၂၀၁၇ ခုနှစ်အတွင်း သိန်းသောင်းချီအကွက်များ ဈေးကွက်ဖြစ်ထွန်းမှုမှာ တစ်လတစ်ကြိမ်ခန့်သာ အရောင်းအ၀ယ်ဖြစ်ခဲ့ပီး ကြိုကြားသာအရောင်းအ၀ယ်ဖြစ်သ်ာဟု ခေါ်ဆိုနိုင်ကြောင်းမြန်မာနိုင်ငံအိမ် ခြံ မြေ ၀န်ဆောင်မှုအသင်း(ဗဟို)မှ ဒုတိယဥက္ကဌဖြစ်သူ ဦးသန်းဦးမှ ပြောပြသည်။
“ ဈေးကွက်ကတော့ မဖြစ်ဘူးမဟုတ်ဘူး ။ဖြစ်ပါတယ်။ခုနကပြောတဲ့ သိန်းသောင်းချီအကွက်တွေက ဖြစ်ခဲတယ်။ကြိုကြား ကြိုကြားဖြစ်တယ်ခေါ်ရမှာပေါ့။တစ်လကိုတစ်ခါလောက်တော့ ဖြစ်တယ်။ဟို အရင်လိုတော့အများကြီးမဖြစ်တော့ဘူး။”ဟု ဦးသန်းဦးမှ ပြောပြသည်။
သိန်းသောင်းချီအကွက်များ ဈေးကွက်ဖြစ်ထွန်းမှုအကောင်းဆုံးဖြစ်ခဲ့သည့်လမှာ ဇူလိုင်လအတွင်းကဖြစ်ခဲ့ကြောင်းလည်း သိရသည်။””ဇူလိုင်လတုန်းကတော့ တော်တော်ဖြစ်တယ်။ဘာလို့ဖြစ်တာလဲဆိုရင်တော့ မျှော်လင့်ချက်လေးတွေကြောင့်ဖြစ်တာ။အခွန်များလျှော့တော့မလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ အရောင်းအ၀ယ်ပြန်စတဲ့ အချိန်မှာ တော်တော်များများ အကွက်စုံ ဖြစ်ခဲ့တာပေါ့။ဈေးတန်းလည်း အစုံးပြန်ဖြစ်ခဲ့တယ်။နောက်ပိုင်း အခွန်မှာလည်း ဘာမှမထူးဘူး။ ဈေးကွက်ကလည်း သိပ်မထူးခြားတော့ အခုဆို ကြိုကြားပဲဖြစ်တော့တယ်။””ဟု ၎င်းမှဆက်လက်ပြောပြသည်။
လက်ရှိ အိမ် ခြံ မြေ ဈေးကွက်တွင် အရောင်းအ၀ယ်ပိုင်းထက် ၊ အငှားဈေး
ကွက်နှင့် ရောင်းပေါင်ဈေးကွက်မှာပိုဖြစ်ထွန်းနေကြောင်းလည်း ဦးသန်းဦးမှ
ပြောဆိုသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com