မူဆယ်လေယာဉ်ကွင်းဆောင်ရွက်ဖို့ EOI (Expression of Interest) ဖိတ်ခေါ်ထားတယ်လို့ လေကြောင်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ထံကသိရပါတယ်။
နယ်စပ်ကုန်သွယ်မှုပိုမိုလွယ်ကူမြန်ဆန်စေဖို့ မူဆယ်လေယာဉ်ကွင်းသစ် အကောင်အထည်ဖော်ဖို့ရှိနေပြီးလေ ယာဉ်ကွင်းတည်ဆောက်ခြင်း၊ ရင်းနှီးမြုပ်နှံခြင်းနဲ့ လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းတွေကို ppp စနစ်နဲ့ တင်ဒါခေါ် ယူဆောင်ရွက်နေတာဖြစ်ပါတယ်။
စိတ်ဝင်စားတဲ့ပြည်တွင်းကုမ္ပဏီတွေအနေနဲ့ ပြည်ပလုပ်ငန်းများနဲ့ပူးပေါင်းပြီး Consortium ဖွဲ့စည်းပြီး EOI တင် ပြဖို့ဖိတ်ခေါ်ကြောင်း လေကြောင်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
EOI ပုံစံတွေကို မြန်မာ့စီးပွားရေးဘဏ် (အင်းစိန်)ငွေစာရင်းအမှတ် MD 011681 ကိုငွေကျပ် ၁ သိန်းပေးသွင်း ထုတ်ယူနိုင်တယ်လို့သိရပါတယ်။
EOI ပုံစံတွေကို အခုလ ၂၇ ရက်နေ့မှ ဒီဇင်ဘာ ၁ ရက်နေ့ထိထုတ်ယူနိုင်ပြီး ဒီဇင်ဘာ ၁၅ ရက်မှာနောက်ဆုံး တင်ပြရမှာဖြစ်ပါတယ်။
Credit : SFJ Strategy First