လော့စ်အိန်ဂျလိတွင် ဒေသခံများက နေထိုင်ခွင့်မပေးသည့် ဒေသဝန်းကျင်တွင် ဂျပ်စတင်ဘီဘာ နေအိမ်တစ်လုံးကို တစ်လလျှင် ကန်ဒေါ်လာ ၅၅၀၀၀ ဖြင့် ငှားရမ်းနေထိုင်

လော့စ်အိန်ဂျလိတွင် ဒေသခံများက နေထိုင်ခွင့်မပေးသည့် ဒေသဝန်းကျင်တွင် ဂျပ်စတင်ဘီဘာ နေအိမ်တစ်လုံးကို တစ်လလျှင် ကန်ဒေါ်လာ ၅၅၀၀၀ ဖြင့် ငှားရမ်းနေထိုင် - Property News in Myanmar from iMyanmarHouse.com
14 Nov 2017 11:17 am တွင် တင်ခဲ့သည်
2749 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့၊ ကမ္ဘာကျော်ကြယ်ပွင့်များ အခြေချရာ ဘီဗာလီဟေးလ်အရပ်၊ zip ကုတ်ဒ် ၉၀၂၁၀ ဇုန်ရှိ ဒေသခံများက ဂျပ်စတင်ဘီဘာကို နေထိုင်ရန် ခွင့်မပြုကြချေ။

ယခုအခါ ပေါ့ပ်ကြယ်ပွင့် ဘီဘာက အဆိုပါဇုန်အနီးဝန်းကျင်ဒေသတွင် အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၅ ခန်းပါ လူနေအိမ်တစ်လုံးကို တစ်လလျှင် ကန်ဒေါ်လာ ၅၅၀၀၀ (မြန်မာငွေ သိန်း ၇၅၀ ကျော်) ဖြင့် ငှားရမ်းနေထိုင်လိုက်သည်ဟု ဆိုသည်။

နေအိမ်၏ ကြမ်းခင်းဧရိယာမှာ စတုရန်းပေ ၈၆၀၀ ခန့်ရှိပြီး သစ်မာသား အနက်ရောင်ကြမ်းခင်းများ၊ ကျယ်ပြန့်မြင့်မားသည့် ပြတင်းပေါက်များ ပါဝင်သည်။
ဧည့်ခန်းမှာ အိမ်နောက်ဘက် ပေါ်တီကိုသို့ တိုက်ရိုက်ဆက်သွယ်ထားပြီး ဧည့်ခန်းတွင်းရှိ မီးလင်းဖိုမှာ အခန်းကို နွေးထွေးစေမည် ဖြစ်သည်။
နံရံတွင် ခန်းလုံးပြည့် မှန်ငါးကန်တွေ့ရပြီး နံရံအားလုံးကို ဘောင်ပျောက်မှန်နံရံများ ကာရံထားသည်။

Master bedroom တွင် ကြမ်းပြင်မှ မျက်နှာကျက်ထိမြင့်မားသည့် ပြတင်းပေါက်များ တပ်ဆင်ထားခြင်းကြောင့် သဘာဝအလင်းရောင် ကောင်းစွာ ရရှိသည်။
ရေချိုးခန်းနံရံတွင် ရုပ်မြင်သံကြားတစ်ခု ချိတ်ဆွဲထားပြီး၊ ရုပ်ရှင်ပိတ်ကားပါ ကဇာတ်ရုံ၊ အားကစားလေ့ကျင့်ရေးခန်းမနှင့် ရုံခန်းတစ်ခုတို့ ပါဝင်သည်။
အိမ်ဘေးဘက်တွင် ရေကန်ဖြင့် ဝန်းပတ်ထားသည်ကို တွေ့ရသည်။
နေအိမ်ဘေးနှင့် ရှေ့ဘက်ကို မြေယာအမြင့် ၂ ထပ်ပုံစံဖြင့် အလှဆင်ထားပြီး မြင့်မားသည့်အဆင့်တွင် ရေကူးကန် ပြာလဲ့လဲ့ကို တွေ့ရ၏။

ဘီဘာ၏ နေအိမ်သစ်မှာ များစွာ ခမ်းနားသည်ဟု ဆိုနိုင်သော်လည်း သူနေထိုင်ခဲ့သမျှတွင် အခမ်းနားဆုံးနေအိမ်ဟုဆိုရန်ကား ခက်လှသည်။
၂၀၁၄ ခုနှစ်၊ မတ်လအတွင်း ကာလာဘာဆက်နေအိမ်ကို ခလို ကာဒါရှီယန်အား ရောင်းချလိုက်ပြီးနောက် Lake Hollywood အနီးရှိ နေအိမ်တစ်လုံးကို တစ်လလျှင် ကန်ဒေါ်လာ ၂၉၅၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သည်။

အဆိုပါနေအိမ်ဆိုလျှင် ကိုယ်ပိုင်နိုက်ကလပ်၊ အရက်ဘား ၃ ခု၊ ဓာတ်လှေကားများနှင့် ဟောလိဝုဒ်ပုံတူဆိုင်းဘုတ်ကြီး ပါဝင်သည်။
ယင်းနောက် လအနည်းငယ်အကြာတွင် တစ်အိမ်လုံးတွင် မှန်များဖြင့် မွမ်းမံဆောက်လုပ်ထားသည့် Salad Spinner အမည်ရှိ နေအိမ်ကြီးအား ငှားရမ်းနေထိုင်ခဲ့သည်။

