ရန်ကုန်အနောက်ပိုင်း ခရိုင် တရားရုံးမှ အမှု စစ်ပြီး၍ပြန်လာပြီး ကျွန်ုပ်၏ရုံးခန်း၌ အမောအပမ်းဖြေနေစဉ် ဖုန်းခေါ်သံကြား ရသဖြင့် ဖွင့်ကာနားထောင်လိုက်သည်။
“ဆရာ ကျွန်မက အိမ်ခြံမြေ အကျိုးဆောင် မနွယ်နီပါဆရာ”
“ဟုတ်ကဲ့ ဘာအကူအညီပေး ရမလဲ မနွယ်ရေ၊ ပြောလေ”
“အကူအညီကတော့ အရေး ကြီးတယ်ရှင့်၊ ဆရာကိုယ်တိုင်လိုက်ပါ ဆောင်ရွက်ပေးမှ အဆင်ပြေမှာမို့ပါ။ ဖြစ်နိုင်ရင် ရုံးစောစောဆင်းပြီး ညနေ (၅)နာရီလောက် အိမ်အရောက်ပြန်လာ ပေးပါ ဆရာရယ်၊ ဆရာ့ အိမ်ကစောင့် နေမယ်နော်”ဟု ပြောပြီး ဖုန်းပိတ်သွားသည်။
အိမ်ခြံမြေအကျိုးဆောင် တော်ရုံတန်ရုံ ကိစ္စမမှုပေါင်
မနွယ်နီမှာ ကျွန်ုပ်နှင့်တစ်ရပ် ကွက်တည်းအတူနေသူဖြစ်ပြီး အိမ်ခြံမြေ အကျိုးဆောင်အဖြစ် နာမည်ဂုဏ်သတင်း ကြီးသူဖြစ်သည်။ ထို့ကြောင့် သာမန် အိမ်ခြံမြေအရောင်းအ၀ယ်ကိစ်္စမျိုးဆိုလျှင် ကျွန်ုပ်အားခေါ်လေ့ခေါ်ထမရှိပေ။
ကိုယ့်နည်းကိုယ့်ဟန်ဖြင့်ပင် “အရပ်ကတိ အရောင်းအ၀ယ်စာချုပ်”ချုပ်ဆို၍ ရောင်း ၀ယ်လေ့ရှိသူဖြစ်သည်။
အိမ်ခြံမြေအရှုပ်အရှင်းပေါ်လာမှ ရှေ့နေကိုသတိရ
သာမန်ထက်ထူးခြားသော၊အရှုပ် အရှင်းများသော “မြေကွက်မျိုး” ဖြစ်မှသာ ကျွန်ုပ်ကိုခေါ်လေ့ရှိသည်။ ယခုလည်း ရောင်းသူဝယ်သူ အဆင်မပြေနိုင်သော မြေကွက်မျိုးဖြစ်၍သာ ကျွန်ုပ်အားအကူအညီတောင်းခြင်းဖြစ်ရမည်ဟု တွေးကြည့် လိုက်သည်။ ရှေ့နေဆိုတော့လည်း မည်သည့်နေရာ၊ မည်သည့်အချိန်ခေါ်ခေါ် ငြင်းဆန်နေ၍မဖြစ်၊ လိုက်ပါဆောင်ရွက် ပေးရမည် မဟုတ်ပါလား။
သို့အတွက်ကြောင့်လည်း ကဗျာ ဆရာ ဆုမွန်ဦး(ဟင်္သာတ)က ရှေ့နေ တို့အတွက် ဂုဏ်ပြုစပ်ဆိုပေးထားသည့် “အများအပူ အငှားယူသည် နတ်လူ သာဓု ခေါ်စေသော်” ဟူသော မျှဝေခံစားချက် ကလေးက ကျွန်ုပ်၏ရင်ကိုအေးမြစေ
သည်။ သို့အတွက်လည်း အားတက်ပြီး မနွယ်အား အကူအညီပေးရန် လုပ်လက်စ အလုပ်များကို အမြန်လက်စသိမ်း၍ (၅) နာရီအရောက်အိမ်သို့ ပြန်ခဲ့ပါတော့သည်။
မြေကွက်ဝယ်ဖို့အသွား လူအင်အားကလည်း အပြည့်ပါလား
အိမ်ရောက်သည်နှင့် အဆင် သင့်စောင့်နေသည့် မနွယ်နီကိုတွေ့ရ သည်။ အိမ်ရှေ့တွင်ွှသတည ဗခန ကား တစ်စီးရပ်ထားသည်ကိုလည်း တွေ့ရ သည်။ ကားပေါ်တွင် အမျိုးသား (၃)ဦးနှင့် အမျိုးသမီး(၃)ဦးတို့က အသင့်ပါ လာသည်။
