ဒလမြစ်ကူးတံတားအတွက် တည်ဆောက်သွားမယ့် ကိုရီးယားနိုင်ငံ ဆောက်လုပ်ရေးကုမ္ပဏီတွေကို ဒီဇင်ဘာလဆန်းမှာ တင်ဒါခေါ်ယူသွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရပါတယ်။
‘ဆောက်လုပ်ရေး ခေါ်ဖို့အတွက် တင်းဒါကို သူတို့က ရွေးချယ်မယ်၊ ကျွန်တော်တို့က လက်ခံမယ်၊ နှစ်ဖက်ညှိနှိုင်းလို့ အဆင်ပြေမယ်ဆိုရင် ဒါကို စပြီးခေါ်သွားမှာပါ။ ကိုရီးယားကုမ္ပဏီပဲ ခေါ်မယ်၊ ဒီလကုန်ပဲခေါ်မယ်လို့တော့ မျှော်မှန်းထားတယ်’ လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အဆိုပါတံတားစီမံကိန်းရဲ့ အသေးစိတ်ဒီဇိုင်းအတွက် ကိုရီးယားသမ္မတနိုင်ငံ Soosong Co.,Ltd ခေါင်းဆောင်တဲ့ J.V အဖွဲ့က မြန်မာနိုင်ငံကို ရောက်ရှိနေပြီးနေပြည်တော်မှာ လုပ်ငန်းစတင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ကိုရီးယားမြန်မာချစ်ကြည်ရေးတံတားကို ကိုးရီးယားနိုင်ငံရဲ့ စီးပွားဖွံ့ဖြိုါ်ရေးရန်ပုံငွေ EDCF Loan ချေးငွေ၊ အမေရိကန်ဒေါ်လာ ၁၃၇.၈၃၃ သန်း၊ စုစုပေါင်း ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၁၆၈.၁၇၄ သန်းကုန်ကျမှာဖြစ်ပြီး ကိုရီးယားပို့ကုန်၊ သွင်းကုန်ဘဏ်နဲ့ မြန်မာနိုင်ငံဆောက်လုပ်ရေးဝန်ကြီးဌာနတို့က ၂၀၁၅ ခုနှစ်နိုင်ဝင်ဘာ ၁၆ ရက်ကချေးငွေဆိုင်ရာ သဘောတူစာချုပ်ရေးထိုးခဲ့ပြီး စီမံကိန်း ကာလမှာ ငါးနှစ်ဖြစ်တယ်လို့ သိရပါတယ်။
ဒလတံတားတည်ဆောက်ရာမှာ ဒလမြို့နယ်အတွက် ရေချိုပိုက်လိုင်းတွေပါ တစ်ပါတည်းထည့်သွင်းတည်ဆောက်မှာဖြစ်ပြီး တံတားပြီးစီးသွားပါက ဒေသတွင်းအခြေခံလူမှုအဆောက်အအုံများ ပိုမိုဖွံ့ဖြိုးလာနိုင်မှာဖြစ်ပါတယ်။
တံတားတည်ဆောက်ဖို့အတွက် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာ အသေးစိတ်ဒီဇိုင်းအတွက် အတိုင်ပင်ခံ ကုမ္ပဏီရွေးချယ်ခြင်း ၂၀၁၆ ခုနှစ်ဇန်န၀ါရီလမှ သြဂုတ်လအထိ အသေးစိတ် ဒီဇိုင်းရေးဆွဲခြင်း၊ ၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၇ ခုနှစ်ဇန်န၀ါရီလအထိ မြေယာလျော်ကြေးပေးချေခြင်း၊ ၂၀၁၇ ခုနှစ်အောက်တိုဘာလမှ နိုဝင်ဘာလအထိ တည်ဆောက်ရေးကုမ္ပဏီရွေးချယ်ခြင်းနဲ့ ၂၀၁၇ ခုနှစ်ဒီဇင်ဘာလမှ ၂၀၁၂ ခုနှစ်ဇွန်လအထိ တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
Credit: The Kumudra