ရန်ကုန် အိမ် ခြံ မြေ ဈေးကွက်တွင် လုံးလျင်းအငှားဈေးကွက်သည်လည်း အားကောင်းလျက်ရှိပြီး ယခင်ထက်ပိုမိုများပြားလာခဲ့ကာလက်တလောတွင် လာရောက်ငှားရမ်းနေထိုင်သော ပြည်ပနိုင်ငံသားများအနက် ကိုရီးယားနိုင်ငံသားများအများဆုံးလာရောက်ငှားရမ်းနေထိုင်ကြကြောင်း စုံစမ်းသိရှိရသည်။
”” ပြည်ပနိုင်ငံသားတွေ၊ နိုင်ငံခြားသားတွေအငှားဈေးကွက်တော်တော်အားကောင်းလာတယ်။ရင်းနှီးမြုပ်နှံသူတွေ အလာများလာတော့ နေစရာအတွက် လိုအပ်လာတယ်လေ။လတ်တလောမှာတော့ နိုင်ငံခြားသားတွေထဲကဆိုရင် ကိုရီးယားလူမျိုးတွေ လာတာများတယ်။သူတို့ရှာတဲ့နေရာတွေကတော့ ဗဟန်း၊မရမ်းကုန်း၊မြောက်ဒဂုံမှာဆို ပင်လုံလမ်းဘက်တွေ အဖြစ်များတယ်။ဈေးကတော့ အိမ်နဲ့ နေရာအပေါ်မူတည်တယ်။နောက်ပြီး နေဖို့အဆင်သင့်ဖြစ်နေတဲ့နေရာတွေမှာဘဲ Fully Furniture တွေပဲ နေကြပါတယ်။ဈေးကတော့ ၁၀ သိန်း နဲ့ ၁၅ သိန်း ကြားထဲမှာ အဖြစ်များတယ်။ ””ဟု ရန်ကုန်အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီ တစ်ခုမှတာဝန်ရှိသူ ကပြောပြသည်။
'''' ပြည်ပကနေ Business market နဲ့ ၀င်လာတဲ့သူတွေရှိတယ်။သူတို့တွေအတွက်တော့ အသင့်နေထိုင်လို့ရတဲ့ အိမ်ရာစနစ်တွေကအကောင်းဆုံးပဲ။ဟိုအရင်ကဆို ဟိုတယ်တွေမှာ လာတည်းတာမျိုးတွေပေါ့။အခု ဒီနောက်ပိုင်းမှာက fully furniture တွေပဲ ရွေးချယ်နေထိုင်လာကြတယ်။လတ်တလော လာအငှားများတာကတော့ ကိုရီးယားတွေများတယ်။''''ဟု ဒဂုံမြို့နယ်အခြေစိုက်အိမ် ခြံ မြေ အကျိုးဆောင်တစ်ခုမှ ဆိုသည်။
ပြည်ပနိုင်ငံသားများအနေဖြင့် လုံးချင်းအိမ်ရာများ ငှားရမ်းနေထိုင်ကြရာတွင် ကျပ် ဆယ်သိန်းမှ ဆယ့်ငါးသိန်းဝန်းကျင်အထိ သုံးစွဲကြပြီး လုံခြုံရေးစနစ် ကောင်းမွန်သည့် အိမ်ရာများတွင် ပိုမိုငှားရမ်းနေထိုင်ကြကြောင်းလည်းရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com