အလုံသမ္မတအိမ်တော်ဝင်းအတွင်းရှိ ကျူးကျော်ဝန်ထမ်းဟောင်းများကို ပြောင်းရွှေ့နေရာချမည်

အလုံသမ္မတအိမ်တော်ဝင်းအတွင်းရှိ ကျူးကျော်ဝန်ထမ်းဟောင်းများကို ပြောင်းရွှေ့နေရာချမည် - Property News in Myanmar from iMyanmarHouse.com
21 Nov 2017 11:08 am တွင် တင်ခဲ့သည်
5263 ကြိမ် ကြည့်ရှု့ပြီး
အလုံမြို့နယ်ရှိ သမ္မတ အိမ်တော်ဝင်းအတွင်း ကျူးကျော် နေထိုင်သူအစိုးရ၀န်ထမ်းဟောင်း များကို ရွှေ့ပြောင်းနေရာချမည် ဟု ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

နိုဝင်ဘာ ၂၀ ရက်ကပြုလုပ် သည့် ရန်ကုန်တိုင်းလွှတ်တော်၌ အလုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါ် နွယ်နွယ်ဝင်းက ကရင်ခြံရပ်ကွက် အတွင်း သမ္မတအိမ်တော်ဝင်းရှိ အန္တရာယ်ရှိ အဆောက်အအုံ ခုနစ်လုံးသည် မည်သည့်ဌာနက ပိုင်ဆိုင်သည်နှင့် မည်သို့စီမံ ဆောင်ရွက်မည်ကို မေးမြန်းရာ ၀န်ကြီးက အထက်ပါအတိုင်း ပြန် လည်ဖြေကြားသည်။

ယင်းအိမ်ရာဝင်းအတွင်းနေ ထိုင်သူများသည် ယခင်သမ္မတရုံး ၀န်ထမ်းဟောင်းမိသားစုများ၊ ၂၀၀၆ တွင် နေပြည်တော်ရှိအစိုး ရရုံးသို့ ပြောင်းရွှေ့ချိန်၌လိုက်ပါ ပြောင်းရွှေ့တာဝန်ထမ်းဆောင် ခြင်းမရှိဘဲ ၀န်ထမ်းအဖြစ်မှနုတ် ထွက်သူများအပါအ၀င် အိမ်ထောင်စု ၃၄ စုဖြစ်ကြောင်း ဒေါ် နီလာကျော်က ပြောသည်။

‘‘ဒီမိသားစုတွေကို ဖယ်ရှား ရှင်းလင်းရွှေ့ပြောင်းနေရာချထား နိုင်ရေးအတွက် ရန်ကုန်တိုင်းအ စိုးရအဖွဲ့နဲ့ မြန်မာ့မီးရထားတို့က ဆောင်ရွက်ပေးသွားမယ်။ အဲဒီ မှာနေတဲ့သူတွေက တရားမ၀င် ကျူးကျော်နေထိုင်သူတွေဖြစ်တာ ကိုစစ်ဆေးတွေ့ရှိရပါတယ်’’ ဟု ၎င်းကဆိုသည်။

အဆိုပါသမ္မတအိမ်တော် ၀င်းနေရာသည် ၃ ဒသမ ၉၇၅ ဧကကျယ်ဝန်းကာ ယခင်က နိုင်ငံ တော်သမ္မတရုံးပိုင်မြေနေရာဖြစ် ပြီး ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် မြန်မာ့မီးရထားသို့ ပြန်လည်လွှဲ ပြောင်းပေးခဲ့သည်။

ယင်းအဆောက်အအုံများ ဆောက်လုပ်ခဲ့သည်မှာ နှစ် ၃၀ ကျော်ကြာမြင့်သဖြင့် အမိုးအကာ များပျက်စီးခြင်း၊ အချို့အဆောက်အအုံတို့ ပြိုကျပျက်စီး ခြင်းကြောင့် နေထိုင်သူများ အသက်အန္တရာယ် စိုးရိမ်ရကြောင်း ဒေါ်နွယ်နွယ်ဝင်းက ပြောသည်။

ထို့ပြင် ယခုနှစ်ဇူလိုင်က ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က အလုံမြို့နယ်အတွင်းကျူး ကျော်နေထိုင်သူများ စာရင်း ကောက်ယူခဲ့ရာ ယင်းအိမ်တော် ၀င်းအတွင်း နေထိုင်သူများကို စာရင်းကောက်ယူခဲ့ပြီး ကျူးကျော်အသိအမှတ်ပြုစမတ်ကတ် ပြားများကို ထုတ်ပေးခဲ့ကြောင်း ၀န်ကြီးကဆိုသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

Royal Theikdi Condo
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service