““ကဲ ဆရာရေ၊ အိမ်ခြံမြေ အရောင်းအ၀ယ်စာချုပ်တော့ ယူလာပါ နော်။ ဟိုရောက်ရင် မြေကွက်အရောင်း အ၀ယ်စာချုပ်,ချုပ်ရမယ်လေ””ဟု ပြော သဖြင့် ““အေးပါ၊ ဆရာမှာအသင့်ဆောင် ထား ပါတယ်။ သွားကြစို့””ဟု ပြောကာ
မနွယ်၏ Town Ace ကားပေါ်သို့တက် လိုက်ခဲ့သည်။
ဝယ်သူကြိုက်တော့ အင်အားနဲ့သွား၊ ရှေ့နေကိုပင် တပ်ကူခေါ်လာပါလား
ကားပေါ်ရောက်သည်နှင့် ““စာချုပ်က ဘယ်မှာသွားပြီးချုပ်ဆိုရမှာလဲ မနွယ်ရဲ့””၊ ““ရွှေပြည်သာမှာလေ၊ ရောင်း တဲ့သူတွေက ရွှေပြည်သာမှာနေကြတယ်၊ ရောင်းတဲ့မြေကွက်ကတော့ ဒဂုံဆိပ်ကမ်း (၈၅)ရပ်ကွက်ကလေ””။ ““အလို၊
ရန်ကုန် မြို့ရဲ့ အရှေ့အရပ်နဲ့ အနောက်အရပ်ပဲ ဆိုပါတော့ မနွယ်ရာ””။ ““ဟုတ်ပါတယ် ဆရာ၊ တကယ်လိုချင်တော့လည်း ၀ယ် သူကရောင်းသူရှိရာ သွားရတာပေါ့၊ စာ ချုပ်ကို ခိုင်မာအောင် ချုပ်ပေးပါနော် ဆရာ၊ ရောင်းတဲ့သူက ဝေ့လည်ကြောင် ပတ်လုပ်မှာကြောက်လို့၊ ကားပေါ်မှာက (၆)ယောက်ခေါ်လာတယ်။ ရွှေပြည်သာ ရောက်ရင် နောက်ထပ်ပွဲစား (၂)နှစ် ယောက်လည်း ထပ်မံအားဖြည့်ပေးဦး မယ်လေ”ဟု ပြောသဖြင့် ကျွန်ုပ်လည်း ““ဟေ””ဟုဆိုကာ အံ့အားသင့်သွားသည်။ မနွယ်ပြောသည့်လေသံအရဆိုလျှင် အလွယ်တကူ စာချုပ်ချုပ်ဆိုရမည့်ကိစ်္စ တော့ မဟုတ်တန်ရာ။ ပွဲကြီးပွဲကောင်း နွှဲရမည့်ကိစ်္စဖြစ်မည်မှာ သေချာသည်။
ပါမစ်လည်းမဟုတ်၊ ဂရန်လည်းမဟုတ် တော်တော်ရှုပ်သည့် သောကမြေ
ရောင်းမည့်သူအိမ်သို့ ကျွန်ုပ် တို့ရောက်သွားသည့်အချိန်တွင် အချိန် ကား မှောင်ရီပျိုးစ၊ ညနေ ၆ နာရီခွဲခန့် ရှိနေပြီဖြစ်သည်။ ထို့ကြောင့် အိမ်ထဲတွင် ထိုင်မိသည်နှင့် ရောင်းသူထံမှ မြေကွက် နှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများ တောင်းယူကြည့်လိုက်ရာ ဓာတ်ပုံနှင့်တွဲ လျက် ပါမစ်မြေကွက်လည်းမဟုတ်၊ ရောင်း သူအမည်ပေါက် အနှစ် (၆၀)ဂရန်လည်း မဟုတ်သေးဘဲ၊ မြို့တော်စည်ပင်မှ ထုတ် ပေးထားသည့် “ပါမစ်ပျောက်ဖြင့် ဂရန် သစ်လျှောက်ထားသည့်စာရွက်” ကိုသာ ထုတ်ပြသည်။ ၀န်ဆောင်ခ ငါးသောင်း ပေးသွင်းထားသည့် ပြေစာ၊ ဂရန်စာအုပ် ဖိုး ငါးသောင်းကျပ်ပေးသွင်းထားသည့် ပြေစာတို့ကိုသာ ထုတ်ပြနိုင်သည်။ သို့ အတွက် ရောင်းသူမှပြသသည့် စာရွက် များကိုကြည့်၍သာ စာချုပ်ရတော့မည် ဖြစ်သည်။
