တစ်ပတ်အတွင်း အာရှအိမ်ခြံမြေသတင်းတိုများ

တစ်ပတ်အတွင်း အာရှအိမ်ခြံမြေသတင်းတိုများ - Property News in Myanmar from iMyanmarHouse.com
20 Nov 2017 11:54 am တွင် တင်ခဲ့သည်
2791 ကြိမ် ကြည့်ရှု့ပြီး
၁။ (စင်္ကာပူ ကုမ္ပဏီက ဗီယက်နမ်တွင် ဒေါ်လာ ၁၇၇ သန်းတန် အိမ်ရာစီမံကိန်း ဆောက်လုပ်)

စင်္ကာပူအခြေစိုက် အိမ်ခြံမြေကုမ္ပဏီ CapitaLand သည် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တော်တွင် ကန်ဒေါ်လာ ၁၇၇ သန်း ကုန်ကျမည့် လူနေအိမ်ရာစီမံကိန်းတစ်ခုကို အကောင်အထည်ဖောက်ဆောက်လုပ်လျက်ရှိသည်။
မြေအကျယ်အဝန်း ၁ ဒသမ ၄၅ ဟက်တာပေါ်တွင် ဆောက်လုပ်လျက်ရှိခြင်းဖြစ်ကာ ၂၄ ထပ်အဆောက်အအုံတစ်လုံးနှင့် လူနေခန်းပေါင်း ၈၇၀ ပါဝင်မည့်အပြင် လက်လီအရောင်းဆိုင်ခန်းများလည်း ပါဝင်မည်ဖြစ်သည်။
CapitaLand သည် ဗီယက်နမ်တွင် စင်္ကာပူဒေါ်လာ ၂ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၄၇ ဘီလီယံ) ဖိုး ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်သည်။

၂။ (စင်္ကာပူရှိ အထင်ကရ အဆောက်အအုံကြီး ၄ လုံးကို လေလံတင်ရောင်းချတော့မည်)

စင်္ကာပူရှိ အထင်ကရ အဆောက်အအုံကြီး ၄ လုံးကို လေလံတင်ရောင်းချတော့မည်ဖြစ်ပြီး စုစုပေါင်း ကြမ်းခင်းဈေးမှာ စင်္ကာပူဒေါ်လာ ၇၂၈ သန်းဖိုးခန့်ရှိသည်။လေလံတင်မည့် အဆောက်အအုံများမှာ တရုတ်တန်းရှိ Pearlbank ကွန်ဒိုမီနီယံ၊ အမ်ဘာလမ်း အမှတ် ၉ ရှိ Parkway Mansion၊ ဒါဘီရှိုင်းယားလမ်း-အမှတ် ၅ ရှိ Derby Court၊ ကင်မ်ယမ်လမ်း - အမှတ် ၂ ရှိ Riviera Point တို့ဖြစ်သည်။

အချက်အလက်များ

Pearlbank ကွန်ဒိုမီနီယံ- ၃၇ ထပ်၊ ၁ စတုရန်းပေလျှင် စင်္ကာပူဒေါ်လာ ၁၅၀၅ ခန့်ဈေးပေါက်၊ ၉၉ နှစ်အငှားဖြစ်ပြီး ၁၉၇၀ ပြည့်နှစ် ဇွန်လမှစတင်
Parkway Mansion - ၃၂ ခန်း၊ ကြမ်းခင်းဈေး စင်္ကာပူဒေါ်လာ ၁၃၈ သန်း၊ ၁ စတုရန်းပေလျှင် စင်္ကာပူဒေါ်လာ ၁၄၅၄ ပေါက်ဈေးရှိ
Derby Court- အခန်း ၂၀၊ ကြမ်းခင်းဈေး စင်္ကာပူဒေါ်လာ ၆၂ သန်း
Riviera Point- ၃၃ ခန်း၊ ကြမ်းခင်းဈေး စင်္ကာပူဒေါ်လာ ၇၅ သန်း
အထက်ပါအဆောက်အအုံလေးခုအတွက် လာမည့် ဒီဇင်ဘာလနောက်ဆုံးထား၍ တင်ဒါတင်သွင်းရမည်ဖြစ်ကာ Pearlbank ကွန်ဒိုမီနီယံ ဒီဇင်ဘာ ၁၃ ရက်၊ Parkway Mansion ဒီဇင်ဘာ ၁၃ ရက်၊ Derby Court ဒီဇင်ဘာ ၁၂ ရက်နှင့် Riviera Point ဒီဇင်ဘာ ၁၈ ရက် အသီးသီး သတ်မှတ်ထားသည်။

၃။ (အာရှအချမ်းသာဆုံးမိသားစုများစာရင်းတွင် ကွာ့ခ်မိသားစု ထိပ်တန်းနေရာရပ်တည်)

ဟောင်ကောင်တွင် Sun Hung Kai Properties အိမ်ခြံမြေကုမ္ပဏီကို ပိုင်ဆိုင်သည့် ကွာ့ခ်မိသားစုသည် ဖော့ဘ်မဂ္ဂဇင်းကြီးမှ ထုတ်ပြန်လိုက်သည့် အာရှ၏ အချမ်းသာဆုံးမိသားစုများ စာရင်းတွင် တတိယနေရာ၌ ရပ်တည်လျက်ရှိသည်။
ကွာ့ခ်မိသားစု၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၄၀ ဒသမ ၄ ဘီလီယံခန့်ရှိပြီး ဟောင်ကောင်၏ အကြီးမားဆုံး အိမ်ခြံမြေ developer ကုမ္ပဏီများကို ထိန်းချုပ်ထားသည်။

၎။ (မွန်ဂိုလီးယားတွင် အကောင်အထည်ဖော်နေသည့် ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံတန် မြေအောက်ရထားလမ်းစီမံကိန်း တရုတ်အစိုးရဖျက်သိမ်း)

မွန်ဂိုလီးယားနိုင်ငံအလယ်ပိုင်းတွင် ယွမ်ငွေ ၃၀ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာ ၄ ဒသမ ၆ဘီလီယံ) တန်ကြေးရှိ မြေအောက်ရထားလမ်းဖောက်လုပ်မည့် စီမံကိန်းကို ရပ်ဆိုင်းရန် တရုတ်အစိုးရက အမိန့်ထုတ်လိုက်သည်။
မွန်ဂိုလီးယားနိုင်ငံအလယ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Baotou က စီမံကိန်း ကုန်ကျစရိတ်၏ ၆၀ ရာခိုင်နှုန်းကို ဘဏ်ချေးငွေများဖြင့် မတည်သွားရန် ရည်ရွယ်ခဲ့ပြီး ယခုနှစ် မေလအတွင်း စီမံကိန်းစတင်သည့် အခမ်းအနား ဖွင့်လှစ်ခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တစ်ပတ်အတွင်း အာရှအိမ်ခြံမြေသတင်းတိုများ - Property News in Myanmar from iMyanmarHouse.com
တစ်ပတ်အတွင်း အာရှအိမ်ခြံမြေသတင်းတိုများ - Property News in Myanmar from iMyanmarHouse.com
တစ်ပတ်အတွင်း အာရှအိမ်ခြံမြေသတင်းတိုများ - Property News in Myanmar from iMyanmarHouse.com
တစ်ပတ်အတွင်း အာရှအိမ်ခြံမြေသတင်းတိုများ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

CarsDB
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service