နေပြည်တော်မှာ သိန်း ၃၀၀ ဝန်းကျင် မြေကွက်အချို့ အရောင်းအဝယ်သွက်နေ

နေပြည်တော်မှာ သိန်း ၃၀၀ ဝန်းကျင် မြေကွက်အချို့ အရောင်းအဝယ်သွက်နေ - Property News in Myanmar from iMyanmarHouse.com
15 Nov 2017 10:23 am တွင် တင်ခဲ့သည်
860 ကြိမ် ကြည့်ရှု့ပြီး
အခုရက်ပိုင်း နေပြည်တော် အိမ်ခြံမြေဈေးကွက်မှာ ကျပ်သိန်း ၃၀၀ ဝန်းကျင်ရှိ မြေကွက်အချို့ အရောင်းသွက်နေတယ်လို့ နေပြည်တော် အိမ်ခြံမြေဈေးကွက်မှ သိရပါတယ်။

‘ ဝယ်တဲ့သူတွေက အဆောက်အအုံပါတာ ၊ မပါတာ သိပ်မကြည့်ဘူး။ မြေနေရာ ကိုပဲ အဓိက ကြည့်တယ် ၊ လမ်းသာတဲ့ နေရာလေးတွေဆို ပိုကြိုက်ကြတာပေါ့ ၊ တချို့ ဆို ပျဉ်ထောင်အိမ်နှစ်ထပ်လေးတွေတော့ ပါတဲ့ဟာပါတယ် ‘ လို့ အောင်ဆုပန် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဒေါ်အေးနန်းစိုးက ပြောပါတယ်။

ကျပ်သိန်း ၃၀၀ ဝန်းကျင်ရှိ မြေကွက်တွေကတော့ များသောအားဖြင့် ပေ ၆၀ ပတ်လည် မြေကွက်တွေဖြစ်ပြီး အရောင်းအဝယ်အများဆုံးဖြစ်တာက ဥတ္တရသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ် နဲ့ ဇမ္ဗူသီရိမြို့နယ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

အခုလိုသည်မြို့နယ်တွေမှာ ကျပ်သန်း ၃၀၀ တန်မြေကွက်တွေ အရောင်းအဝယ် ဖြစ်နေပေမဲ့လည်း သည်လိုမြေကွက်မျိုးတွေကို လူနေထူထပ်တဲ့နေရာတွေနဲ့ လမ်းသာတဲ့နေရာတွေ တော်တော်များများ ကျန်ရှိနေသေးတဲ့အတွက် ဝယ်ယူသူတွေအနေနဲ့ရွေးချယ်ခွင့် ရနိုင်သေးတယ်လို့လည်း သိရပါတယ်။

‘ ပေါင်းလောင်းဘက်တွေလဲ မဆိုးပါဘူး။ မြေကွက်လေးတွေ သူ့ဟာနဲ့သူဖြစ်ပါတယ်၊ ၃၀၀တန် လေးတွေလဲ ဖြစ်ပါတယ် ၊ အငှါးကတော့ တစ်သိန်းကျော် ၊ သုံးသိန်းဝန်ကျင်တန်တွေလောက်ပဲ ဖြစ်တာပါ ‘ လို့ ရွှေလက်ပံအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးကျော်စွာမြင့်က ပြောပါတယ်။

နေပြည်တော်ရဲ့ အိမ်ခြံမြေဈေးကွက် အနေအထားဟာ သည်နှစ်ထဲမှာ အရောင်းအဝယ်ရော အငှါးပါ ပုံမှန်ဖြစ်နေပေမဲ့လည်း ဈေးနှုန်းအနေနဲ့ကတော့ မနှစ်ကထက် အနည်းငယ်အေးနေတယ်လို့ သိရပါတယ်။

အခုရက်ပိုင်း အရောင်းအဝယ်ဖြစ်နေတဲ့ သိန်း၃၀၀ ဝန်းကျင်ရှိ မြေကွက်အမျိုးအစားတွေဟာလည်း ပြီးခဲ့တဲ့ နှစ်က သည်ဈေးဝန်းကျင်လောက်သာ ရှိနေခဲ့ကြတယ်လို့ သိရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

CarsDB
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service