အိမ်ခြံမြေစည်းမျဉ်းတင်းကျပ်မှုများပြုလုပ်လာပြီးနောက် တရုတ်စီးပွားရေးအရှိန်နှေး

အိမ်ခြံမြေစည်းမျဉ်းတင်းကျပ်မှုများပြုလုပ်လာပြီးနောက် တရုတ်စီးပွားရေးအရှိန်နှေး - Property News in Myanmar from iMyanmarHouse.com
17 Nov 2017 10:49 am တွင် တင်ခဲ့သည်
4756 ကြိမ် ကြည့်ရှု့ပြီး
လေထုညစ်ညမ်းမှုလျှော့ချရေးစီမံချက်များနှင့် အိမ်ခြံမြေဈေးကစားမှုနှိမ်နင်းရန် ရည်ရွယ်သော စည်းမျဉ်းတင်းကျပ်မှုများ ပိုမိုပြုလုပ်လာသည့်နောက် တရုတ်ကုန်ထုတ်လုပ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စားသုံးမှုတို့သည် သိသိသာသာ အရှိန်နှေးလာကြောင်း သိရသည်။

ပြီးခဲ့သည့် လ (ယခုနှစ် အောက်တိုဘာ) တွင် စက်မှုကုန်ထုတ်လုပ်မှု
တိုးတက်မှုနှုန်းသည် ၆ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ပြီး စက်တင်ဘာဖွံ့ဖြိုးမှုနှုန်း
အောက် ၀ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း တရုတ်အမျိုးသားစာရင်းအင်း
ဗျူရိုက ယခုသီတင်းပတ် အင်္ဂါနေ့ (နိုဝင်ဘာ ၁၄) ၌ ထုတ်ပြန်ခဲ့သည်။

စည်းမျဉ်းတင်းကျပ်မှုများကြောင့် ဘိလပ်မြေ၊ ကိုလာအချိုရည်၊ စတီးပစ္စည်းများနှင့် သံဓာတ်မပါသော သတ္တုများ ကဲ့သို့သော ပတ်ဝန်းကျင်အပေါ် ၀န်လေးစေသည့် အရာများထုတ်လုပ်မှုသည် ကျဆင်းခဲ့သည်။ ထုတ်လုပ်မှုအလုံးစုံ၏ အဓိက
လိုအပ်ချက်ဖြစ်သော လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြစ်ပေါ်မှုပမာဏသည်လည်း ၁၆ လအတွင်း အနှေးကွေးဆုံးဖွံ့ဖြိုးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်ကတည်းက ပေကျင်းနှင့် ရှန်ဟိုင်းတို့ ကဲ့သို့သော မြို့ကြီးများ၌ အိမ်ခြံမြေ၀ယ်ယူမှုဆိုင်ရာ တင်းကျပ်မှုများက နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးမှုအတွက် နောက်ထပ်အတားအဆီးတစ်ခု ဖြစ်သည်။

ဇန်န၀ါရီမှ အောက်တိုဘာအထိ ဆယ်လတာအတွင်း ရောင်းချရသည့် အဆောက်အအုံကြမ်းခင်းနေရာပမာဏသည် ယမန်နှစ် ထိုကာလက ရောင်းချခဲ့ရမှုထက် ၈ ဒသမ ၂ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့ပြီး ဇန်န၀ါရီမှ စက်တင်ဘာအထိ ကိုးလတာအတွင်း မြင့်တက်မှုနှုန်းအောက် ၂ ဒသမ ၁ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။ အောက်တိုဘာတစ်လတည်းကို ကြည့်ပါက ယမန်နှစ်အောက်တိုဘာအောက် ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး မြင့်တက်ဖွံ့ဖြိုးနှုန်း ဆက်တိုက်ကျဆင်းသည့် ဒုတိယမြောက်လ ဖြစ်ခဲ့သည်။

ကာလရှည်အတိုးနှုန်းများသည် မြင့်တက်လာပြီး နောက်ထပ်စီးပွားရေးလေဆန်ကို ပံ့ပိုးပေးနေသည်။ စုစုပေါင်းအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုသည် ယခုနှစ် ဇန်န၀ါရီမှ အောက်တိုတာအထိ ဆယ်လတာအတွင်း ယမန်နှစ် ထိုကာလကထက် ၇ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ယင်းဖွံ့ဖြိုးနှုန်းသည် စက်တင်ဘာအထိ ကိုးလတာအတွင်း ဖွံ့ဖြိုးမြင့်တက်နှုန်းအောက် နှေးကွေးခဲ့ကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

CarsDB Showroom Opening
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service