The Da Vinci Code နှင့် Prince of Persia: The Sands of Time သရုပ်ဆောင် အဲဖရက် မိုလီနာ လော့စ်အိန်ဂျလိနေအိမ်ကို ရောင်းချလိုက်ပြီ

The Da Vinci Code နှင့် Prince of Persia: The Sands of Time သရုပ်ဆောင် အဲဖရက် မိုလီနာ လော့စ်အိန်ဂျလိနေအိမ်ကို ရောင်းချလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
23 Nov 2017 11:40 am တွင် တင်ခဲ့သည်
3198 ကြိမ် ကြည့်ရှု့ပြီး
အဲဖရက် မိုလီနာ၏ အမည်အပြည့်အစုံမှာ အယ်လ်ဖရီဒို အဲဖရက် မိုလီနာဖြစ်ပြီး ၁၉၅၃ ခုနှစ်၊ မေလ ၂၄ ရက်တွင် မွေးဖွားကာ အင်္ဂလိပ်လူမျိုး၊ အမေရိကန်သရုပ်ဆောင်တစ်ဦးဖြစ်သည်။

ရုပ်ရှင်ဇာတ်ကားများစွာ သရုပ်ဆောင်ခဲ့သည့်အနက် ထင်ရှားသည့် ဇာတ်ကားများမှာ Raiders of the Lost Ark (၁၉၈၁), Enchanted April (၁၉၉၂), Maverick (၁၉၉၄), Boogie Nights (၁၉၉၇), Chocolat (၂၀၀၀), Spider-Man 2 (၂၀၀၄), The Da Vinci Code (၂၀၀၆), An Education (၂၀၀၆), Prince of Persia: The Sands of Time (၂၀၁၀), The Sorcerer's Apprentice (၂၀၁၀), Rango (၂၀၁၁) နှင့် Whiskey Tango Foxtrot (၂၀၁၆) တို့ ဖြစ်ကြသည်။

မိုလီနာသည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၊ ပက်ဒင်တန်အရပ်တွင် မွေးဖွားကာ ဖခင်ဖြစ်သူ အက်စတီဘန် မိုလီနာသည် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့မှ အင်္ဂလန်သို့ ရွှေ့ပြောင်းအခြေချကာ စားပွဲထိုး၊ ယာဉ်မောင်းအလုပ်များဖြင့် အသက်မွေးခဲ့သည်။

မိခင်ဖြစ်သူ ဂျီယိုဗာနာမှာ ဟိုတယ်များတွင် အခန်းသန့်ရှင်းရေးဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့သည်။ယခုရောင်းချလိုက်သည့် နေအိမ်မှာ လော့စ်အိန်ဂျလိမြို့ အနောက်ဘက် Sunset Square တွင် တည်ရှိသည်။
မိုလီနာနှင့် ဇနီးဖြစ်သူ ရုပ်ရှင်သရုပ်ဆောင်၊ စာရေးဆရာမ ဂျီးလ် ဂက်စ်ကွိုင်းတို့သည် အဆိုပါနေအိမ်ကို ၁၉၉၅ ခုနှစ်အတွင်း ကန်ဒေါ်လာ ၅၆၅၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၅ ခန်းအပြင် ခြံဝန်းအတွင်း ဧည့်ဂေဟာတစ်ခုလည်း ပါဝင်သည်။ယခုနှစ် သြဂုတ်လအတွင်းက ကန်ဒေါ်လာ ၂ ဒသမ ၉၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ဖူးသော်လည်း ရောင်းမထွက်ခဲ့ဘဲ ယခုအခါ ၂ ဒသမ ၈ သန်းဖြင့် ရောင်းထွက်သွားခြင်းဖြစ်သည်။

