မန္တလေးမြို့ မီးသင့်မင်္ဂ လာဈေး အသစ်ပြန်လည်တည်ဆောက်နိုင်ရေး စိတ်ဝင်စားမှုဖော် ပြသည့် အဆိုပြုလွှာများ တင် သွင်းရန် စည်ပင်သာယာက ဖိတ် ခေါ်ထားပြီး လက်ရှိအချိန်ထိ လျှောက်လွှာလာရောက်ထုတ်ယူ သူ ခြောက်ဦးရှိကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနမှူး ဦးဇော်ဝင်းက ပြော ကြားသည်။
မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် လမ်း ၃၀ နှင့် ၇၃ လမ်း ထောင့်တွင် တည်ရှိသော မီး လောင်ကျွမ်းထားသည့် မင်္ဂလာဈေးကို အသစ်ပြန်လည်တည် ဆောက်ရန် ပင်မစီမံကိန်း (MasterPlan) နှစ်မျိုးလျာထားပြီး မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် အကျိုးတူတည် ဆောက်ရမည်ဖြစ်သည်။
ယင်းသို့ တည်ဆောက်ရန် စိတ်ပါဝင်စားသည့် ပြည်တွင်း၊ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ သည် Master Plan နှစ်မျိုးပေါ်တွင် အခြေခံ၍ စိတ်ဝင်စားမှုဖော်ပြသော အဆိုပြုလွှာ (Expressionof Interest) တင်သွင်းနိုင်ကြောင်းနိုဝင်ဘာ ၈ ရက်က စတင်ဖိတ်ခေါ် ထားပြီး ဒီဇင်ဘာ ၈ ရက် နောက်ဆုံးထား၍တင်သွင်းရမည် ဖြစ် သည်။
၂၀၁၆ မတ်လက မီးလောင် ကျွမ်းခဲ့သည့် မန္တလေးမြို့ မင်္ဂလာဈေးအဆောက်အအုံကို လက်ရှိတွင် ဖျက်သိမ်းနေပြီး ဒီဇင်ဘာ တွင် ပြီးစီးမည်ဖြစ်ကာ မီးသင့်အဆောက်အအုံ ဖြိုဖျက်ခြင်းလုပ်ငန်းများ ပြီးစီးပါက အဆောက်အအုံအသစ် ပြန်လည်တည် ဆောက်ရန် တင်ဒါခေါ်မည်ဟု စည်ပင်သာယာ တာဝန်ရှိသူများ က ပြောသည်။
မင်္ဂလာဈေး မီးလောင်ကျွမ်း မှုဖြစ်ပွားခဲ့ပြီးနောက် အဆိုပါဈေး မှ ဈေးသည်များကို ၃၅ လမ်းနှင့် ၇၁ လမ်းထောင့်ရှိ ဂေါ်ရာ အား ကစားကွင်းတွင် ယာယီတည် ဆောက်ပေးထားသည်။
Credit: 7Daydaily