ဂရန်သစ်မရသေးလဲ ဘာဖြစ်လဲ၊ ပြန်ရောင်း ရင်မြတ်မှာပဲ
ကျွန်ုပ်က ပါမစ်မူရင်းပျောက် ဆုံးပုံအကြောင်း အရောင်းသူအား မေး မြန်းကြည့်ရာ “၂၀၀၈ ခုနှစ် နာဂစ်မုန် တိုင်းကျတုန်းက ရေထဲပါသွားလို့ ပျောက် ဆုံးသွားတယ်၊ ဒါနဲ့မြို့တော်စည်ပင် အနှစ် (၆၀)ဂရန်လျှောက်နေဆဲမှာ ကျွန်တော်
က ကျန်းမာရေးချူချာလာလို့ ဆေးကုသ ဖို့အတွက် မျက်မြင်အခြေအနေအတိုင်း စာရွက်စာတမ်းပြပြီး ပြန်ရောင်းတာပါ။ အခုဝယ်တဲ့ မနွယ်ကလည်း ကူညီမယ်၊ ရန်ကုန်မြို့ စာချုပ်စာတမ်းရုံးမှာ အထွေ ထွေကိုယ်စားလှယ်လွှဲပေးဖို့နဲ့
ဂရန်သစ် ရရင်လိုက်ထုတ်ပေးဖို့ပြောလို့ အခုလို ရောင်းဖြစ်သွားတာပါ” ဟု
ရောင်းသူ ဦးစိန်ကြီးက ရှင်းပြသည်။
စိန်ကောင်းကျောက်ကောင်းရောင်းဝယ် ချိန်မှာ ဆေးရိုးသည်က ကန့်လန့်ကန့် လန့်
ကျွန်ုပ်လည်းနှစ်ဘက်သဘော တူညီချက်များကို စာချုပ်တွင်ပြည့်စုံ အောင်ထည့်သွင်း ချုပ်ဆိုပေးလိုက်သည်။ အနှစ် (၆၀)ဂရန် ထုတ်ယူရရှိသည့်နေ့ တွင် ကျန်ငွေ (၅)သိန်းပေးရန်သဘော တူကြပြီး ယနေ့စာချုပ်သည့်နေ့တွက် သိန်း
(၇၀)လက်ငင်းပေးသွားရန် သဘော တူစာချုပ်ချုပ်ဆိုကြသည်။ စာချုပ်များ ချုပ်ဆိုပြီး၍ လက်မှတ်ရေးထိုးပြီးချိန် တွင် ဆိုင်ကယ်တစ်စီးအိမ်ရှေ့သို့ ဆောင့် ကြီး အောင့်ကြီးထိုးရပ်လိုက်သည်ကို တွေ့ရသည်။
ဆိုင်ကယ်ပေါ်မှ လူငယ်နှစ်ဦး ဆင်းလာသည်ကို တွေ့ရသည်။ ရောင်း သူဝယ်သူနှင့် နှစ်ဖက်ပွဲစားများက ထို လူငယ်နှစ်ဦးကို စိတ်ဝင်စားစွာ ကြည့်နေ ကြသည်။ ရှေ့မှဝင်လာသော အသက် (၃၀)ခန့်ရှိ လူငယ်ကိုတွေ့သည်နှင့် ဖခင်
ဖြစ်သူက ““ဒါ ကျွန်တော့်သားကြီးလေ၊ ကုမ်္ပဏီအရောင်းမန်နေဂျာပေါ့””ဟု ပြော ၍ ကျွန်ုပ်တို့အဖွဲ့နှင့် မိတ်ဆက်ပေး သည်။ အားလုံးကလည်း ၀မ်းသအားရ ဖြင့် ““ဟုတ်လား””ဟု ဆိုကာ အပြုံးကိုယ်စီ ဖြင့် နှုတ်ဆက်လိုက်ကြပါသည်။ သို့သော် ကျွန်ုပ်တို့ထင်သကဲ့သို့ ““အခုလိုအိမ်တိုင် ယာရောက် ငွေလာပေးချေကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ””ဟု ပြောမည့် အစား...
