းဝန်းကျင်က စရှိတာ ဖြစ်ပါတယ်။ လချင်းပေးငှားရမ်းတဲ့ အခန်းဈေး နှုန်းတွေကတော့ ကျပ်တစ်သိန်းဝန်းကျင်ကနေ ကျပ်နှစ်သိန်းဝန်ကျင်လောက်အထိ အခန်းတွေ ပါဝင်ပြီး လချုပ်ထက် ဈေးနှုန်း ကျပ် ၃၀,ဝ၀ဝ ဝန်းကျင်ကနေ ကျပ် ၅၀,ဝ၀ဝ လောက်အ ထိ ဈေးပိုများတယ်လို့ သိရပါတယ်။

သည်လိုငှားရမ်းတာတွေအတွက် အကျိုးဆောင်ခကိုတော့ တချို့က အခန်းခရဲ့ တစ်ဝက်ယူကြတာရှိသလို တချို့က အခန်းခရဲ့ ၃၀ ရာခိုင်နှုန်း ယူတာတေ∑လည်း ရှိပါတယ်။ သည်လို ဈေးကွက်အများစုကတော့ အခန်းငှားရမ်းတဲ့ လအလိုက် ဈေး နှုန်းအတက်အကျတွေ ပြုလုပ်ကြပြီး ပွင့်လင်းရာသီတွေမှာ တစ်လချင်းပေး အငှားကို ငှားရမ်းကြတာ များပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

CarsDB
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service