ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံခြားသားအိမ်ခြံမြေ အကျိုးဆောင်များအနေဖြင့် တရားမဝင်လုပ်ကိုင်မှုများတစ်စထက် တစ်စ ပိုမိုများပြားလာခဲ့ပြီးနောက်တွင် ၎င်းတို့အား ထိထိရောက်ရောက် အရေးယူနိုင်မည့် ဥပဒေလိုအပ်လာကြောင်း အိမ် ခြံ မြေ အသိုင်းအ၀ိုင်းမှ ထောက်ပြသည်။
ဈေးကွက်အတွင်းရှိ တရားမ၀င်လုပ်ကိုင်နေသော လိုင်စင်မဲ့ပြည်ပအကျိုးဆောင်များစာရင်းအား ကောက်ယူခဲ့ပြီးဖြစ်သော်လည်း အရေးယူနိုင်သည့် ဥပဒေမရှိသေးခြင်းကြောင့် တိုင်ကြားမှုမပြုနိုင်သေးကြောင်း ရန်ကုန်တိုင်းအတွင်းရှိ အိမ် ခြံ မြေ အကျိုးဆောင်များ မှ သုံးသပ်ပြောကြားခဲ့ဖူးသည်။
ရန်ကုန်တိုင်းအတွင် ခွင့်ပြုချက်မဲ့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေသော နိုင်ငံခြားသားများ ငါးဆယ်ဦးအထက်ရှိနေသည်။၎င်းတို့အနေဖြင့် နိုင်ငံခြားသားအချင်းချင်း အဓိကထားဈေးကွက်ရှာဖွေကြခြင်းဖြစ်သောကြောင့် ပြည်တွင်းအိမ် ခြံ မြေ အကျိုးဆောင်များအပေါ် ထိခိုက်နစ်နာမှုများရှိကြောင်းလည်း ပြည်တွင်းအိမ်ခြံမြေအကျိုးဆောင်များကဆိုသည်။
”””အိမ် ခြံ မြေ ကို သူတို့က အခြင်းခြင်းပြန်ဝန်ဆောင်မှုပေးနေကြတာ။လိုင်စင်လည်း မရှိဘူး။အစကတော့ ဆောက်လုပ်ရေးလုပ်တယ်။အဲဒီကမှတဆင့် အိမ် ခြံ မြေ အကျိုးဆောင်ပုံစံမျိုးလုပ်လာတယ်။လောလောဆယ်မှာ MIC အနေနဲ့ တားမြစ်တာတွေရှိပေမယ့် လုပ်နေကြတာတွေတွေ့နေ သိနေရတာပဲ။ဒါမျိုးတွေထိန်းချုပ်ဖို့ ဥပဒေတစ်ရင် သေသေချာချာရှိဖို့လိုလာပြီ ။ မဟုတ်ရင် ပြည်တွင်းကလုပ်နေတဲ့ အိမ် ခြံ မြေ အကျိုးဆောင်တွေ နစ်နာတာပေါ့။’’’’ဟု မြန်မာနိုင်ငံ အိမ် ခြံ မြေ ၀န်ဆောင်မှုအသင်း ဗဟိုမှ ဒုတိယဥက္ကဌဖြစ်သူ ဦးသန်းဦးမှ ပြောဆိုသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com