““ခင်ဗျားတို့ ကျုပ်အဖေက ပင် စင်စားလူအကြီးပဲဆိုပြီး ရိုက်စားလာလုပ် ကြတာပေါ့လေ။ ကာလပေါက်ဈေး သိန်း (၁၂၀)လောက်တန်နေတဲ့ မြေကွက်ကို (၇၅)သိန်းနဲ့ ဈေးနှိမ်ပြီးဝယ်လိုက်ကြတာ ပေါ့ဟုတ်လား၊ ကျွန်ုပ်လုံးဝသဘောမတူ ဘူးဗျာ၊ ဒီပွဲကိုဖျက်တယ်”” ဟု ဒေါသ တကြီး အော်ပြောလိုက်ရာ ၀ယ်သူဘက် မှ ပါလာသော ရွှေပြည်သာမှ ဒေသခံ ပွဲစား ဒေါ်သန်းဆိုသူက အကြီးအကျယ် ဒေါသထွက်သွားပုံရသည်။
အားကိုးလောက်ပါတယ် ပွဲစားကြီးရယ်၊ ၀င်ကယ်ပေးလို့ တော်သေးတယ်
““ဟေ့...အောင်ခိုင်၊ အခုမြေ ကွက်အရောင်းအ၀ယ်လုပ်တဲ့ကိစ်္စက နင့် အဖေ ဦးစိန်ကြီးက သူ့မှာဆေးကုစရာ မရှိလို့ပါ။ (၇၅)သိန်းလောက်ရရင် တော် ပါပြီ၊ အမြန်ရောင်းပေးပါ ဒေါ်သန်းရယ် ဆိုပြီး အကူအညီတောင်းလွန်းလို့ ငါ့ မိတ်ဆွေ မနွယ်ကို အတင်းအယူခိုင်ရ တာ။ နင့်အဖေ ခံစားနေရတဲ့ဆီးချိုရောဂါ က ဒီအတိုင်းကြည့်နေရင် နောက်ဆို ခြေထောက်ဖြတ်ပစ်ရတော့မှာ၊ ငါတို့က မနေနိုင်လို့ သနားပြီး မဖြစ်မနေ ၀ယ်သူ ရှာပြီး ရောင်းပေးလိုက်တာကိုများ ကျေးဇူး မတင်တဲ့အပြင် ငါတို့ကိုပါ စော်ကားသေးတယ် ဟုတ်လား၊ ဟေ့ မရောင်းချင်ရင် လည်းရတယ်။ ဟိုတစ်ပါတ်က စရန်ငွေ သိန်း (၃၀)ပေးထားတာရှိတယ်။ အခု ရောင်းသူဘက်က ပျက်ကွက်တဲ့အတွက် စရန်ငွေရဲ့ နှစ်ဆ သိန်း (၆၀)ပြန်ပေး လိုက်လေ။ ငါတို့က ခါးကော့ပြီး ပြန်သွား ရုံပဲရှိတယ်။ ဒါမျိုးတော့လာမစမ်းနဲ့ ဒေါ်သန်းတို့က သနားတယ်””ဟု အော် ကြီးဟစ်ကျယ် ကတ်ကတ်လန် ပြန်လည် ပြောလိုက်ရာ ရောင်းသူ ဦးစိန်ကြီးက မနေနိုင်တော့ဘဲ သားရဲ့ကိုယ်စား ပွဲမဖျက်ကြဖို့ ၀င်ရောက်တောင်းပန်ပါ တော့သည်။
မိဘကလက်နဲ့ရေး သားသမီးက ခြေနှင့် ဖျက်