သို့ရာတွင် privacy မရှိသောကြောင့် အဆိုပါနေအိမ်မှ ပြောင်းရွှေ့ခဲ့ပြန်သည်။
၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဘီဘာသည် ဘီဗာလီဟေးလ်ရှိ နေအိမ်ကို ငှားရမ်းနေထိုင်ခဲ့၏။ ထိုမှတစ်ဆင့် တိုလူကာရေကန်ကြီးအနီးရှိ နေအိမ်ကို တစ်လလျှင် ဒေါ်လာ ၈၀၀၀၀ ဖြင့် ငှားရမ်းခဲ့၏။

ယင်းနောက် ဟမ့်ပ်တန်တွင် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လအတွင်း ရက်သတ္တ ၂ ပတ်အတွက် ကန်ဒေါ်လာ ၁၆၀၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သည်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင်ကား လန်ဒန်မြို့ရှိ အိပ်ခန်း ၁၅ ခန်းပါ နေအိမ်ကြီးကို တစ်လလျှင် ကန်ဒေါ်လာ ၁၃၃၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သည်။
ထိုနောက်ပိုင်း ဘီဗာလီဟေးလ်သို့ ပြန်လည်ပြောင်းရွှေ့လာခဲ့ကာ ယခုနေအိမ်ကို ရှာမတွေ့သေးချိန်အထိ ဟိုတယ်တစ်ခုတွင် နေထိုင်ခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လော့စ်အိန်ဂျလိတွင် ဒေသခံများက နေထိုင်ခွင့်မပေးသည့် ဒေသဝန်းကျင်တွင် ဂျပ်စတင်ဘီဘာ နေအိမ်တစ်လုံးကို တစ်လလျှင် ကန်ဒေါ်လာ ၅၅၀၀၀ ဖြင့် ငှားရမ်းနေထိုင် - Property News in Myanmar from iMyanmarHouse.com
လော့စ်အိန်ဂျလိတွင် ဒေသခံများက နေထိုင်ခွင့်မပေးသည့် ဒေသဝန်းကျင်တွင် ဂျပ်စတင်ဘီဘာ နေအိမ်တစ်လုံးကို တစ်လလျှင် ကန်ဒေါ်လာ ၅၅၀၀၀ ဖြင့် ငှားရမ်းနေထိုင် - Property News in Myanmar from iMyanmarHouse.com
လော့စ်အိန်ဂျလိတွင် ဒေသခံများက နေထိုင်ခွင့်မပေးသည့် ဒေသဝန်းကျင်တွင် ဂျပ်စတင်ဘီဘာ နေအိမ်တစ်လုံးကို တစ်လလျှင် ကန်ဒေါ်လာ ၅၅၀၀၀ ဖြင့် ငှားရမ်းနေထိုင် - Property News in Myanmar from iMyanmarHouse.com
လော့စ်အိန်ဂျလိတွင် ဒေသခံများက နေထိုင်ခွင့်မပေးသည့် ဒေသဝန်းကျင်တွင် ဂျပ်စတင်ဘီဘာ နေအိမ်တစ်လုံးကို တစ်လလျှင် ကန်ဒေါ်လာ ၅၅၀၀၀ ဖြင့် ငှားရမ်းနေထိုင် - Property News in Myanmar from iMyanmarHouse.com
လော့စ်အိန်ဂျလိတွင် ဒေသခံများက နေထိုင်ခွင့်မပေးသည့် ဒေသဝန်းကျင်တွင် ဂျပ်စတင်ဘီဘာ နေအိမ်တစ်လုံးကို တစ်လလျှင် ကန်ဒေါ်လာ ၅၅၀၀၀ ဖြင့် ငှားရမ်းနေထိုင် - Property News in Myanmar from iMyanmarHouse.com
လော့စ်အိန်ဂျလိတွင် ဒေသခံများက နေထိုင်ခွင့်မပေးသည့် ဒေသဝန်းကျင်တွင် ဂျပ်စတင်ဘီဘာ နေအိမ်တစ်လုံးကို တစ်လလျှင် ကန်ဒေါ်လာ ၅၅၀၀၀ ဖြင့် ငှားရမ်းနေထိုင် - Property News in Myanmar from iMyanmarHouse.com
လော့စ်အိန်ဂျလိတွင် ဒေသခံများက နေထိုင်ခွင့်မပေးသည့် ဒေသဝန်းကျင်တွင် ဂျပ်စတင်ဘီဘာ နေအိမ်တစ်လုံးကို တစ်လလျှင် ကန်ဒေါ်လာ ၅၅၀၀၀ ဖြင့် ငှားရမ်းနေထိုင် - Property News in Myanmar from iMyanmarHouse.com
လော့စ်အိန်ဂျလိတွင် ဒေသခံများက နေထိုင်ခွင့်မပေးသည့် ဒေသဝန်းကျင်တွင် ဂျပ်စတင်ဘီဘာ နေအိမ်တစ်လုံးကို တစ်လလျှင် ကန်ဒေါ်လာ ၅၅၀၀၀ ဖြင့် ငှားရမ်းနေထိုင် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

Shwe Moe Kaung
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service