ဒေသခံပြည်သူလူထုကို အကျိုးပြုနိုင်မည့် မူဝါဒနှင့် ဥပဒေများ ပြဋ္ဌာန်းပြီးမှသာ ကျောက်ဖြူအထူးစီးပွားရေးဇုန် ကို အကောင်အထည်ဖော်သင့် ကြောင်း ကျောက်ဖြူကျေးလက် ဒေသဖွံ့ဖြိုးရေးအသင်းက ထုတ်ပြန်သည့်အစီရင်ခံစာတွင်
ဖော်ပြ သည်။
ကျောက်ဖြူမြို့တွင် အ ကောင်အထည်ဖော်ရန် စီစဉ်နေ သည့် အထူးစီးပွားရေးဇုန်စီမံကိန်းနှင့် ပတ်သက်၍ ဖြစ်ပေါ်လာနိုင် သော အခွင့်အလမ်းများနှင့် စိန် ခေါ်မှုများအကြောင်း ရေးသားထားသည့် အစီရင်ခံစာတစ်စောင် ကို အရပ်ဘက်လူမှုအဖွဲ့အစည်း များဖြင့် ဖွဲ့စည်းထားသည့် ကျောက်ဖြူကျေးလက်ဒေသဖွဲ့ဖြိုးရေးအ သင်းက နိုဝင်ဘာ ၂၀ ရက်၌ ထုတ်ပြန်ခြင်း ဖြစ်သည်။
ဒေသခံများ၏ အခွင့်အရေး ကို အလေးထားသည့် စီမံကိန်း တစ်ခုဖြစ်လာစေရန် ရည်ရွယ်၍ အစီရင်ခံစာထုတ်ပြန်ရခြင်းဖြစ်သည်ဟု ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းညှိနှိုင်းရေးမှူး ကိုထွန်းကြည်က ပြောကြားသည်။
‘‘စီမံကိန်းလုပ်လာရင် မြစ် ကြောင်းတစ်လျှောက်လုပ်နေတဲ့ ရေလုပ်သားတွေရဲ့ အခွင့်အရေး တွေကို အဓိကထောက်ပြပြီးတော့ လူ့အခွင့်အရေးချိုးဖောက်ခံရမှု တို့၊ ဒေသခံတွေရဲ့ မြေယာပိုင်ဆိုင်မှု ဓလေ့စရိုက်တို့ကို အသိ အမှတ်မပြုတာမျိုးတို့ကို အဓိကထားပြီး အစီရင်ခံစာရေးထားပါ တယ်’’ ဟု ကိုထွန်းကြည်က ဆို သည်။
စီမံကိန်းကြောင့် ဖြစ်ပေါ် လာမည့် ဆိုးကျိုးများကို ကာကွယ်ရန် မြန်မာနိုင်ငံတွင် လုံလောက်သည့် ဥပဒေ မရှိသေးကြောင်း ပညာရှင်များက ထောက်ပြထား၍ ဒေသခံပြည်သူလူထုကို အကျိုးပြုမည့် ရင်းနှီးမြှုပ်နှံမည့် မူဝါဒနှင့် ဥပဒေများပြဋ္ဌာန်းပြီးမှသာ အကောင်အထည်ဖော်သင့်ကြောင်း အစီရင်ခံစာတွင် အကြံပြုထားသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် တည်ရှိပြီး တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီအုပ်စုကအကောင်အထည်ဖော်ခွင့်ရထား သည်။
အဆိုပါစီမံကိန်းကို ယခင်အစိုးရသက်တမ်း ကုန်ဆုံးခါနီး တွင် အလျင်အမြန်အကောင်အထည်ဖော်ရန်ဆောင်ရွက်ခဲ့ပြီး စီမံ ကိန်းအတွက် တရုတ်ထံမှ အစိုးရ က ချေးယူရမည့်ငွေသည် အတိုးနှုန်းများသဖြင့် ဒေသခံများက စိုးရိမ်နေသော စီမံကိန်းဖြစ်သည်။ တင်ဒါအောင်ထားသည့် CITIC ကုမ္ပဏီအုပ်စုသည် ကျောက်ဖြူ အထူးစီးပွားရေးဇုန်အတွင်း စက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်း စီမံ ကိန်းနှစ်ခုကို ကန်ဒေါ်လာကိုးဘီလီယံရင်းနှီးမြှုပ်နှံပြီး မြေဧက ၄,၂၀၀ ကျော် အသုံးပြု၍ အကောင်အထည်ဖော်မည် ဖြစ်သည်။
Credit: 7Daydaily