ကန်တော်ကြီးပဲလေ့စ် ဟိုတယ်ကို အမြန်ဆုံးပြန်လည်တည်ဆောက်မည်ဖြစ်ပြီး လက်ရှိတွင်ပင် မြို့တော်စည်ပင်သာယာရေးကော်မတီသို့ တင်ပြရန် ပြင်ဆင်နေပြီဟု ထူးဟိုတယ်ကုမ္ပဏီ (Htoo Hospitality) ၏ စီမံဌာန ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး ဦးမြတ်မင်းဇင်က မြန်မာတိုင်း(မ်)ကို ပြောသည်။
''ဝန်ထမ်းတွေ စိတ်ဓာတ်မကျဖို့ အလုပ်အကိုင် မြန်ဆန်စွာ ပြန်လည်ရရှိအောင် ရည်ရွယ်ပြီး အမြန်ဆုံး ပြန်ဆောက်ဖို့ လုပ်ဆောင်နေပါပြီ''ဟု ၄င်းက ပြောသည်။
လက်ရှိတွင် မီးလောင်သွားသော အဆောက်အအုံကို ဖြိုချခြင်းလုပ်ဆောင်ရမည်ဖြစ်ပြီး ယခုနှစ်ကုန်ခန့်အမီ ပြီးစီးအောင် အမြန်ဆုံးဆောင်ရွက် မည်ဟုလည်း ဆိုသည်။
ပြန်ဆောက်မည့်ဟိုတယ်၏ ဒီဇိုင်းမှာမူ လက်ရှိအချိန်တွင် အတည်မပြုရသေးသဖြင့် ကုန်ကျစရိတ်ကို တိကျစွာ ပြောဆိုနိုင်ခြင်းမရှိသေးဟုလည်း ၄င်းက ပြောသည်။
အဆိုပါဟိုတယ်သည် အောက်တိုဘာ ၁၉ ရက်တွင် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။
Credit: Myanmar Times