တိုင်းဒေသကြီးအတွင်းက အစိုးရပိုင်မြေမှာကျူးကျော်နေထိုင်သူ အိမ်ထောင်စုပေါင်း ၁၁၀၀၀ ကျော်အထိရှိနေ တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဗိုလ်ချုပ်အောင်စိုးက ပြည်သူ့လွှတ်တော်မှာပြောဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရပိုင်မြေမှာ ကျူးကျော်နေထိုင်တဲ့ အိမ်ထောင်စု ၁၁၅၃၄ စုရှိနေပြီး လူဦးရေက ၄၇၀၀၀ ကျော်အထိရှိနေတာလည်းဖြစ်ပါတယ်။
တိုင်းအစိုးရအဖွဲ့နေနဲ့ တိုင်အတွင်းကကျူးကျော်နေထိုင်သူတွေ စာရင်းကောက်ယူလျှက်ရှိရာ ကျူးကျော်အိမ် ထောင်စုက ၁ သိန်းခွဲဝန်းကျင်အထိရှိတယ်လို့ တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူတွေကပြောဆိုထားပါတယ်။
ကျူးကျော်တွေကို တိုင်းအစိုးရအဖွဲ့က နေရာပြန်လည်ချထားဖို့စီစဉ်နေပြီး ကနဦးအနေနဲ့ ရန်ကုန်အရှေပိုင်း ဖြစ်တဲ့ ဒဂုံ ၄ မြိုနယ်နဲ့ အနောက်ပိုင်းက ရွှေပြည်သာ၊လှိုင်သာယာမြို့နယ်တွေမှာ နေရာချထား ဖို့ရည်မှန်းထား တယ်လို့
လည်းသိရပါတယ်။
လက်ရှိမှာလည်း အိမ်ထောင်စုဝင်အလိုက် စမတ်ကဒ်ထုတ်ပေးမှုတွေကို စတင်နေပြီလည်း တိုင်းအစိုးရအဖွဲ့တာ ဝန်ရှိသူတွေကပြောဆိုပါတယ်။
Credit: SFJ Strategy First