စံနှုန်းသတ်မှတ်ချက်နဲ့ အခွန်နှုန်းကြောင့် မန်းအိမ်ခြံမြေ ရောင်းဝယ် ကျဆင်းနေဆဲဟု ဆို

စံနှုန်းသတ်မှတ်ချက်နဲ့ အခွန်နှုန်းကြောင့် မန်းအိမ်ခြံမြေ ရောင်းဝယ် ကျဆင်းနေဆဲဟု ဆို - Property News in Myanmar from iMyanmarHouse.com
15 Nov 2017 11:17 am တွင် တင်ခဲ့သည်
2948 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးအိမ်ခြံမြေ အရောင်းအဝယ် ဈေးကွက်ဟာ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာမယ်လို့ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတွေက မျှော်မှန်းခဲ့ကြပေမဲ့လည်း လက်တွေမှာတော့ မန္တလေးအိမ်ခြံမြေဈေးကွက်က ထူးထူးခြားခြား ပြောင်းလဲလာခြင်း မရှိသေးပါဘူးလို့ အကျိုးဆောင်အချို့က ပြောပါတယ်။

၂၀၁၄ ခုနှစ်က ကျဆင်းနေတဲ့ မန္တလေး အိမ်ခြံမြေအရောင်းအဝယ် ဈေးကွက်ဟာ လက်ရှိ အစိုးရလက်ထက်မှာ လည်း ကျဆင်းမြဲ ကျဆင်းနေတယ် ။သည်လို အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက် နှစ် အတန်ကြာ ကျဆင်းနေစေတဲ့ အကြောင်းအရင်းတွေအနက် အိမ်ခြံမြေရာဖြတ်တန်ဖိုးစံနှုန်းများပြားမှုက အဓိက အစိတ်အပိုင်း ဖြစ်တယ်လို့ အကျိုးဆောင်အချို့က ယူဆပြောဆိုပါတယ်။

‘ စံနှုန်း သတ်မှတ်ချက်ကြောင့် အရောင်းအဝယ်ဈေးကွက်က အလုပ်မဖြစ်ကြတော့ဘူး။ အရောင်းအဝယ်ကပါးတာ ‘ လို့ ဖိုးလမင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းပိုင်ရှင် ဦးဝဏ္ဏစိုးက ပြောပါတယ်။

အစိုးရသစ်လက်ထက်မှာ မြေယာနဲ့ ပတ်သက်တဲ့ မူဝါဒအသစ်တွေချမှတ်လုပ်ဆောင်ရာမှာ တခြား ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရမယ့် အလုပ်အကိုင်အခွင့်အလမ်းသစ်တွေနဲ့ အိမ်ခြံမြေလုပ်ငန်းအပေါ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာပြီး ဈေးကွက် ဖွံ့ဖြိုးလာမယ်လို့ အကျိုးဆောင်တွေ မျှော်မှန်းခဲ့ကြပါတယ်။

လျှော့မယ်ဆိုမှ ရောင်း

သို့ပေမဲ့ လက်တွေ့မှာ မန္တလေးမြို့တွင်းမြို့ပြင် အနီးပတ်ဝန်းကျင်ရှိ အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်အားလုံးကျဆင်းသွားပြီး အခုချိန်မှာတော့ မြေတန်ဖိုးတွေပါ ကျဆင်းနေတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။
‘ ရင်းနှီးမြှုပ်နှံဖို့အတွက် မဟုတ်ဘဲနဲ့ အမှန်တကယ်နေထိုင်ဖို့ ဝယ်ကြတဲ့ အပိုင်းတွေပဲ ရှိလာတယ် ၊ ဥပမာပေါက်ဈေးက သိန်း ၉၀၀၀ လောက်ပေါက်တဲ့ဟာကို သိန်း ၇၀၀၀ လောက် လျှော့ရောင်းရင် အရောင်းအဝယ် ဖြစ်တယ်လို့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
လေးနှစ်ခန့် အရောင်းအဝယ် ကျဆင်းလာတာနဲ့ အမျှ ဈေးနှုန်းလည်း ကျဆင်းသွားတယ် ။မြို့တွင်း အိမ်ခြံမြေးဈေးနှုန်းဟာ ၁၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ တစ်နှစ်အတွင်း ကျဆင်းသွားတယ်။အဲဒါအပြင် စီမံကိန်းပတ်ဝန်းကျင်က မြေယာတွေ ၊ မန္တလေးမြို့ပြင်နဲ့ အနီးပတ်ဝန်းကျင်းက ကျေးရွာတွေဆီက မြေယာတွေကိုတောင်မှ အဝယ်မရှိတဲ့အတွက် လက်ရှိမှာ ဈေးလျှော့ခေါ်ရောင်းလာတာတွေ ရှိနေတယ်လို့ အကျိုးဆောင်အချို့က ပြောပါတယ်။အမြတ်အစွန်းအများအပြားရဖို့ သေချာတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဖြစ် ဒေသခံစီးပွားရေ လုပ်ငန်းရှင်တွေ ၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းသမာတွေ ဝင်ရောက်ရင်းနှီးမြှုပ်နှံခဲ့ကြတဲ့ လုပ်ငန်းတစ်ခု အခုလိုကျဆင်းသွားတာဟာ အိမ်ခြံမြေအပေါ် အခွန်ကောင်ခံရာမှ သတ်မှတ်တဲ့ မန္တလေးအိမ်ခြံမြေ ရာဖြတ်တန်ဖိုးစံနှုန်းသတ်မှတ်ချက်မှာ အရောင်းအဝယ်ဈေးကွက်နဲ့ မကိုက်ညီတဲ့ ဧက အလိုက်စံနှုန်းသတ်မှတ်မှု ၊ မြေပြင်ပေါက်ဈေးထက် စံနှုန်းသတ်မှတ်ချက် များပြားမှုတွေအပြင် ပြည်ထောင်စု အခွန်အကောက်ဥပဒေအရ တန်ဖိုးအလိုက် အခွန်ကောက်ခံရာမှ အခွန်များပြားနေမှုကြောင့်လို့ အကျိုးဆောင် အချို့က ဆိုပါတယ်။

