အစကောင်းပါမှ

အစကောင်းပါမှ - Property News in Myanmar from iMyanmarHouse.com
15 Nov 2017 10:37 am တွင် တင်ခဲ့သည်
5164 ကြိမ် ကြည့်ရှု့ပြီး
မဟာရန်ကုန်မြို့ကြီးသည် စီးပွားရေးမြို့တော်ဖြစ် သည်နှင့်အညီ နိုင်ငံအ၀န်းမှ ရဟန်းရှင်လူ တို့ ချဉ်းကပ်ခို မှီးရာနေရာဖြစ်လာသည်။အနယ်နယ်အရပ်ရပ်က ဆူကြုံနိမ့်မြင့်တို့ သည် ဘ၀မြင့်မားရာ အခွင့်အလမ်းကို မျှော်မှန်း ရောက်ရှိမှုသည် နေ့စဉ်နှင့်အမျှ မဟာရန်ကုန်မြို့ကြီးက လက်ခံနေရသည်။နေ့စဉ်နှင့်အမျှ ရောက်ရှိလာသောလူဦး ရေကိုလက်ခံရင်း လက်ခံရင်း ပြည့်သိပ် မွန်းကျပ်လာသည်။

တစ်နေရာမှ တစ်နေရာကိုသွားဖို့ လမ်းမှာတင် အချိန်တွေများစွာကုန် အောင်သုံးနေကြရသည်။ တောင်ကလူ သည် အလုပ်ရှိရာ မြောက်သို့သွားကြရ သည်။ မြောက်အရပ်ကလူသည်လည်း အလုပ်ရှိရာ တောင်အရပ်သို့ သွားကြရ သည်။ နေထိုင်ရာနှင့်ဆန့်ကျင်ရာ နေရာများ သို့ အသီးသီး သို့ နေ့စဉ်သွားရောက် လုပ်ကိုင်နေကြရသည်။ လူဦးရေများပြား လာမှု၊ သယ်ယူပို့ဆောင်ရေးယာဉ် များပြား လာမှုစသည့်အကြောင်းများကြောင့် ခရီး ကြန့်ကြာပြီး လေလွင့်ဆုံးရှုံးရသည့် အချိန် တို့များလာသည်။ လမ်းခရီးမှာတင် ခွန်အားတို့ ကုန်ခန်းလာသည်။ ကုန်စည်ဖြန့် ဖြူးရေးတို့ နှောင့်နှေးလာသည်။ အကြောင်းတရားများစွာထဲမှ လူဦးရေတိုးတက်များ ပြားလာခြင်းကိုဖြေရှင်းရန် မြို့သစ်စီမံကိန်း တို့တိုးချဲ့ဖော်ဆောင်ခြင်းဖြင့် ဖြေရှင်းကြ သည်။

မြို့သစ်တို့ တိုးချဲ့ဖော်ဆောင် ဖြေခြင်းဖြင့် လူဦးရေသိပ်သည်းကျပ်တည်း ခြင်းကို အမှန်တကယ်ဖြေရှင်းနိုင်ပြီလား ဟု မေးခွန်းထုတ်ရမလိုဖြစ်သည်။ တကယ် တော့ လုပ်ကိုင်ရှာဖွေစားသောက်ရ လွယ် ကူမှုကြောင့်သာ မြို့ကြီး ပြကြီးကို အားကိုး တကြီး မှီခိုလာကြခြင်းဖြစ်သည်။ မြို့စွန် တောစပ် မြို့ကွက်သစ်မှာ ပြန်အစတည် ရမည့်အဖြစ်ကို မည်သူကများ ပြုလုပ်လို ကြပါမည်နည်း။

သို့ပါသော်လည်း မြို့ပြ၏များ ပြားလှသည့်လူဦးရေတို့အတွက် မြို့ကွက် သစ်တို့ ဖော်ဆောင်နေရာချထားသည်ကို တော့ ကြိုဆိုကြရမည်သာ။

မြို့သစ်စီမံကိန်းကို ကြိုဆိုလက်ခံ ရမည်ဖြစ်သော်လည်း ယခင်ရှိပြီးမြို့သစ် တို့ကို ဘယ်လောက်ထိ ကောင်းမွန်သည့် မြို့ပြဖြစ်အောင် ဖော်ဆောင်နိုင်ခဲ့ပြီးကြ ပြီလဲ။

