မန္တလေး မြို့ အိမ်ခြံမြေဈေးကွက်တွင် ယခု ရက်ပိုင်းအတွင်း အရောင်းအ၀ယ် ဈေးနှုန်းများကျဆင်းလာမှုကြောင့် ယခင်လများကထက် သိသာစွာ နည်းပါးလာနေပြီး အငှားဈေးနှုန်း များသာမြင့်တက်လျက်ရှိကြောင်း အကျိုးတော်ဆောင်လုပ်ငန်းများ မှ သိရသည်။
"ငွေအရေးတကြီးပေါ်ချင် တဲ့သူတွေသာ မြေကွက်တွေကို ထုတ်ရောင်းနေကြ တဲ့အခြေအနေ ပါ။ ဈေးကွက်အနေအထား အရ ဈေးလျှော့ ပြီး ရောင်းနိုင်မှ အ၀ယ် ရှိပါတယ်။ နေရာပေါ်မူ တည်ပြီး တော့ ၁၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိလောက်ကို ကျ ဆင်းလာပေမယ့် ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားမှုမရှိကြတော့ပါဘူး။ အရင်တုန်းက ဈေးကျဆင်းတဲ့အချိန်ဆို ၀ယ်လို အားတော်တော် လေးကောင်းပေ မယ့် အခုတော့ ၀ယ်ပြီး လွယ်လွယ်နဲ့ပြန်ရောင်းမ ထွက်မှာကို စိုးရိမ်လာကြတာပါ။
လက်ရှိအရောင်းအ၀ယ်နည်းနည်း ဖြစ်နေတာကတော့ မြို့စွန်ပိုင်းနဲ့ မြို့တွင်းရပ်ကွက်တွေထဲမှာ ကျပ် သိန်း ၃၀၀ ကနေ ကျပ်သိန်း ၆၀၀ အတွင်းပေါက်ဈေးရှိတဲ့ အဆင်သင့် နေထိုင်နိုင်တဲ့ အိမ်လေးတွေဖြစ် ပါတယ်။ မြို့တွင်းမှာဆိုရင် အချက် အချာကျတဲ့နေရာတိုင်းမှာ ဆိုင် ခန်းတစ်ခုငှားရမ်းဖို့က တော်တော် မလွယ်ကူ သလို ဈေးတွေကလည်း တရိပ်ရိပ်မြင့်မားနေဆဲပါ " ဟု မန္တလေးမြို့ အိမ်ခြံမြေ အကျိုးတော် ဆောင် လုပ်ငန်းလုပ်ကိုင်နေသူ ဦး ထွန်းမြင့်က နိုဝင်ဘာ ၂၀ ရက် တွင် ပြောကြားသည်။
မန္တလေးအိမ်ခြံမြေဈေးကွက် ကို ပြန်လည်ဦးမော့ လာနိုင်ကြောင်း မျှော် မှန်းထားကြသော်လည်း ပေါက်ဈေးထက်ပိုမိုများနေခြင်း နှင့် အခွန်နှုန်းထား များပြားခြင်း တို့က ဈေးကွက်ကိုအဟန့်အ တားဖြစ်စေကြောင်း အိမ်ခြံမြေ အကျိုးတော်ဆောင်များက သုံး သပ်ကြပြီး လက်ရှိအရောင်းအ၀ယ် ဖြစ်နေသည့်နေရာများနှင့်မြေဈေး နှုန်းများမှာ မြရည်နန္ဒာမြို့သစ်ပိုင်း၊ လမ်း ၅၀၊ ၅၁ လမ်း၊ ၅၂ လမ်း ဘက်တွင် လမ်းမေး တင်မြေကွက် များမှာ ငွေကျပ်သိန်း ၁၀၀၀ ၀န်းကျင်၊ လမ်းကြားကွက် များမှာ ငွေကျပ်သိန်း ၄၀၀ မှ ငွေကျပ် သိန်း ၇၀၀ ကြားအထိ၊ တတ၊ ထထ၊ ဒဒ အပိုင်းတို့တွင် ငွေကျပ် သိန်း ၅၀၀ ၀န်းကျင်၊ စက်မှုဇုန်အနီး လမ်းမေးတင်မြေကွက်များမှာ ငွေ ကျပ်သိန်း ၈၀၀ မှ ငွေကျပ်သိန်း ၂၀၀၀ အထိ အသီးသီးရှိကြောင်း ဈေးကွက်မှ သိရသည်။
Credit: Democracytoday