မြေအောက်မှာ ကားအစီးရေ တစ်ရာနီးပါး ရပ်နိုင်မယ့် ကားပါကင် ငါးထပ်ပါဝင်တဲ့ ၂၆ ထပ်အဆောက်အအုံ တစ်ခုကို Mottama Development Group ကုမ္ပဏီလီမိတက်နဲ့ Peace Myanmar Electric Holding လီမိတက်တို့ ပူပေါင်းပြီး မြန်မာနိုင်ငံမှာ ပထမဦးဆုံး မြေအောက် Habour Trade Tower အထပ်မြင့် ရုံးအဆောက်အအုံ တည်ဆောက်ဖို့ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။
သည်အခမ်းအနားကို နိုဝင်ဘာ ၁၈ ရက် နံနက် ၁၀း၀၀ နာရီက ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။
‘ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရဲ့ ခွင့်ပြုချက်ကိုလဲ ရယူထားပြီး ဖြစ်ပါတယ်။ လက်ရှိအနေနဲ့ ဖောင်ဒေရှင်းကတော့ပြီးသွားပါပြီ၊ တည်ဆောက်ရေး လုပ်ငန်းအားလုံးကို ၂၀၂၀ ပြည့်နှစ်အပြီး တည်ဆောက်ရန် မျှော်မှန်းထားပါတယ်။ မြေငလျင်ဒဏ်ကြံ့ခိုင်မှု၊ မီးဘေးလုံခြုံရေး စသည်ဖြင့် သေချာစွာ ဒီဇီုင်းရေးဆွဲပြီးတော့ တည်ဆောက်မှာပါ။ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးခေတ်မီ အဆောက်အအုံအဖြစ် အပြည်ပြည်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေရဲ့ အခြေခံဒီဇိုင်းတွေနဲ့အညီ တည်ဆောက်ပေါ်ထွက်လာမှာပါ ’ လို့ Peace Myanmar Electric Holding Limited မှ ဥက္ကဌက ပြောပါတယ်။
သည်ခေတ်မီအထပ်မြင့် အဆောက်အအုံကို ရန်ကုန်မြို့အလုံမြို့နယ်၊ ကြည့်မြင်တိုင် ကမ်းနားလမ်းမှာ မြေအောက်ငါးထပ်၊ မြေပြင်အပေါ် ၂၁ ထပ် ပါဝင်ဖွဲ့စည်းတည်ဆောက်သွားမှာဖြစ်ပါတယ်။
တာဝါမှာ ရုံးခန်းအဖြစ် ငှားရမ်းအသုံးပြုနိုင်တဲ့ ၁၇,၀၀၀ စတုရန်းမီတာ ခန့် ပါဝင်ပါတ်ယ။ အထပ်တိုင်းမှာ အခန်းကာရံမထားဘဲ ငှားရမ်းသူနဲ့ ၀ယ်ယူသူတို့ရဲ့ ဧရိယာ အကျယ်အ၀န်း အတိုင်း ကာရံပေးသွားမှာဖြစ်ပြီး ကားရပ်နားဖို့နေရာ ၉၂ စီးခန့် ထားရှိနိုင်မှာဖြစ်ပါတယ်။
Credit: The Kumudra