ဒဂုံမြို့သစ်တို့ကို ဖော်ဆောင်ခဲ့ သည်မှာ ဆယ်စုနှစ်နှစ်ခုကျော်ကြာခဲ့ပါပြီ။ဘယ်လောက်ထိဖွံ့ဖြိုးမှုအား ကောင်းခဲ့ပါ ပြီလဲ။ ထို့အတူ လှိုင်သာယာ၊ ရွှေပြည်သာ စသောမြို့သစ်တို့ကိုလည်း ချဲ့ထွင်ဖော် ဆောင်ခဲ့ကြသည်။ မရှင်းမရှင်းဖြင့် အတင်း ဖော်ဆောင်ခဲ့ကြသော စက်မှုဇုန်တို့သည် လည်း နောက်ပိုင်းတွင် မြေယာအရှပ်ထုပ် တွေကြောင့် စက်မှုဇုန်အ၀င်ဝတို့တွင် မြေယာပိုင်ဆိုင်ခဲ့ဘူးသူတို့၏ ပိတ်ဆို့ဆန်္ဒ ပြမှုများဖြစ်ပွား ကြုံတွေ့ကြရသည်။ မြေ ယာလျော်ကြေးမပေးဘဲ အဓမ်္မမြေသိမ်းခဲ့ ကြခြင်းလား။ လျော်ကြေးငွေ မစို့မပို့ပေး ၍သိမ်းခဲ့ကြခြင်းလားဆိုတာ ထိုခေတ်က သက်ဆိုင်သူတို့သာ သိသည့်ကိစ်္စသာ ဖြစ်သည်။

လက်ရှိဖော်ဆောင်ခဲ့ပြီးသော မြို့သစ်တို့တွင် မြို့သစ်စတင်ဖော်ကတည်း ကအတိုင်း မြေကွက်လွတ်များအတိုင်းရှိ နေသေးသည်။ ခြံစည်းရိုးခတ်ထားပြီး မည်သည့်အဆောက်အအုံမှ ဆောက်လုပ် ထားခြင်း မရှိသေးသော မြေကွက်လွတ် များကိုလည်း တွေ့နေရသည်။ ထိုမြေကွက် လွတ်များတွင် ပိုင်ဆိုင်သူတို့ဘာကြောင့် လာပြီး အခြေမချကြသနည်း။

ဒဂုံမြို့သစ်၏ ပင်မပြည်ထောင်စု လမ်းမကြီးသည် ကျောက်ပေါက်မတစ် ယောက်ပမာ ချိုင့်ခွက်တို့နှင့် ဆိုးရွားစွာ ရှိနေသေးသည်။ ပါရမီလမ်းအတိုင်း ငမိုး ရိပ်တံတား (ဘေလီ)မှ ဒဂုံမြို့သစ် ပင်လုံ လမ်းသို့ ဆင်းလိုက်ပြီဆိုလျှင် ကြမ်းတမ်း သောလမ်းအဖြစ် ယခုတိုင်ဖြစ်နေသေး သည်။ အဓိကလမ်းမကြီးများသည် ယခု အချိန်တွင် ကောင်းမွန်နေသင့်ပြီဟု ထင် သည်။ အသွားအပြန် တံတားနှစ်စင်းထိုး ထားသော်လည်း ရုံးဆင်း ရုံးတက်ချိန်တို့ တွင် ဤလမ်းပေါ်တွင် များပြားလှသော ကားတို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှုကို အချိန်ကြာကြာ လူတိုင်းခံစားရသည်။ နေ့စဉ်နှင့်အမျှ လုပ်အားတန်ဖိုးတို့သည် အလုပ်သွား အလုပ်ပြန်ခရီးတို့၏အချိန် ကြာမြင့်မှုတို့ကြောင့် ဖြုန်းတီးနေကြရသလို ဖြစ်နေသည်။ ဘက်စ်ကားများ ပြေးဆွဲဝင် ရောက်ရာ ရပ်ကွက်လမ်းများသည်လည်း ယာဉ်နှစ်စီးလွတ်အောင် ရှောင်တိမ်းမောင်း ရရုံသာရှိသည်။ ရပ်ကွက်တွင်းရှိ လမ်းသွယ် လေးများသည်လည်း ကွန်ကရစ်ခင်းထား သော်လည်း အောက်ခံမြေသားခိုင်မာမှု မရှိ၍လား၊ ကွန်ကရစ်ဖျော်စပ်မှု စံချိန်မမီ ခြင်းကြောင့်လား လမ်းလယ်မှတောက် လျှောက် အက်ကြောင်းကြီးများဖြစ်၍ထက် ပိုင်းကျိုးကုန်သည်။ အပေါက်အပြဲများဖြစ် ကုန်သည်ကို နေရာတိုင်းလိုလို တွေ့နေရ သည်။ ရေမြောင်းတို့သည်လည်း မြောင်း ဟု ပြောသာရုံရှိသည့် နေရာမျိုးလည်းရှိ သည်။ မြောင်းပျောက်နေသည့်နေရာမျိုး တွေလည်းရှိသည်။ အချို့မြေနှိမ့်ပိုင်းနေရာ များတွင်လည်း ရေစီးဆင်းမှုမရှိဘဲ ငါးမွေး ကန်ပမာဖြစ်နေသည်ကိုလည်း တွေ့ကြ ရသည်။ ထိုမြို့သစ်တို့တွင် အစိုးရကပေး ဝေသော ရေတို့မရရှိကြသေးပေ။ မိမိအစီ အစဉ်ဖြင့် အ၀ီစိတွင်းတူးပြီး သုံးရေအတွက် ဖန်တီးကြရသည်။ အ၀ီစိတွင်းတူးမထားသူ တို့အဖို့ ရေရောင်းစားသူတို့ထံက တိုင်ကီ အရေအတွက်နှင့် ၀ယ်သူသုံးစွဲနေကြရ သည်။ မြေအောက်ရေသည် မည်မျှ ရေ အရည်အသွေးပြည့်မီမှုရှိသည်၊ မရှိသည် ကို မသိကြဘဲ သုံးစွဲနေကြရသည်။ ထိုမြင် တွေ့ရသော အနေအထား သည် ဒဂုံမြို့ သစ်၏ နေရာအစိတ်အပိုင်းလေးတစ်ခု၏တွေ့မြင်ရသော အနေအထားဖြစ်သည်။

