တစ်နိုင်ငံလုံးတွင် ၇နှစ်အတွင်း အိမ်အခန်းပေါင်း ၆၅၀၀၀ ကျော်ကို ဖော်ထုတ် ဆောက်လုပ်နိုင်ခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စု
ဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။
ဦးသိန်းစိန် အစိုးရလက်ထက်နှင့် ဒီချုပ်အစိုးရလက်ထက် ကာလနှစ်ခုပေါင်းတွင် အိမ်ခန်းပေါင်း ၆၅၀၀၀ ကျော်ကို ၂၀၁၁ က စတင်ပြီး ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကမီဒီယာများနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
ထပ်မံပြီး လာမည့် နှစ်၃၀အတွင်း အခန်းပေါင်း တစ်သန်းကျော်ကိုဖော်ထုတ်သွားရန် ရည်မှန်းထားကြောင်း ၄င်းကဆက်လက်ပြောကြားသည်။
လက်ရှိတွင် အစိုးရလက်ထက်နှစ်ခု အတွင်း အခန်းပေါင်း ၆၅၀၀၀ ကျော်သာ ဖော်ထုတ်နိင်ခဲ့ခြင်းမှာ အရေအတွက် အလွန်နည်းပါးပြီး နိုင်ငံ၏ လူဦးရေနှင့်နှိုင်းယှဉ်ပါက လွန်စွာနည်းပါးကြောင်း မြို့ပြစီမံကိန်းပညာရှင်များက ဝေဖန်ကြသည်။
အစိုးရကအခန်းများကို ဆက်လက်ဖော်ထုတ်ရာတွင် လူဦးရေအလွန်များပြားနေပြီဖြစ်သေ ရန်ကုန် မန္တလေး အစရှိသော မြို့များတွင် အရေအတွက် အမြောက် အမြား ပိုမိုဖော်ထုတ်သင့်ကြောင်း၎င်းတို့ကဆိုသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနသည် အိမ်ခန်း အရေအတွက် အမြောက်အမြားကို ဖော်ထုတ်လိုသော်လည်း မြေနေရာဈေးကြီးမှုနှင့် အစိုးရပိုင် မြေရှားပါးနေမှုကြောင့် ထင်သလောက် အကောင် အထည် မဖော်နိုင်ခြင်းလည်းဖြစ်သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com