ရန်ကင်းမြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အကောင်အထည်ဖော်ရန် မြေငှားရမ်းခြင်း နှစ်နိုင်ငံ သဘောတူ စာချုပ်ချုပ်ဆို

ရန်ကင်းမြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အကောင်အထည်ဖော်ရန် မြေငှားရမ်းခြင်း နှစ်နိုင်ငံ သဘောတူ စာချုပ်ချုပ်ဆို - Property News in Myanmar from iMyanmarHouse.com
20 Nov 2017 12:08 pm တွင် တင်ခဲ့သည်
4398 ကြိမ် ကြည့်ရှု့ပြီး
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ဂျပန်နိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Kajima Corporationပူးပေါင်း၍ ရန်ကင်းမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (The Garden For the people) အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရန်အတွက် နှစ် (၇ဝ) မြေငှားရမ်းခြင်း သဘောတူညီချက် တရားဝင်စာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို နိုဝင်ဘာ ၁၈ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့Sedona Hotel ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြီးခဲ့သည့်ငါးနှစ်အတွင်း ရန်ကုန်မြို့၏ မြို့ပြဖွံ့ဖြိုးကြီးထွားမှုဖြစ်စဉ်နှင့် အတူ Real Estate စီမံကိန်းအမြောက်အမြား ထွက်ပေါ်လာ
သည်ကို အားလုံးသိရှိထားပြီးဖြစ်ကြောင်း၊ စီမံကိန်းအများစုအနေဖြင့် စီးပွားရေးတွက်ခြေကိုက်မှု တစ်ခုတည်းအပေါ် ဦးတည်၍ အခန်းအရေအတွက်၊ ဧရိယာများများရအောင် ဆောက်လုပ်ကြသည့်အတွက် ဒေသန္တရ
သတ်မှတ်ချက်နှင့် အထပ်မြင့် စီမံကိန်းများမှ လိုက်နာသင့်သည့် စည်းကမ်းများကို ကျော်လွန်ဆောင်ရွက်ခဲ့ ကြသည့် အတွေ့အကြုံများလည်း ရရှိခဲ့ပါကြောင်း၊ မြန်မာ နိုင်ငံ၏ ဆောက်လုပ်ရေးနှင့် မြို့ပြဖွံ့ဖြိုးရေးကဏ္ဍကို ဦးဆောင်နေသည့် ဝန်ကြီးဌာနအနေဖြင့် မြို့ပြလိုအပ်ချက်၊ လူမှုရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် Landmark အဆောက်အအုံများ ပေါ်ထွန်းလာစေရေး မြှင့်တင်ပေးလိုသည့်အတွက် ဂျပန်နိုင်ငံ၏အကူအညီဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း ပြော ကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အဆိုပါ စီမံကိန်း မှတစ်ဆင့် တာဝန်သိပြီး အရည်အချင်းရှိသည့် ဆောက် လုပ်ရေးလုပ်ငန်း၏ ဒီဇိုင်းပုံထုတ်လုပ်မှု၊ ဒေသန္တရ လိုအပ် ချက်အတွက် စဉ်းစားတီထွင်မှု၊ စည်းစနစ်ကျနမှုနှင့် ဥပဒေ စည်းမျဉ်းစည်းကမ်းလိုက်နာမှုတို့ကို တွေ့ရှိအတုယူနိုင်ပြီး နောင်စီမံကိန်းများအတွက် လမ်းညွှန်ချက်များအဖြစ် ဆင့် ပွားသုံးစွဲနိုင်မည်ဖြစ်သည့်အပြင် နိုင်ငံတော်အတွက် နှစ်စဉ်အခွန်အခများ ပိုမိုရရှိစေခြင်း၊ အလုပ်အကိုင်များ ဖန်တီးပေးနိုင်ခြင်း စသည့် အကျိုးအမြတ်များလည်းရရှိမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

