ပြင်ဦးလွင်မြို့ ပဒေသာမြို့သစ်မှာ အခုလပိုင်းအတွင်းအရောင်းရော အငှားပါအနည်းငယ်သွက်နေတယ်လို့ ပြည့်စုံအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက သိရပါတယ်။
ပြင်ဦးလွင်မြို့မှာ ပွဲကောက်၊ ကုန်းဘောနဲ့ ထုံးဘိုရွာတွေက ဘိုးဘွားပိုင်ရွာမြေတွေ အခုလပိုင်းအတွင်း အရောင်းအဝယ်ဖြစ်နေသလိုပဒေ သာမြို့သစ်ပိုင်းမှာလည်း အရောင်းရော၊ အငှားပါရှိနေပါတယ်။ ပဒေသာမြို့သစ်မှာ ပေ ၄၀ x ပေ ၆၀ မြေတစ်ကွက်ကို သိန်း ၁၀ဝ ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ ဧည့်ခန်း၊ အိပ်ခန်းနှစ်ခန်းအပါအဝင် ကားဂိုဒေါင်၊ ရေချိုးခန်း၊ အိမ်သာအပြည့်အစုံပါဝင်တဲ့ တစ်ထပ်တိုက် လုံးချင်းလေးတွေကိုတော့ ဈေးနှုန်းကျပ် သိန်း ၁၀ဝ၀ ကို ညှိနှိုင်းဈေးနဲ့ ရောင်းချပေးနေတယ်လို့သိရတယ်။
အငှားကတော့ အာရ်စီတစ်ထပ်တိုက် လုံးချင်းလေးတွေကို အနည်းဆုံး ကျပ်တစ်သိန်း၊ တစ်သိန်းခွဲကနေ ကျပ်သုံးသိန်း၊ သုံးသိန်းခွဲခန့် အထိရှိတယ်လို့ သိရတယ်။
' ပါကေးခင်းပြီး၊ ရေပူရေအေးအပါအဝင် အဆင့်အတန်းတစ်ခုအနေနဲ့ အသင့်တက်နေနိုင်တဲ့ အိမ်မျိုးဆို သုံးသိန်း၊ သုံးသိန်းခွဲကနေ အိမ်ကြီးသွားရင် ငါးသိန်း၊ ခြောက်သိန်းအထိငှားကြတယ်၊ ဒါပေမဲ့အငှားဖြစ်နေတာကတော့ တစ်သိန်း၊ တစ်သိန်းခွဲကနေ သုံးသိန်းခွဲအထိကတော့ အငှားပိုဖြစ်တယ်လို့ ပြည့်စုံအိမ်ခြံမြေက တာဝန်ရှိသူကရှင်းပြပါတယ်။
ကျောင်းတက်ချိန် မိဘတွေပါလာရောက်နေထိုင်တဲ့ အချိန်မျိုးတွေမှာ အငှားပိုသွက်တယ်လို့ သိရပါတယ်။
credit: The Kumudra