““အခုရောင်းတဲ့မြေကွက်က နိုင်ငံတော်က ကျွန်တော့်ကိုပေးထားတာ ပါ။ ပင်စင်ယူထားပြီးနောက်ပိုင်း အိုစာ၊ မင်းစာဆိုလို့ ဒီမြေကွက်လေးပဲရှိတော့ တာပါ။ ပြီးတော့ ကျွန်တော့်အမည်ပေါက် ဂရန်မထွက်သေးခင်မှာ အခုလို အိမ်တောင်ရောက်လာပြီး ငွေချေတဲ့အတွက် လည်း အလွန်ပဲကျေးဇူးတင်ပါတယ်။ ကျွန်တော်ရဲ့သား စိတ်လိုက်မာန်ပါ ပြော လိုက်တာကိုလည်း တောင်းပန်ပါတယ်”” ဟု တောင်းတောင်းပန်ပန်ပြောလိုက် တော့မှ ဒေါ်သန်းရဲ့ဒေါသက ပြောသွား သည်။
အခြေအနေက ကိုယ့်ဖက်မပါ၊ တပ် ခေါက်ပြီး ပြန်ခဲ့ရတာ
ထို့နောက်တွင် (၅)သိန်းချန် သိန်း (၇၀)လက်ငင်းပေးချေပြီး ဦးစိန် ကြီးအား စာချုပ်ရုံးတွင် အထွေထွေ ကိုယ်စားလှယ်လွှဲပေးရန် မနက်ဖြန်လာခဲ့ဖို့ မှာကြားပြီး ဂရန်ငွေသွင်းချလန်များ ယူဆောင်၍ တပ်ခေါက်ပြီး အမြန်ပြန် ခဲ့ကြရသည်။
နောက် (၂)လခန့်အကြာတွင် မနွယ်နှင့်တစ်ဖန်ပြန်တွေ့သဖြင့် ဂရန် ရပြီလားဟု မေးကြည့်ရာ ဂရန်လက်ရောက်ရရှိပြီးဖြစ်၍ အခြားသူတစ်ဦးအား ပြန်ည်ရောင်းချပြီးဖြစ်ကြောင်း ပြောပြသဖြင့် ကျွန်ုပ်လည်း တော်ပါသေး ရဲ့ဟု
အတွေးဖြင့် ရင်ထဲမှ အလုံးကြီးကျ သွားတော့သည်။
ဒေါသရှေ့ထား အမှားမကင်းနိုင်ပါလား
လောကတွင် ကာလပေါက်ဈေး နှင့် မဟုတ်ဘဲ အချိုအချောင်နှင့် ရသော အရာမှန်သမျှ နောက်ကွယ်တွင် မကျေနပ်မှုများ မရိုးသားမှုများရှိတတ်စမြဲပါ လားဟု တွေးနေမိသည်။ ပုထုဇဉ်မှန် သမျှအကျိုးအမြတ် တစ်စုံတစ်ရာဆုံးရှုံး မည်ဆိုပါက အရှက်အကြောက်တရား များလည်း မရှိတော့ဘဲ မိုးမမြင်လေမမြင်ဖြစ်ကာ ဒေါသပေါက်ကွဲပြီး အရှိကိုအရှိအတိုင်း ရင်ထဲရှိသမျှ အားမနာတမ်း ပြောဆိုတတ်ကြပါကလားဟု တွေးဆ ဆင်ခြင်နိုင်စရာ သင်ခန်းစာတစ်ခုရလိုက် ပါတော့သည်။
လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com