ရန်ကုန်မြို့လယ်နှင့် အနီးစပ် ဆုံး သာကေတမြို့နယ်သည် ဒဂုံမြို့သစ် အရင် မြို့ပြဖော်ဆောင်ခဲ့သည်။ ထို သာကေတမြို့သည်ပင် မြို့ပြဥပဓိရုပ် ဘယ်လောက်ပြည့်မီနေပြီလဲ။အစိုးရပေး ဝေသောရေ မရောက်ရှိသေးသောနေရာ ဖြစ်သဖြင့် မြေအောက်ရေကိုသာ အသုံးပြု နေရသည်။ မြေအောက်ရေကို လွယ်လွယ် ထုတ်ယူအသုံးပြုခြင်းသည်လည်း ကောင်းမွန်လှသည်မဟုတ်ပါ။ အထပ်မြင့်အဆောက် အအုံဆောက်လုပ်မှုကလည်းများ မြေ အောက်ရေထုတ်ယူသုံးစွဲမှုကလည်း များ ပြားနေမည်ဆိုလျှင် တစ်ချိန်ချိန်တွင် မြေ ကျွံမှုများ ဖြစ်မလာနိုင်ဟုမည်သူပြောနိုင် မည်နည်း။

ရှိပြီးသားမြို့သစ်တို့၏ အခြေ အနေသည် ယခုအချိန်ထိ နေရာတိုင်း လမ်းတို့၊ တံတားတို့ ပလက်ဖောင်းတို့ ခင်းကျင်းမှုတို့သည်နေရာတိုင်း ပြီးပြည့် စုံခြင်း မရှိလှသေးပေ။ ရေမြောင်းများ၊ မိလ္လာစွန့်ထုတ်မှုများက စနစ်ကျနမှု မရှိ လှသေးပေ။ နှစ်ကာလရှည်ကြာ၍ နေထိုင် သူလူဦးရေများပြားလာမှ လမ်းများချဲ့ ထွင်ခြင်းများ၊ ရေပိုက်သွယ်တန်းမှုများ ပြုလုပ်လာကြသည်။ ထိုအခါ လမ်းတို့သည် လည်း ထပ်မံပျက်စီးကြပြန်သည်။ပြန် လည် ပြုပြင်ကြရပြန်သည်။ ငွေကုန်ကြေး ကျတို့ များပြားခဲ့ကြသည်။ “အစမကောင်း မှု”ကြောင့် ပျက်စီးမှုတို့ကို လိုက်လံပြုပြင် ရင်း အချိန်ကုန် ငွေကုန်ဖြစ်သည့်အပြင် နေထိုင်သွားလာသူတိုလည်း မတည်မငြိမ် ဖြစ်ကြရသည်။

ယခုတစ်ဖန် ရန်ကုန်မြို့ကြီး၏အနောက်တောင်ခြမ်းဖြစ်သော ကြည့်မြင် တိုင် တစ်ဖက်ကမ်း တွံတေး၊ ဒလဘက်ခြမ်း တို့တွင် ရန်ကုန်မြို့သစ်ဖော်ဆောင်ဖို့ယခင် အစိုးရလက်ထက်က စီမံကိန်းရေးဆွဲခဲ့ သည်။ လက်ရှိအစိုးရသစ်လက်ထက် ကူး ပြောင်းလာပြီးသောအခါ ထိုမြို့သစ်စီမံ ကိန်းကိုမပြုလုပ်မီ ပြန်လည်စိစစ်မှုများပြု လုပ်ခဲ့သည်။ ထို့နောက်စိစစ်မှုများ ပြုလုပ် ပြီး မြို့သစ်ဖော်ဆောင်မှုအစီအစဉ်အား ပြန်လည်စတင်မည်ဟု သိရသည်။

