ကျပ်သိန်း ၁,ဝဝဝ နှင့် ၃,ဝဝဝ ကြား အိမ်ခြံမြေများဈေးကွက် ပြောင်းလဲနိုင်ခြေနည်းဟု အကျိုးဆောင်များ သုံးသပ်

ကျပ်သိန်း ၁,ဝဝဝ နှင့် ၃,ဝဝဝ ကြား အိမ်ခြံမြေများဈေးကွက် ပြောင်းလဲနိုင်ခြေနည်းဟု အကျိုးဆောင်များ သုံးသပ် - Property News in Myanmar from iMyanmarHouse.com
24 Nov 2017 12:08 pm တွင် တင်ခဲ့သည်
3523 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့ အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်ဟာလည်ပတ်မှု နှေးကွေးနေပေမဲ့ ကျပ်သိန်း ၁,ဝဝဝ နဲ့ကျပ်သိန်း ၃,ဝဝဝ အကြား တန်ကြေးရှိ အကွက်အကွင်းကောင်း အိမ်ခြံမြေတွေကတော့ တန်ဖိုးကျဆင်း ပြောင်းလဲနိုင်ခြေနည်းပါးကြောင်း အိမ်ခြံမြေအကျိုးဆောင်တချို့က သုံးသပ်ပါတယ်။

အိမ်ခြံမြေဈေးကွက်ဟာ အရောင်းအဝယ်ထက်အငှားဈေးကွက်ကိုသာအားထား အလုပ်လုပ်နေကြရဆဲဖြစ်ပါတယ်။

အိမ်ခြံမြေအကွက်အကွင်း သိပ်မကောင်းတဲ့ကျပ်သိန်း ၁,ဝဝဝ အောက်တန်ကြေးရှိတဲ့ အိမ်ခြံမြေတချို့ကတော့ ဈေးနှုန်းချပြီး ဈေးခေါ်လာတာ၊ ညှိနှိုင်းရောင်းချလာတာမျိုး တွေ့ရပါတယ်။ ဒါပေမဲ့ လူနေသိပ်သည်းပြီး နေရာကောင်းမွန်တဲ့ အိမ်ခြံမြေတွေကတော့ ဈေးနှုန်းထူးထူးခြားခြားပြောင်းလဲမှုမရှိဘဲ တည်ငြိမ်တဲ့ဈေးကွက်အဖြစ် ရပ်တည်နေပါတယ်။

အထူးသဖြင့် ဈေးနှုန်းတည်ငြိမ်တဲ့ အိမ်ခြံမြေအကွက်အကွင်းတွေအဖြစ် သိပ္ပံလမ်းရဲ့ တောင်ဘက်ခြမ်းနဲ့ ၇၃ လမ်းရဲ့ အရှေ့ဘက်ခြမ်းတစ်လျောက်က ဧရိယာတွေနဲ့ သိပ္ပံလမ်းနဲ့ ၃၅ လမ်းကြား ဧရိယာတွေကို အများဆုံး တွေ့ရပါတယ်။

အိမ်ခြံမြေတန်ဖိုး ကျပ်သိန်း ၃,ဝဝဝ ဝန်းကျင်လို့ဆိုရာမှာ အခြေကျပြီးဖြစ်တဲ့ မြို့သစ်ရဲ့ လမ်းအတွင်းပိုင်းတွေကိုသာ ဆိုလိုတာဖြစ်ပြီး အဓိကကျတဲ့ မိန်းလမ်းမတွေပေါ်တင်တဲ့ အိမ်ခြံမြေတွေကိုတော့ ဒီဈေးနှုန်းနဲ့ မရနိုင်ပါဘူး။ လူနေသိပ်သည်းမှု နည်းပါးပြီး အရှေ့ဖျားကျတဲ့ မြို့ကွက်သစ် ဧရိယာတွေမှာတော့ လမ်းမတန်းပေါ်တင်တဲ့ အိမ်ခြံမြေတွေကို ကျပ်သိန်း ၁,ဝဝဝ ဝန်းကျင်ဈေးနှုန်းနဲ့ ရနိုင်ပါတယ်။