The Garden For the people အမည်ရှိ စီမံကိန်းကို ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ရန်ကင်းလမ်းနှင့် ဆရာစံလမ်း ထောင့်ရှိ ၆ ဒသမ ၇ ဧက အကျယ်အဝန်းရှိ မြေနေရာတွင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါ မြေနေရာတွင်၂၁ ထပ်အမြင့်ရှိ office tower တစ်လုံး၊ ၂၈ ထပ်အမြင့်ရှိ Long –team Stay Hotelတစ်လုံး၊ ၂၂ ထပ်အမြင့်ရှိ Hotel တစ်လုံးပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဂျပန်ကုမ္ပဏီအား တစ်ဧကလျှင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ သန်းဖြင့် နှစ် ၇ဝ မြေငှားရမ်းခြင်းဖြစ်ကာ အဆိုပါစီမံကိန်းအတွက် ဂျပန်ကုမ္ပဏီမှ အမေရိကန် ဒေါ်လာ သန်း ၄ဝဝ နီးပါး ရင်းနှီးမြှုပ်နှံထားကြောင်း နှင့် အများပြည်သူမည်သူမဆို ဝင်ရောက်အပန်းဖြေနိုင်သည့် မြေပေါ်၊ မြေအောက်ပန်းဥယျာဉ်၊ ပြည်သူကို ဝန်ဆောင်မှု ပေးနိုင်မည့် one stop service centre များ၊ ကလေး ငယ်များအတွက် အသိÓဏ်ဖွံ့ဖြိုးစေရန် ဗဟုသုတ ရှာမီး နိုင်မည့် စာကြည့်တိုက်များ၊ ဈေးဆိုင်ခန်းများ၊ သဘာဝ ဘေးအန္တရာယ်များ ကျရောက်ပါက ခေတ္တနားခိုနိုင်သည့် ယာယီကယ်ဆယ်ရေးစခန်းများပါဝင်မည်ဖြစ်ကြောင်း The Garden For the people မှ ဒါရိုက်တာ ဦးဝင်း မြင့်သိန်းထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက''ဒီစီမံကိန်းကြီး ပြီးစီးသွားတဲ့ အချိန်မှာ ရန်ကုန်မြို့ရဲ့ စီးပွားရေးကို အထောက်အကူပြုနိုင်သလို အလုပ်အကိုင် အခွင့်အလမ်းတွေ လူနေမှုဘဝတွေကအစ တိုးတက်ဖို့ အများကြီးအထောက်အကူပြုမှာဖြစ်တဲ့အတွက် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဒီလုပ်ငန်းစဉ်ကြီး အောင်မြင်ဖို့အတွက် ကျွန်တော်တို့ ဘက်ပေါင်းစုံကနေ အကူအညီပေးသွားမှာဖြစ်ပါတယ်'' ဟုပြောသည်။

အဆိုပါ စီမံကိန်းကို ၂ဝ၁၈ ခုနှစ် အတွင်း ဆောက်လုပ်ရေးလုပ်ငန်းများစတင်ဆောင်ရွက်နိုင်ရန် စီစဉ်ထားပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ညှိနှိုင်း ဆောင်ရွက်မှုများလုပ်ဆောင်နေကြောင်းနှင့် ဂျပန်ကုမ္ပဏီ ဘက်မှ ၂ဝ၂ဝ ပြည့်နှစ်တွင် လုပ်ငန်း၏ အချို့အစိတ် အပိုင်းများ ပြီးစီးအောင်လုပ်ဆောင်နိုင်ရန် ခန့်မှန်းထားပြီး ၂ဝ၂၃ ခုနှစ်တွင် အလုံးစုံပြီးစီးရန် မျှော်မှန်းထားကြောင်း KAJIMA YANKIN PPP Co.,Ltd မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံဘက်မှ တာဝန်ရှိသူများက နှစ်နိုင်ငံ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ထို့အတူ နံနက်ပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ရန်ကင်းလမ်းနှင့် ဆရာစံလမ်း ထောင့်ရှိThe Garden For the people စီမံကိန်းနေရာကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊Kajima Corporationမှ President Yoshikazu Oshimi နှင့် တာဝန်ရှိသူများက ပန္နက်ရိုက်၊ အုတ်မြစ်ချမင်္ဂလာအခမ်းအနား ပြုလုပ်ခဲ့ကြောင်းသိရ သည်။

Credit: The Mirror

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
CarsDB Showroom Opening
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service