အချိန်နှင့်အမျှ တိုးပွားလာသော လူဦးရေတို့ကြောင့် မြို့သစ်စီမံကိန်းကြီး များ တိုးချဲ့ဖော်ဆောင်မှု ပြုလုပ်မည်ကို ကြိုဆိုကြရမည်ဖြစ်သည်။ သို့ပါသော် လည်း “နောက်လာတဲ့မောင်ပုလဲ ဒိုင်းဝန် ထက်ကဲ”ဆိုသကဲ့သို့ မဖြစ်ဖို့လိုသည်။အလကားရသည့်ငွေတို့နှင့် စီမံကိန်းတို့ ကို ဖော်ဆောင်ကြရသည်မဟုတ်။ နိုင်ငံ တော်ဘဏ္ဍာငွေများ၊ နိုင်ငံတကာ ချေးငွေ များဖြင့် ထိုစီမံကိန်းတို့ကို အကောင် အထည်ဖော်ကြရသည်။ ပြုလိုက်၊ ပြင်လိုက်၊ ဖျက်လိုက်၊ ဆောက်လိုက်နှင့် ငွေ ကြေးတို့ မလေလွင့်ဖို့ လိုသည်။ တိုးတတ် နေသောနိုင်ငံတို့တွင် မြို့သစ်တို့ကို မည်သို့ ဖော်ဆောင်သည်ကို အတုယူသင့်လှ သည်။ စမ်းတ၀ါးဝါး လုပ်စရာမလိုဟုထင် သည်။ တစ်ပါးသောနိုင်ငံတို့ မြိုသစ်ဖော် ဆောင်ရာတွင် ၎င်းင်းတို့ကြုံတွေ့ခဲ့ရသော အခက်အခဲများကို မိမိတို့အလှည့်တွင်နည်း ယူ၍ ဆုံးရှုံးမှုနည်းအောင်နှင့် အကောင်း ဆုံးဖြစ်အောင် စီမံကိန်းတို့ကို ဖော်ဆောင် နိုင်ကြမည်။ ဖျက်လိုက်၊ ပြင်လိုက်နှင့် အကောင်းဆုံးကိုလိုက် ရှာနေခြင်းသည် အချိန်ကုန်ငွေဖြစ်သည်။ ခူးပြီး ခပ်ပြီး အကောင်းဆုံးနည်းတို့ကိုယူလိုက်ခြင်း
ဖြင့် ကုန်ကျမှုခြင်းအတူတူ အကောင်းဆုံး ကိုရမည်ဟုမြင်သည်။

မြို့သစ်ဖော်ဆောင်မည့်နေရာ ဌာနတို့တွင် ကုန်ထုတ်လုပ်ငန်းတို့ ရရှိ ဖန်တီးနိုင်အောင် အရင်ပြုလုပ်သင့်သည်။ ထိုအလုပ်အကိုင်တို့ကို တည်မှီပြီး မြို့သစ် ကို လူတို့လိုလိုချင်ချင် ပြောင်းရွေ့လာကြ မည်။ ရေ၊ မီး၊ အမှိုက်နှင့် မိလ်္လာစွန့်ထုတ် မှုကအစ စနစ်ကျနပြီးအဆင်သင့် ပြောင်း ရွေ့နေထိုင်နိုင်သော မြို့သစ်များဖြစ်အောင်၊ ပို့ဆောင်ဆက်သွယ်ရေးလွယ်ကူမြန်ဆန် သော စနစ်များပါဝင်ဖော်ဆောင်နိုင်အောင် ပြုလုပ်ထားခြင်းဖြင့် ယခင်မြို့သစ်တို့ထက် လျင်မြန်ဖွံ့ဖြိုးလာမည်။ နောင်လာလတ်္တံ့ သော မြို့သစ်စီမံကိန်တို့၏ရှေ့ဆောင် “အစကောင်းကောင်း”နှင့် “အကောင်းဆုံးစ” နိုင်အောင် ကြိုးစားဖော်ဆောင်နိုင်ကြပါ စေကြောင်း ကြွေပန်းကန်နှုတ်ခမ်းထက် ရွှေရေးတတ်လိုက်ရပါကြောင်း။ ။

ဘိုးသာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
CarsDB Showroom Opening
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service