လက်ရှိဈေးနှုန်းတွေအရ ကျပ်သိန်း ၁,ဝဝဝ နဲ့ကျပ်သိန်း ၃,ဝဝဝ ဝန်းကျင်ဈေးနှုန်းတွေကို အလယ်အလတ်ဈေးနှုန်းလို့ သတ်မှတ်ရမှာဖြစ်ပြီး ကျပ်သိန်း ၁,ဝဝဝ အောက်တွေကိုတော့ အနိမ့်ဈေးနှုန်းတွေလို့ သတ်မှတ်ရမယ့်အခြေအနေ ဖြစ်ပါတယ်။

ကျပ်သိန်း ၅ဝဝ ဝန်းကျင်သုံးပြီး တည်နေရာ အသင့်အတင့်ရှိတဲ့ အိမ်ခြံမြေတွေကို ရှာလို့ရနိုင်ပေမဲ့ ပုံမှန်ပေ ၄ဝ၊ ပေ ၆ဝ အကျယ်ရှိတဲ့ မြေကွက်ပြည့်မဟုတ်ဘဲ မြေကွက်ကျဉ်းဖြစ်ပြီး နေရာကလည်း အခြေကျပြီးဖြစ်တဲ့ မြို့သစ်နဲ့နည်းနည်း အလှမ်းဝေးပါလိမ့်မယ်။

ကျပ်သိန်း ၁,ဝဝဝ နဲ့ ၃,ဝဝဝ ကြား အိမ်ခြံမြေဈေးကွက် တည်ငြိမ်ရခြင်းအကြောင်းရင်းက မြို့တွင်းနဲ့ဖြစ်ဖြစ်၊ မြို့အရှေ့ဖျားနဲ့ဖြစ်ဖြစ် ဆက်သွယ် သွားလာရတာ လွယ်ကူပြီး လူနေသိပ်သည်းမှုရှိတာ၊ အဆောက်အအုံကောင်းတွေ အခြေချထားတာစတဲ့ အဓိကအချက်တွေကြောင့်ဖြစ်ပြီး ဈေးနှုန်းတန်းအရလည်း မနည်းမများတဲ့ကြားမှာ ရှိနေတာကြောင့် ဖြစ်ပါတယ်။ ဧရိယာအများစုဟာ လူနေသန့်တာကြောင့် လူနေထိုင်ဖို့အတွက် မျက်စိကျစရာ ဈေးကွက်တစ်ခု ဖြစ်နေပါတယ်။

စီးပွားရေးအခွင့်အလမ်းအရလည်း သိပ္ပံလမ်းတောင်ဘက်ခြမ်းက အိမ်ခြံမြေဧရိယာတွေဟာ ဈေးကွက်ဝေစုကို မြို့တွင်းနဲ့ မျှယူလာပြီလို့တောင် ပြောလို့ရပါတယ်။

ဥပမာ- မြို့သစ်မှာ အခြေတည်လာတဲ့ မင်္ဂလာမန္တလေးစီမံကိန်းလို၊ ၆၂ လမ်းပေါ်မှာ အခြေကျနေတဲ့ စီးပွားရေးလုပ်ငန်းတွေလို အခြေအနေတွေကိုကြည့်ရင် သိနိုင်ပါတယ်။

မြို့တွင်းဧရိယာလို မြင့်မားတဲ့ ဈေးနှုန်းတန်းတွေနဲ့မဟုတ်ဘဲ ကွဲပြားတဲ့အသွင်နဲ့ ဖွံ့ဖြိုးမှုကောင်းနေတာကြောင့် အထက်ကပြောခဲ့တဲ့ ကျပ်သိန်း ၁,ဝဝဝ နဲ့ ၃,ဝဝဝ ကြား ဧရိယာတွေဟာ အိမ်ခြံမြေဈေးကွက် ထူးထူးခြားခြားမသွက်လက်ဘဲ ဈေးနှုန်းအရ တည်တည်ငြိမ်ငြိမ် ရပ်တည်နေဦးမယ်လို့ အကျိုးဆောင် အများစုက သုံးသပ်ကြပါတယ်။ 

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

imyanmarmarket
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service