နေအိမ်ကြမ်းခင်းဧရိယာ စတုရန်းပေ ၄၄၂၀ ရှိပြီး မီးလင်းဖိုပါသည့် ဧည့်ခန်း၊ နံရံမြှုပ်စာအုပ်စင်များပါဝင်သည့် စာကြည့်တိုက်၊ စတီးအသုံးအဆောင်ပစ္စည်းများ ထည့်သွင်းပေးထားသည့် အီတလီစတိုင် မီးဖိုဆောင်တို့ ပါဝင်သည်။
အပေါ်ထပ်တွင် အိပ်ခန်း ၃ ခန်းပါဝင်ပြီး ၂ ခန်းတွင် ရေချိုးခန်းနှင့် အဝတ်အစားထားသိုခန်းတို့ ပါဝင်သည်ဟု ဆိုသည်။

ပြင်ပဟင်းလင်းပြင်နေရာများလည်း ကျယ်ပြန့်စွာ ပါဝင်ပြီး ပန်းဥယျာဉ်များကို စီးမိုးတွေ့မြင်နေရသည့် လသာဆောင်များ တွေ့ရသည်။
နေအိမ်အရောင်းအဝယ်ကို Compass အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် ဂျက်ကီ ဖစ်စ်ကီက ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

မစ္စတာ မိုလီနာသည် အသက် ၆၄ နှစ်အရွယ်ရှိပြီဖြစ်ပြီး မကြာသေးမီက ထုတ်လွှင့်ခဲ့သည့် “Angie Tribeca” ရုပ်သံဇာတ်လမ်းတွဲတွင်လည်း ပါဝင်သရုပ်ဆောင်ထားသည်။မစ္စတာမိုလီနာကမူ ယခုနေအိမ်ရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ချက်တစ်စုံတစ်ရာ မပေးထားချေ။

မိုလီနာတို့ ဇနီးမောင်နှံသည် လော့စ်အိန်ဂျလိ၏ မြောက်ဘက် မိနစ် ၂၀ ခရီးကွာဝေးသော La Canada Flintridge မြို့ကလေးတွင် စတုရန်းပေ ၃၄၀၀ ကျယ်ဝန်းသည့် နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၂ ဒသမ ၇၅ သန်းဖြင့် မကြာသေးမီကမှ ဝယ်ယူထားခဲ့ပြီး ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
The Da Vinci Code နှင့် Prince of Persia: The Sands of Time သရုပ်ဆောင် အဲဖရက် မိုလီနာ လော့စ်အိန်ဂျလိနေအိမ်ကို ရောင်းချလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
The Da Vinci Code နှင့် Prince of Persia: The Sands of Time သရုပ်ဆောင် အဲဖရက် မိုလီနာ လော့စ်အိန်ဂျလိနေအိမ်ကို ရောင်းချလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
The Da Vinci Code နှင့် Prince of Persia: The Sands of Time သရုပ်ဆောင် အဲဖရက် မိုလီနာ လော့စ်အိန်ဂျလိနေအိမ်ကို ရောင်းချလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
The Da Vinci Code နှင့် Prince of Persia: The Sands of Time သရုပ်ဆောင် အဲဖရက် မိုလီနာ လော့စ်အိန်ဂျလိနေအိမ်ကို ရောင်းချလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
The Da Vinci Code နှင့် Prince of Persia: The Sands of Time သရုပ်ဆောင် အဲဖရက် မိုလီနာ လော့စ်အိန်ဂျလိနေအိမ်ကို ရောင်းချလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
The Da Vinci Code နှင့် Prince of Persia: The Sands of Time သရုပ်ဆောင် အဲဖရက် မိုလီနာ လော့စ်အိန်ဂျလိနေအိမ်ကို ရောင်းချလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
The Da Vinci Code နှင့် Prince of Persia: The Sands of Time သရုပ်ဆောင် အဲဖရက် မိုလီနာ လော့စ်အိန်ဂျလိနေအိမ်ကို ရောင်းချလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
The Da Vinci Code နှင့် Prince of Persia: The Sands of Time သရုပ်ဆောင် အဲဖရက် မိုလီနာ လော့စ်အိန်ဂျလိနေအိမ်ကို ရောင်းချလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

CarsDB Showroom Opening
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service