မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုဥပဒေ ၂၀၁၈ အတွင်း ပြဋ္ဌာန်းနိုင်ဖွယ်ရှိ

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုဥပဒေ ၂၀၁၈ အတွင်း ပြဋ္ဌာန်းနိုင်ဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
24 Nov 2017 12:02 pm တွင် တင်ခဲ့သည်
5110 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကို ၂၀၁၈ ခုနှစ်အတွင်း သတ်မှတ်ပြဋ္ဌာန်းနိုင်ဖွယ်ရှိတယ်လို့ မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေကိုယ် စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေး အသင်းဥက္ကဋ္ဌက ပြောပါတယ်။

မန္တလးမြို့မှာ သည်နေ့ (နိုဝင်ဘာ ၂၂ ရက်) ပြုလုပ်တဲ့ “နေပြည်တော် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်မှာ မြန်မာနိုင်ငံအိမ်ခြံမြေ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း နဲ့ မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းပါ ဝင် ဆွေးနွေးပြုစုခဲ့တဲ့ အိမ်ခြံမြေ ဝန်ဆောင်မှုဥပဒေကြမ်း (မူကြမ်း) ရှင်းလင်းတင်ပြပွဲမှာ မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေ ကိုယ်စား လှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးတင်မောင်က အထက်ပါအတိုင်း ပြောတာပါ။

သူက “ဥပဒေထွက်ဖို့အတွက်က သိပ်မကြာနိုင်တော့ဘူး၊ ( ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်) ကော်မရှင်က မှန်းတာတော့ မတ်၊ ဧပြီ ဒီအတောအတွင်းတော့ ထွက်မယ်လို့ မှန်းထားတယ်၊ ဒါပေမဲ့ သေချာတဲ့တစ်ခုကတော့ ၂၀၁၈ ခု နှစ်တော့ မကျော်ပါဘူး၊ သူတို့လဲ အ တတ်နိုင်ဆုံး ပြီးအောင် ကြိုး စားနေတယ်”လို့ ပြောပါတယ်။

အိမ်ခြံမြေဝန်ဆောင်မှုဥပဒေ (မူကြမ်း) ကို ၂၀၁၆ ခုနှစ် ကတည်း က စတင်ရေးဆွဲပြုစုနေတာဖြစ်ပြီး ယခုအခါမူကြမ်းအဆင့်ပြီးစီးပြီဖြစ် လို့ ပြည်သူ့လွှတ်တော်တင်ဖို့ ကို တော့  ရှေ့လထဲဖြစ်ဖို့များပါတယ်။

သည်ဥပဒေပြဋ္ဌာန်းခြင်းဖြင့် တစ်အချက်က FDI လောအရ နိုင်ငံတကာဝင်လာရင် ဥပဒေနဲ့အညီ သူတို့လုပ်ကိုင်ဆောင်ရွက်ခွင့်ရတဲ့အတွက် နိုင်ငံအပေါ်မှာ စီးပွား ရေးလုပ်တဲ့အခါမှာ ယုံကြည်မှု ပိုပြီး အားသာတယ်၊ ရင်းနှီးမြှုပ်နှံတဲ့ နေရာမှာ လွယ်ကူလာမယ်၊ဘယ်နိုင်ငံကလာလာ ရင်းနှီးမြှုပ်နှံတဲ့အခါမှာ အိမ်ခြံမြေနဲ့ကင်းပြီးနေလို့မရတဲ့ အတွက် အိမ်ခြံမြေဥပဒေမရှိတဲ့အခါမှာ သူတို့အနေနဲ့ ဝင်ဖို့ခက်တယ်၊ နံပါတ်နှစ်အနေနဲ့ ပြည်သူလူထု အတွင်းမှာဖြစ်ပေါ်နေတဲ့ အမှားအယွင်းတွေ ကင်းသွားမယ်၊ ဥပဒေနဲ့အညီ ခံစားခွင့်ရရှိလာမယ်လို့ မန္တ လေးတိုင်းဒေသကြီးအိမ်ခြံမြေ ကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးတင်မောင်က ဆိုပါတယ်။

သူက“ဥပဒေနဲ့အညီ ဝန်ဆောင် မှုပြုတဲ့သူတွေမှာလဲ ရသင့်ရထိုက် တဲ့ခံစားခွင့်ကို ဥပဒေနဲ့အညီရ မယ်၊ နိုင်ငံတော်ကလဲ ဥပဒေနဲ့ အညီ လိုင်စင်တို့၊ ခွင့်ပြုလက်မှတ်တို့ ထုတ်ပေးတဲ့အတွက်ပစ်စလက် ခတ်လုပ်လို့မရ တော့ဘူး၊ တဖြည်း ဖြည်းနဲ့ အန် ကယ်တို့က ဘာကို ရည်ရွယ်တာလဲဆိုတော့ ဒီဥပဒေ ပြဋ္ဌာန်းပြီးသွားလို့ရှိရင် နောက်ပိုင်းမှာ အိမ်ခြံမြေ ဝန်ဆောင်မှုပြုတဲ့သူတွေကို သင်တန်းကျောင်းတွေ ဖွင့်ပေးမယ်၊ သင်တန်းတွေပေးမယ်၊လက်မှတ်တွေထုတ်ပေးမယ်၊ မွမ်းမံသင်တန်းတွေပေးမယ်၊ နိုင်ငံတကာနဲ့ စံချိန်ညီအောင် တဖြည်း ဖြည်းနဲ့ ပြုပြင်ပြီးတော့ ထိန်းကျောင်းသွားမယ်၊ တခြားသော နိုင်ငံတွေနဲ့ယှဉ်ရင် ဝန်ဆောင်မှုပြု လုပ်တဲ့သူတွေက အောက်မှာရောက်နေတယ်၊ ဒါကြောင့်မို့လို့ အာဆီယံလယ်ဗယ်နဲ့ တဖြည်း ဖြည်းမြင့် မြင့်သွားအောင်လုပ်နေတယ်”လို့ ပြောပါတယ်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

Royal Theikdi Condo
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service