စံနှုန်း ကိုက်ညီမှု မရှိ

ဧက အလိုက်စံနှုန်းသတ်မှတ်တဲ့စနစ်ဟာ အရောင်းအဝယ် ဈေးကွက်သဘောနဲ့ ကိုက်ညီမှုမရှိဘဲ ဖြစ်နေလို့ ယခုနှစ် စံနှုန်းထုတ်ပြန်ရာမှာ နေရာအနေအထား အလိုက် တစ်စတုရန်းပေနှုန်းနဲ့ သတ်မှတ်ပေးဖို့ အကျိုးဆောင်လုပ်ငန်းရှင်တွေဘက်က တောင်းဆိုခဲ့ပေမဲ့လည်း ရာဖြတ်တန်ဖိုးသတ်မှတ်ချက်မှာ ဧကအလိုက် စံနှုန်းသတ်မှတ်ချက်သာ ထုတ်ပြန်တယ်လို့ သိရပါတယ်။
မန္တလေးမြို့ရဲ့ အရောင်းအဝယ်ဈေးကွက်မှာ ဧကအကွက်ဆိုတာ တော်တော်ရှားသလို အကွက်လိုက်ကြီးလည်း အလုပ်ဖြစ်တာမဟုတ်ပါဘူး ။စံနှုန်းသတ်မှတ်ချက်ကြောင့် အရောင်းအဝယ်ဈေးကွက်က အလုပ်မဖြစ်ကြတော့ဘဲ အရောင်းအဝယ်ပါးလာတယ်လို့ သိရပါတယ်။
သတ်မှတ်ထုတ်ပြန်လိုက်တဲ့ အိမ်ခြံမြေရာဖြတ်တန်ဖိုး သတ်မှတ်ချက်ဟာ ကာလပေါက်ဈေးထက် ၁၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိများပြားတယ်လို့လည်း ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။
‘ စံနှုန်းသတ်မှတ်ချက်တွေကို ခေတ်ကာလနဲ့ လိုက်လျောညီထွေရှိတဲ့ နှုန်းသတ်မှတ်ပေးစေချင်တယ် ၊ ဒီနှစ်အိမ်ခြံမြေ ဈေးကွက်က မနှစ်ကထက် ပိုဆိုးတယ် ၊ ဈေးကွက်ကျတယ် ၊ အခွန်ထမ်းပြည်သူလဲ တအားကြီး ဝန်ထုတ်ဝန်ပိုးမဖြစ်ရအောင် စံနှုန်းသတ်မှတ်ချက်ကို ထိန်းညှိသတ်မှတ်ပေးဖို့လိုတယ် ‘ လို့
အကျိုးဆောင်တစ်ဦးက ပြောပါတယ်။

အခွန်နှုန်းလည်း များ

မြေပြင်ပေါက်ဈေးထက် စံနှုန်းသတ်မှတ်ချက်များပြားမှုတွေအပြင် ပြည်ထောင်စုအခွန် အကောက်ဥပဒေအရ တန်ဖိုးအလိုက် အခွန်ကောင်ခံရာမှာ အခွန်နှုန်းများပြားနေတယ်လို့ အကျိုးဆောင်အချို့က ဆိုပါတယ်။
ပြည်ထောင်စု အခွန်ကောက်ဥပဒေအရ အိမ်ခြံမြေရောင်းဝယ်ရာမှာ ကျပ်သိန်း ၃၀၀နဲ့ အောက်ကို ၁၅ ရာခိုင်နှုန်း ၊ ကျပ် ၃၁၀ သိန်းမှ ကျပ်သန်း ၁၀၀၁ အထိ ၂၀ ရာခိုင်နှုန်း ၊ ကျပ် ၃၀၀၁ သိန်းအထက် အခွန် ၃၀ ရာခိုင်နှုန်းအခွန်ပေးဆောင်ရာမှာ ဖြစ်ပါတယ်။ဖိုးလမင်းအိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းပိုင်ရှင် ဦးဝဏ္ဏစိုးက ‘ စံနှုန်းသတ်မှတ်ချက်လဲ လျှော့ချသင့်တယ် ၊ အခွန်ရာခိုင်နှုန်းသတ်မှတ်ချက်လဲ လျှော့ချသင့်တယ် ၊ ဒါတွေက လုံးဝကို နိုင်ငံစီးပွားရေး ကျနေတဲ့အပြင် အိမ်ခြံမြေအရောင်းအဝယ်ကဏ္ဍကလဲ လုံးဝကို အရောင်းအဝယ်က အရမ်းပါးနေပြီး ရပ်ဆိုင်းလုနီးပါဖြစ်နေတယ် ၊ အဲဒါလေးကို နည်းနည်းလေးတော့ ဈေးကွက်က အဆင်ပြေအောင် တိုးတက်လာအောင် အစိုးရအနေနဲ့ နည်းနည်းလေး လုပ်ပေးသင့်တယ် ‘လို့ပြောပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
CarsDB Showroom Opening
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service