ကျန်းမာရေးဌာနတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေအတွက် တန်ဖိုးနည်းအိမ်ရာ ၀ယ်ယူချင်ရင် ရောင်းချပေးမယ်လို့ သိရပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကနေ အားစကားနဲ့ ကျန်းမာရေး ၀န်ကြီးဌာနကို အကြောင်းကြားစာ ပေးပို့ထားပါတယ်။
ရန်ကုန်မြို့မှာ အကောင်အထည်ဖော်ခဲ့တဲ့ တန်ဖိုးနည်းအိမ်ရာတွေဖြစ်တဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကနောင်အိမ်ရာစီမံကိန်း၊ှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်း အပိုင်း (၂)၊ (၃) အိမ်ရာစီမံကိန်း၊ တန်ဖိုးသင့်အိမ်ရာ စီမံကိန်းတွေဖြစ်တဲ့ လှိုင်သာယာမြို့နယ်၊ ထီးလှိုင်ရှင်အိမ်ရာ စီမံကိန်း၊ ဒဂုံမြို့သစ်တောင်ပိုင်း အင်းဝအိမ်ရာ စီမံကိန်း၊ ပုလဲမွန်အိမ်ရာ စီမံကိန်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံ(၁၄) အိမ်ရာ စီမံကိန်း စတဲ့ စီမံကိန်းတွေမှာ ရှိတဲ့ အိမ်ရာ တွေကို ကျန်းမာရေးဝန်ထမ်းတွေ အတွက် ဦးစားပေးရောင်းချပေးမှာဖြစ်ပြီး ၀ယ်ယူလိုတဲ့ ကျန်းမာရေး ၀န်ထမ်းတွေအနေနဲ့ သက်ဆိုင်ရာ ဌာနကနေတစ်ဆင့် လျှောက်ထားရမယ်လို့ သိရပါတယ်။
ဝန်ထမ်းတွေ ၀ယ်ယူတဲ့အခါ ငွေအကျေစနစ်နဲ့ အပြင်အရစ်ကျစနစ်နဲ့ပါ ရောင်းချပေးမှာဖြစ်ပြီး အရစ်ကျဝယ်ယူလိုပါက ကနဦး တိုက်ခန်း တန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းပေးသွင်းရမှာဖြစ်ပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေနဲ့ တန်ဖိုးသင့်နဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေကို မန္တလေးမြို့၊ ပုသိမ်မြို့၊ မကွေးမြို့၊ မုံရွာမြို့၊ မော်လမြိုင်မြို့တွေမှာလည်း အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Credit: The Modern