မြန်မာနိုင်ငံက အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် အမေရိ ကန်ဒေါ်လာကိုးသိန်း ထပ်မံထုတ် ချေးပေးမယ်လို့ Hayman Capital အသေးစားချေးငွေလုပ်ငန်းက သိရပါတယ်။
ချေးငွေတွေကို အသေးစား စီးပွားရေးလုပ်ငန်းတွေ၊ စွန့်ဦးတီ ထွင်လုပ်ငန်းတွေနဲ့ တစ်ပိုင်တစ် နိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေ သူ ၃၅၀ဝ ခန့်ကို ထုတ်ချေးပေးမှာ ပါ။
Hayman Capital က စီအီးအို Mr.Sultan Marenov က မြန်မာနိုင်ငံရဲ့ ဘဏ်ဝန်ဆောင်မှုကို မရနိုင်သေးတဲ့ ကျေးလက်ဒေသတွေမှာ ငွေကြေးဆိုင်ရာဝန်ဆောင် မှုတွေ တိုးချဲ့ဖို့ပါ၊ ပထမအကြိမ် ရ ယူခဲ့တဲ့ ဘဏ်ချေးငွေတွေကတော့ စီးပွားရေးလုပ်ငန်းထောင်ပေါင်း များစွာအပေါ် အကျိုးသက် ရောက်မှုတွေ ရှိခဲ့ပါတယ်”လို့  ပြော ပါတယ်။
အဲသည့် Hayman Capital အသေးစားချေးငွေလုပ်ငန်းအနေ နဲ့ မြန်မာနိုင်ငံက အသေးစား အလတ်စားလုပ်ငန်းတွေအတွက် ဒုတိယအကြိမ်မြောက် ထုတ်ချေးပေးမှာ ဖြစ်ပါတယ်။Hayman Capital အနေနဲ့ မလေးရှားနိုင်ငံအခြေစိုက် May-bank ကနေ ပထမအကြိမ် ဘဏ်ချေးငွေအဖြစ် အမေရိကန်ဒေါ်လာတစ်သန်းနဲ့ညီမျှတဲ့ ချေးငွေကို မေလအတွင်းက ရယူခဲ့တယ်။ အဲသည်ဘဏ်ချေးငွေနဲ့ ရန်ကုန်နဲ့ပဲခူးတိုင်းဒေသကြီးရှိ စီးပွားရေးလုပ်ငန်းရှင် ၅၀ဝ၀ ကျော်ကို ထုတ်ချေး ခဲ့တယ်လို့ သိရပါတယ်။
Hayman Capital အသေး စားငွေရေးကြေးရေးလုပ်ငန်းက ၁၀ဝ ရာခိုင်နှုန်း စင်ကာပူအခြေ စိုက် Hayman Capital Pte ,. Ltd ကနေ ရင်းနှီးမြှုပ်နှံထားတာဖြစ်ပါ တယ်။ မြန်မာနိုင်ငံမှာ အသေးစား ငွေရေးကြေးရေးလုပ်ငန်းကုမဏီ အဖြစ် ၂၀၁၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ တယ်။ ၂၀၁၅ ဇူလိုင်က စတင်ပြီး ချေးငွေတွေ ထုတ်ချေးခဲ့ ပါတယ်။
လက်ရှိမှာ ရန်ကုန်တိုင်းဒေသ ကြီးအတွင်း လှည်းကူး၊ အင်းစိန်၊ သင်္ဃန်းကျွန်းနဲ့ ပဲခူးတိုင်းက ပဲခူး မြို့နဲ့ ညောင်လေးပင်မြို့နယ် တွေမှာ ရုံးခွဲတွေ ဖွင့်လှစ်ထားပါတယ်။
လုပ်ငန်းစတင်ခဲ့တဲ့ ၂၀၁၅ ခု နှစ်ကနေ လက်ရှိအချိန်အထိ မြန်မာငွေ ကျပ် ၂၃့  ၄၅ ဘီလျံကို ထုတ် ချေးခဲ့ပြီး ဖြစ်ပါတယ်။ လုပ်ငန်းရှင်တစ်ဦးကို ကျပ်တစ်သိန်းကနေ သိန်း ၅၀ အထိ ထုတ်ချေးပေးတယ် လို့ သိရပါတယ်။
Credit: The Kumudra