ဘဏ်ချင်းမတူသည့် ATM စက်များတွင် ငွေသားထုတ် ယူပါက လက်ရှိကောက်ခံနေ သည့် ဝန်ဆောင်ခကျပ်တစ်သိန်း လျှင် ကျပ် ၂၀၀ အစား ကျပ် ၅၀၀ သို့ တိုးမြှင့်ကောက်ခံခြင်းကို ၂၀၁၈ ဇန်နဝါရီ ၁ ရက်တွင် ပြောင်းလဲ သတ်မှတ်မည်ဖြစ် သည်။
လက်ရှိသုံးဆွဲနေသည့် MPUကတ်များတွင် ဘဏ်မတူသည့် ATM စက်များ၌ ထုတ်ယူပါက Transcaition နှုန်းထားကို ယခင်ဝ ဒသမ ၂ ရာခိုင်နှုန်းအစား ဝ ဒသမ ၅ ရာခိုင်နှုန်းသို့ ပြောင်းလဲ ကောက်ခံမည်ဖြစ်ကြောင်း MPU (Myanmar Payment Union) က နိုဝင်ဘာ ၂၇ ရက်တွင် ထုတ် ပြန်ကြေညာခဲ့သည်။
ထိုသို့ပြောင်းလဲခြင်းသည် MPU အဖွဲ့ဝင်ဘဏ်များ၏ သဘောတူဆုံးဖြတ်ချက်အရဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိ သည်။
MPUက ထုတ်ပြန်ထားသော အချက်အလက်များအရ လက်ရှိအချိန်တွင် ကြိုတင်ငွေပေးကတ် (Debit Card) သုံးသန်းခွဲနှင့် အ ကြွေးဝယ်ကတ် (Credit Card) ခြောက်သောင်းကျော်သုံးစွဲနေ သည်ဟု ဆိုသည်။ MPU သည် ပြည်တွင်းဘဏ် ၂၃ ဘဏ်နှင့် ချိတ်ဆက်ထားသည့် ငွေပေးချေမှု၊ ငွေထုတ်ယူမှုစနစ်ဖြစ်သည်။
Credit: 7Daydaily