စက်မှုဇုန်မြေကွက်အလွတ်တွေရှိနေပေမယ့် ဈေးနှုန်းကြီးမြင့်မှုကြောင့် လုပ်ငန်းရင်းနှီးမြုပ်နှံဖို့ အခက်အခဲတွေ ရှိ နေတယ်လို့ ရွှေလင်ပန်းစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ တာဝန်ရှိသူတွေထံကသိရပါတယ်။
ပြန်လည်ပြင်ဆင်ထားတဲ့ ရင်းနှီးမြုပ်နှံမှုဥပဒေက လုပ်ငန်းရင်းနှီးမြုပ်နှံဖို့ စွဲဆောင်မှုရှိပေမယ့် လုပ်ငန်းမြေနေရာ မှာ အခက်အခဲတွေရှိနေတာဖြစ်တယ်လို့ ဇုန်ကော်မတီဥက္ကဋ္ဌဦးအေးသောင်းကဆိုပါတယ်။တိုင်းအတွင်းက လုပ်ငန်းဆောင်ရွက်ခြင်းမရှိတဲ့ စက်မှုဇုန်မြေကွက်လွတ်တွေကို လုပ်ငန်းအမှန်တကယ်အကောင်အထည်ဖော်လိုတဲ့ လုပ်ငန်းရှင်ကဈေးကြီးပေးပြီး ပြန်
လည်ဝယ်ယူနေရခြင်းက လုပ်ငန်းတိုးချဲ့ဖို့အခက် အခဲဖြစ်နေတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ ယင်းမြေကွက်လွတ်တွေကို ပြန်လည်အပ်နှံစေပြီး လုပ်ငန်းအမှန်တကယ်ဆောင် ရွက်လိုသူတွေကို ပြန်လည်ချထားပေးဖို့စီစဉ်ခဲ့
ပေမယ့်လည်း လက်တွေဆောင်ရွက်မှုအားနည်းတာတွေရှိတယ် လို့ သူကဆိုပါတယ်။
ဇုန်စီမံခန့်ခွဲရေးကော်မတီအနေနဲ့လည်း စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ရာမှာ လုပ်ငန်းလက်ရှိဆောင် ရွက်နေတဲ့ လုပ်ငန်းရှင်တွေထံကရတဲ့ရန်ပုံငွေနဲ့သာ လည်ပတ်ရပြီး ယင်းမြေကွက်လွတ်ပိုင်ရှင်တွေထံက ကောက်ခံနိုင်ခြင်းမရှိတာတွေကြောင့်လည်း အမှန်တကယ်လုပ်ငန်းလုပ်ဆောင်နေသူတွေနစ်နာရတယ်လို့ စက်မှုလုပ်ငန်းရှင်ဦးမြတ် သင်းအောင်ကပြောဆိုထားပါတယ်။
Credit: SFJ Strategy First