ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိကျူးကျော်နေသူများအတွက် ဆောက်လုပ်ပေးမည့် ကျူးကျော်အိမ်ရာများကို ပြုလုပ်မည့်တွံတေးမြို့နယ်အတွင်း လယ်မြေများကိုရောင်းချခြင်းမပြုလုပ်ရန် တောင်ပိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးမှ ဒေသခံလယ်သမားများနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။
တွံတေးမြို့နယ်အတွင်းတွင် လယ်မြေဧက ၃ဝဝဝခန့်တွင် ကျူးကျော်များအတွက်အိမ်ရာများဆောက်လုပ်ပေးရန်စီစဉ်နေသည့်အပြင် မြေယာလျော်ကြေးအဖြစ်တစ်ဧကလျှင်မြို့မြေသတ်မှတ်ပြီးသည့်မြေ ၂ဝရာခိုင်နှုန်းကိုပြန်လည်ပေးမည်ဖြစ်ကြောင်းလည်းလယ်သမားများကို အသိပေးပြီးဖြစ်ကြောင်း သိရသည်။
မကြာမီဖော်ဆောင်တော့မည့်အနောက်တောင်မြို့သစ်စီမံကိန်းတွင်လည်း တွံတေးမြို့နယ်ရှိလယ်မြေအချို့ပါဝင်မည်ဖြစ်ပြီး လယ်မြေအများစုမှာ လက်ရှိတွင်ဒေသခံလယ်သမားများပိုင်ဆိုင်မှုအလွန်နည်းပါးနေပြီဖြစ်ကြောင်း သိရသည်။
ကျူးကျော်များအတွက်ဆောက်လုပ်မည့်အိမ်ရာစီမံကိန်းကို တွံတေးမြို့နယ်၊ပဒံရေကျော်ကျေးရွာအုပ်စု၊ခရမ်းဝကျေးရွာအုပ်စု၊ခလောက်ချိုက်ကျေးရွာအုပ်စု၊တမန်ကြီးကျေးရွာအုပ်စု၊ခရမ်းကြီးကျေးရွာအုပ်စု၊တမာတကောကျေးရွာအုပ်စုတို့ရှိလယ်မြေများပေါ်တွင်လုပ်ဆောင်မည်ဖြစ်ရာ ယင်းလယ်မြေများသိမ်းဆည်းရန်နှင့် လျော်ကြေးပေးမည့်အခြေအနေများကို သဘောတူညီမှုရှိ မရှိ လယ်ပိုင်ရှင်များ၏ သဘောထားကို ယခုလအတွင်း အပြီးသတ်ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။
Credit :Pyi Myanmar