လက်ရှိအစိုးရသစ် လက်ထက်တွင်ငွေစက္ကူများပေါ်တွင် ဗိုလ်ချုပ်ပုံများဖြင့် ထည့်သွင်းရိုက်နှိပ်ရေးအဆိုအား လွှတ်တော်တွင် အောင်မြင်ခဲ့ပြီးဖြစ်ရာ ဗိုလ်ချုပ်ပုံငွေစက္ကူများဒဖြင့် မကြာမီထုတ်ဝေနိုင်တော့မည်ဖြစ်သော်လည်း ယင်းကဲ့သို့ ငွေစက္ကူအပြောင်းအလဲက အိမ် ခြံ မြေ လောကအတွက် တစ်စုံတစ်ရာ ဂယက်ရိုက်စေမည်မဟုတ်ကြောင်း မြန်မာနိုင်ငံ အိမ် ခြံေ မြ ၀န်ဆောင်မှုအသင်း (ဗဟို)မှဒုတိယဥက္ကဌ ၁ ဖြစ်သူ ဦးသန်းဦးမှ ပြောဆိုသုံးသပ်သည်။
”” ဗိုလ်ချုပ်ပုံနဲ့ငွေစက္ကူတွေပြန်ရိုက်ဖို့ လွှတ်တော်မှာ အဆိုတင်ခဲ့တာ အောင်မြင်သွားတယ်ဆိုတော့ မကြာမီကာလမှာ ကျွန်တော်တို့သုံးတဲ့ပိုက်ဆံတွေမှာ ကျွန်တော်တို့ရဲ့အမျိုးသားခေါင်းဆောင်ကြီး ပုံနဲ့ပြန်ပြီး ကိုင်တွယ်သုံးစွဲခွင့်ရလာမှာပေါ့။ဒါပေမယ့် ငွေကြေးစက္ကူအပြောင်းအလဲကြောင့် ဒီဘက် အိမ် ခြံ မြေ ဈေးကွက်အပေါ် တစ်စုံတစ်ရာ ထူးထူးခြားခြားဂယက်ရိုက်စရာတေံ မရှိဘူးလို့ ကျွန်တော်မြင်တယ်။ဘာကြောင့်လဲဆို ငါးထောင်တန်တို့ ၊ တစ်သောင်းတန်တို့ ထုတ်မယ်ဆိုတုန်းကတောင် ငွေကြေးဖောင်းပွမှုနဲ့အတူ ဈေးကွက်ထဲ စီးဝင်မှုနှုန်းတွေများလာမယ်ထင်ခဲ့တာ တကယ်တမ်းကြတော့ မဖြစ်ပါဘူး။စနစ်တကျ လှယ်သွားရင်ဘာမှ ဂယက်မရိုက်ဘူး။”””ဟု ဦးသန်းဦးမှ ပြောဆိုသည်။
ငွေကြေးများအား အသစ်ရိုက်ထုတ်သည်ဖြစ်စေ ၊ ပုံစံပြောင်းလဲသည်ဖြစ်စေ အဓိကမှာ စနစ်ကျရန်သာလိုအပ်ကြေင်း ၊ ငွေကြေးလှည့်ပတ်မှုကို ထိန်းသိမ်းလုပ်ဆောင်ရန်သာလိုကြောင်း ၊ လက်ရှိလည်ပတ်နေသောငွေကြေးအားစနစ်တကျဖလှယ်ထည့်သွင်းသွားသင့်ကြောင်းလည်း ၎င်းပုဂ္ဂိုလ်မှ ဆက်လက်ပြောဆိုသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com