မန္တလေးမင်္ဂလာဈေးသစ် ပြန်လည်တည်ဆောက်ရန် လုပ်ငန်းရှင်များဖိတ်ခေါ်

မန္တလေးမင်္ဂလာဈေးသစ် ပြန်လည်တည်ဆောက်ရန် လုပ်ငန်းရှင်များဖိတ်ခေါ် - Property News in Myanmar from iMyanmarHouse.com
16 Nov 2017 10:07 am တွင် တင်ခဲ့သည်
2848 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် မီးလောင်ပျက်စီးခဲ့သည့် မင်္ဂလာဈေးသစ် ပြန်လည်တည်ဆောက်နိုင်ရန် လုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားကြောင်း အဆောက်အအုံနှင့် ကုန်ရုံဌာန၊ ဌာနမှူးဦးဇော်ဝင်းက
ယခုလ ၁၃ ရက်တွင် ပြောသည်။

''လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ထားတယ်။ သူတို့အနေနဲ့ ဒီဈေးကို ပြန်လည်တည်ဆောက်ရာမှာ သူတို့ လုပ်ချင်တဲ့ အကြံဉာဏ်တွေကို အသေးစိတ်ရေးပြီး တင်ပြဖို့ ဖိတ်ခေါ်တာပါ''ဟု ၎င်းက ပြောသည်။

မင်္ဂလာဈေးသစ် ပြန်လည်တည်ဆောက်ရန် လုပ်ငန်းရှင်များ၏ အကြံပြုချက်များကို ယခုလ ၉ ရက်ကနေ ဒီဇင်ဘာ ၈ ရက်အထိ နောက်ဆုံးထားပေးပို့နိုင်ပြီး ပေးပို့ထားသည့် အကြံပြုချက်များထဲက စည်ပင်သာယာရေးကော်မတီ နှစ်သက်သော အကြံပြုချက် ရေးဆွဲထားသည့် လုပ်ငန်းရှင်များနှင့် ဆွေးနွေးညှိနှိုင်းလုပ်ဆောင်သွားရန်ရှိကြောင်း စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားသည်။

''မင်္ဂလာဈေးသစ် ပြန်တည်ဆောက်ရာမှာ အရင်လို ပြန်မဖြစ်ဖို့လိုအပ်တယ်။ အရင်ဈေးအဟောင်းက အဆောက်အအုံမှာ မီးလောင်တာနဲ့ပတ်သက်ပြီး ကာကွယ်ဖို့ ဘာစနစ်မှ မပါခဲ့ဘူး။ အခု ဈေးသစ်ပြန်လည်တည်ဆောက်ရင်တော့ ခေတ်မီတဲ့နည်းစနစ်တွေ ပါဝင်စေချင်တယ်''ဟု ယခင်ဈေးဟောင်းတွင် အထည်ဆိုင်ဖွင့်ခဲ့သည့် အထည်ဆိုင်ရှင် ဦးမိုးမြင့်က ပြောသည်။

မင်္ဂလာဈေးအဆောက်အအုံအဟောင်းသည် ယမန်နှစ် မတ် ၂၂ ရက်က အချိန် ငါးနာရီနီးပါးကြာ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ ထိုမီးလောင်မှုနှင့် ပတ်သက်၍ မီးပေါ့ဆမှုဖြင့် အမှုဖွင့်ထားသော်လည်း ယနေ့ထိ မီးလောင်ကျွမ်းရသည့် အကြောင်းရင်းကို မသိရှိရသေးကြောင်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ မင်္ဂလာဈေးမီးလောင်မှုတွင် ရုံးခန်း၊ ဈေးဆိုင်ခန်း၊ လူနေတိုက်ခန်းအပါအဝင် အခန်းပေါင်း ၃၂၁ ခန်း နှင့် ပျံကျဈေးဆိုင်ခန်း ၄၃ ခန်းပျက်စီးခဲ့သည်။ မီးလောင်မှုကြောင့် အဆောက်အအုံတန်ဖိုး ငွေကျပ် သိန်း ၅,၅၄၇ ကျော်နှင့် ပစ္စည်းတန်ဖိုးငွေကျပ်သိန်း ၅,ဝဝဝ ကျော် စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၁ဝ,၅၄၆ ကျော် ရှိခဲ့ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

imyanmarmarket
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service