ကျောက်ဖြူအထူးစီးပွား ရေးဇုန် စီမံကိန်းအကောင်အ ထည်ဖော်ရန် မြန်မာသို့ ရှယ်ယာ ၃၀ ရာခိုင်နှုန်းပေးမည်ဟု တရုတ် ကုမ္ပဏီက ပြောကြားထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ် ဦးက နိုဝင်ဘာ ၁၅ ရက်တွင် ပြော ကြားသည်။
ယခင်အစိုးရလက်ထက် တွင် အဆိုပါစီမံကိန်းကို တရုတ် ဘက်က ရှယ်ယာပိုင်ဆိုင်မှု ၈၅ ရာခိုင်နှုန်း၊ မြန်မာဘက်က ၁၅ ရာခိုင်နှုန်းဖြင့် အကောင်အထည် ဖော်ရန် သဘောတူထားပြီး လက် ရှိအစိုးရက သဘောမတူ၍ ပြန် လည်ညှိနှိုင်းခြင်းဖြစ်သည်။
‘‘သူတို့ဘက်က တင်ထား တာပါ။ ကိုယ်တွေဘက်ကလည်း ဝန်ကြီးဌာနတွေ၊ ပညာရှင်တွေနဲ့ ဆွေးနွေးပြီး ပြင်ထားတာရှိတယ်။ လက်မှတ်ထိုးနိုင်ဖို့ ကြိုတင်ပြင် ထားတဲ့ အနေအထားပါ။ တစ် ဖက်နဲ့တစ်ဖက် ညှိနှိုင်းနေပါ တယ်’’ဟု အထူးစီးပွားရေးဇုန်များ ၏ တာဝန်ခံဝန်ကြီးဌာနအဖြစ် ဆောင်ရွက်နေသည့် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနမှ အထက်ပါတာဝန်ရှိသူ က ဆက်ပြောသည်။
ကျောက်ဖြူအထူးစီးပွားရေး ဇုန်သည် ရခိုင်ပြည်နယ် ကျောက် ဖြူမြို့တွင် တည်ရှိပြီး တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီအုပ်စုက အ ကောင်အထည်ဖော်ခွင့်ရထား သည်။ အဆိုပါစီမံကိန်းကို ယခင် အစိုးရသက်တမ်းကုန်ဆုံးခါနီး တွင် အလျင်အမြန်အကောင်အ ထည်ဖော်ရန် ဆောင်ရွက်ခဲ့ပြီး စီမံကိန်းအတွက် တရုတ်ထံမှ အစိုးရက ချေးယူရမည့်ငွေသည် အတိုးနှုန်းများသဖြင့် ဒေသခံများ က စိုးရိမ်နေသော စီမံကိန်းဖြစ် သည်။ တင်ဒါအောင်ထားသည့် CITIC ကုမ္ပဏီအုပ်စုသည် ကျောက်ဖြူအထူးစီးပွားရေးဇုန် အတွင်း စက်မှုဇုန်နှင့် ရေနက်ဆိပ် ကမ်းစီမံကိန်းနှစ်ခုကို ကန်ဒေါ် လာ ကိုးဘီလီယံ ရင်းနှီးမြှုပ်နှံပြီး မြေဧက ၄,၂၀၀ ကျော် အသုံးပြု မည်ဟု ဆိုသည်။
မြန်မာ့အထူးစီးပွားရေးဇုန် ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ တာဝန် ယူထားသည့် ဒုတိယ သမ္မတ (၂) ဦးဟင်နရီဗန်ထီးယူသည် ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်မည့် မြေနေရာကို နိုဝင်ဘာ ၄ ရက်တွင် သွားရောက် ကြည့်ရှုခဲ့သည်။ ထိုသို့ ကြည့်ရှု ခြင်းသည် ရှယ်ယာပိုင်ဆိုင်မှုများ ဆွေးနွေးစဉ် မြေပြင်အနေအထား ကို လာရောက်ကြည့်ရှုကြောင်း ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။
Credit: 7Daydaily