အစိုးရ၏တည်ဆောက်ရေးလုပ်ငန်းများကို စိစစ်လေ့လာမည့်အဖွဲ့ထားရှိရန်အဆို လွှတ်တော်အတည်ပြု

အစိုးရ၏တည်ဆောက်ရေးလုပ်ငန်းများကို စိစစ်လေ့လာမည့်အဖွဲ့ထားရှိရန်အဆို လွှတ်တော်အတည်ပြု - Property News in Myanmar from iMyanmarHouse.com
15 Nov 2017 9:39 am တွင် တင်ခဲ့သည်
4488 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံတော် ဆောက်လုပ်ရေးလုပ်ငန်းများ တွင် အရည်အသွေးပြည့်မီစေရေး နှင့် ပြည်သူ့ဘဏ္ဍာငွေအလဟဿ မဖြစ်စေရေး လွတ်လပ်သည့် တတိယအဖွဲ့အစည်း (Third Party)ထားရှိ၍ စိစစ်ပေးရန် အဆိုကို ပြည်သူ့လွှတ်တော်က နိုဝင်ဘာ ၁၄ ရက်တွင် အတည်ပြုသည်။

နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများကို ဝန်ကြီးဌာန များက ကိုယ်တိုင်ဘတ်ဂျက်ရေး ဆွဲခြင်း၊ ကိုယ်တိုင်စိစစ်ခြင်း၊ ကိုယ်တိုင်တည်ဆောက်ခြင်း၊ ကိုယ်တိုင်အရည်အသွေးစစ်ဆေး ခြင်းတို့လုပ်ဆောင်နေသည့် ကာ လပတ်လုံး စံချိန်စံညွှန်းပြည့်မီ သည့်တည်ဆောက်ရေးလုပ်ငန်း များ ဖြစ်လာနိုင်မည် မဟုတ်ကြောင်းနှင့် ပြည်သူ့ဘဏ္ဍာငွေ များ အဟောသိကံဖြစ်မှုများကို ကာကွယ်တားဆီးနိုင်မည်မဟုတ်ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ် ယဉ်မင်းလှိုင်က အဆိုစတင်တင် သွင်းစဉ်က ပြောကြားသည်။

အထက်ပါအဆိုကို ပါဝင် ဆွေးနွေးသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးစလုံးက ထောက်ခံဆွေးနွေးခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန် ကြီး ဦးကျော်လင်းက အဆိုကို အတည်ပြုရန် ပြောကြားသဖြင့် လွှတ်တော်က အတည်ပြုခြင်းဖြစ် သည်။

‘‘ယနေ့ခေတ်စနစ်၊ အချိန် အခါအရ အင်မတန်မှ ကောင်းမွန်သင့်မြတ်တဲ့ အဆိုဖြစ်ပါတယ်။ သို့သော်လည်း မှန်ကန်တဲ့စနစ် မဖြစ်မှာကိုဘဲ စိုးရိမ်မိပါတယ်’’ဟု သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန့်စင်က အဆိုကို ထောက်ခံဆွေးနွေးစဉ် ထည့်သွင်းပြောကြားသည်။

တတိယ အဖွဲ့အစည်း (Third Party)တွင် ပါဝင်မည့် ပညာရှင်များသည် တည်ဆောက်ရေးပိုင်ရှင်များ၊ ကန်ထရိုက်တာများနှင့် အကျိုးစီးပွားပတ်သက်နေ သူများဖြစ်ပါက မိမိအလုပ်ကို မိမိ ပြန်လည်စစ်ဆေးသကဲ့သို့ ဖြစ် မည်ဖြစ်ကြောင်းလည်း ၎င်းက သုံးသပ်သည်။

ထိုသို့ဖြစ်ပါက အကျိုးစီးပွား ပတ်သက်သူအချင်းချင်းအကြား လက်ဝါးချင်းရိုက်သည့်စနစ်ထပ် မံပေါ်ပေါက်လာနိုင်ကာ ပြည်သူ့ ဘဏ္ဍာငွေပိုမိုကုန်ကျ၍ ပြည်သူ လူထုအတွက် ဝန်ထုပ်ဝန်ပိုးဖြစ် လာနိုင်မည်ကို သတိပြုသင့် ကြောင်း ဦးစိုင်းသန့်စင်က အကြံ ပြုပြောကြားသည်။

