၂၀၁၈ခုနှစ် အိမ် ခြံ မြေ အရောင်းအ၀ယ် ကဏ္ဍတွင် ရေစီးရေလာကောင်းမွန်ရေးသည် တိုင်းပြည်၏စီးပွားရေးပေါ်တိုက်ရိုက်မှီတည်နေကြောင်း အိမ် ခြံ မြေ ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုသည်။
”””၂၀၁၈ မှာ အိမ် ခြံ မြေ ကောင်းမွန်ဖို့ဆိုတာတိုင်းပြည်စီးပွားရေးကောင်းဖို့လိုတယ်။တစ်ဦးချင်းဝင်ငွေတွေ ၊ လုပ်ခလစာ ၀င်ငွေတွေကောင်းလာရမယ။ GDP တွေတက်လာပါမှ ၀ယ်နိုင်စွမ်းအားတွေကောင်းလာမယ်။နောက်တစ်ချက်က အိမ် ခြံ မြေတွေ ဈေးမတက်အောင်ဆိုပြီး အခွန်စနစ်နဲ့ မတက်အောင် ဖိထားတဲ့ဟာ ၊ဒါကိုလည်း ပြန်စဉ်းစားသုံးသပ်သင့်ပြီ။မူဝါဒ ပြောင်းဖို့လိုအပ်နေတဲ့ကာလကိုရောက်နေပြီ။””””ဟု မြန်မာနိုင်ငံ အိမ် ခြံ မြေ ၀န်ဆောင်မှုအသင်း ဗဟို ဒုတိယဥက္ကဌ ဦးသန်းဦးမှပြောသည်။
၂၀၁၇ အိမ် ခြံ မြေ ရေစီးသည် နှစ်ကုန်ကာလသို့ရောက်လာခဲ့သော်လည်း တိုင်းပြည်၏ စီးပွားရေးမူဝါဒတွင်ထူးထူးခြားခြား အလှည့်အပြောင်းမရှိခြင်း ၊ ပြည်တွင်းပဋိပက္ခများဖြစ်ပွားခဲ့ခြင်း နှင့် အခွန်စနစ်အစရှိသည်တို့ကြောင့် ဖြစ်တန်သင့်သလောက် ဖြစ်ထွန်းခဲ့ခြင်းမရှိကြောင်း ၊ ၂၀၁၈ တွင် တိုင်းပြည်စီးပွားရေးအရှိန်မြင့်လာပါက အိမ် ခြံမြေ သည်လည်း ပြန်လည် မြင့်တက်လာလိမ့်မည်ဖြစ်ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com