အထက်ပါအဆိုကို ပါဝင် ထောက်ခံဆွေးနွေးသည့် ကိုယ် စားလှယ် ၁၅ ဦးအနက် ၁၄ ဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ဖြစ်ပြီး ဦးစိုင်းသန့်စင်မှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဖြစ်သည်။

ပါဝင်ဆွေးနွေးသည့် ကိုယ် စားလှယ်အများစုက နိုင်ငံတော် ဆောက်လုပ်ရေးလုပ်ငန်းများကို စစ်ဆေးမည့် တတိယအဖွဲ့အ စည်း (Third Party) သည် သီးခြား လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိရန် အရေးကြီးကြောင်းနှင့် သို့မှသာ မှန်ကန်သည့် စစ်ဆေးမှုများရရှိ နိုင်မည်ဖြစ်ကြောင်း ပြောကြား သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ဦးဆောင်သော အစိုးရ တက်လာချိန်တွင် နိုင်ငံတော် ဆောက်လုပ်ရေးလုပ်ငန်းများကို Third Party စနစ်ဖြင့် စတင်ကျင့် သုံးခဲ့သည်ဟု ဆောက်လုပ်ရေးဒု ဝန်ကြီးက ပြောကြားသော်လည်း လက်ရှိအချိန်အထိ တိကျသည့် ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း များမရှိသည့်အပြင် မြေပင်ပကတိအနေအထားတွင် ထိရောက်သည့် စစ်ဆေးမှုများ မတွေ့ရှိသေး ကြောင်း ရွှေကျင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစော သလေးစောက ပြောသည်။

‘‘ဒီ Third Party အဖွဲ့အ စည်းကို ဘယ်လိုဖွဲ့စည်းမှာလဲ၊ စစ်ဆေးမှုကို ဘယ်လိုပြုလုပ်မှာ လဲ၊ တာဝန်ယူမှု၊ တာဝန်ခံမှု ဘယ်လောက်ရှိမှာလဲ။ ဘယ် လောက်အတိုင်းအတာအထိ ထိန်းကျောင်းပိုင်ခွင့်ပေးမှာလဲ။ စတာတွေကို တိတိကျကျဖြစ်ဖို့အ တွက် ဥပဒေ၊ နည်းဥပဒေတွေ ပြဋ္ဌာန်းဖို့ လိုအပ်ပြီး ဥပဒေ မပြဋ္ဌာန်းနိုင်မီ ကာလမှာ ညွှန်ကြားချက်များထုတ်ပြန်သတ်မှတ်ထား ပေးဖို့ လိုအပ်ပါတယ်’’ဟု ၎င်းကဆိုသည်။ ယင်းအဆိုနှင့်ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိ ယဝန်ကြီး ဦးကျော်လင်းက ပြန် လည်မှတ်ချက်ပြု ပြောကြားရာ တွင် လွှတ်တော်ကိုယ်စားလှယ် များ ဆွေးနွေးအကြံပြုချက်များကို အလေးအနက်ထားအကောင်အ ထည်ဖော်မည်ဟု ပြောကြားပြီး ဒေါ်ယဉ်မင်းလှိုင်၏အဆိုသည် ဝန်ကြီးဌာနက လက်ရှိအကောင် အထည်ဖော်နေသည့် မူဝါဒကို တွန်းအားပေးရာ ရောက်သဖြင့် လွှတ်တော်မှ အတည်ပြုပေးရန် ပြောကြားသည်။

ထို့အတွက် အဆိုတွင် ပါဝင်သည့်အချက်များကို ဆောက်လုပ် ရေးဝန်ကြီးဌာနနှင့် အစိုးရက မဖြစ် မနေ အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်ဖြစ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
imyanmarmarket
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service